သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, July 25, 2013

မလေးရှားမယ်ကမ္ဘာ ပြိုင်ပွဲတွင် မူဆလင် အမျိုးသမီးများ တားမြစ်ခံရ

အစ္စလာမ်ဘာသာဝင် အမျိုးသမီး များ အလှမယ်ပြိုင်ပွဲဝင်ခြင်းမှာ အပြစ် (ဟာရမ်)ဖြစ်သည်ဟု ဖက်ဒရယ် ဒေသန္တရဘာသာရေး ဆရာဝမ် ဇဟီဒီဝမ်က အွ...န်လိုင်းမှ ဝေဖန်မှုကြောင့် ဖိုင်နယ်အ ဆင့် မလေးရှားအလှ မယ် လေးဦးပြိုင် ပွဲမှ ထုတ်ပယ်ခံရကြောင်း The Star သတင်းစာမှ သိရသည်။

ထုတ်ပယ်ခံရသော ပြိုင်ပွဲဝင် လေးဦးမှာဆာယာအာမယ်လီယာ ဘား နဒ်ဝါဖာ ယောဘန်နာဒီကော့၊ မီရာရှိခ် နှင့် ကက်သရီနာ ရဒ်ဇွမ်တို့ဖြစ်ကြပြီး ထိုသီးသန့်တားမြစ်ချက်အား စာရွက် စာတမ်း မိတ္တူအနေဖြင့် ရရှိခြင်း မဟုတ်သော်လည်း ဘာသာရေးကို လေးစားသောကြောင့် ယင်းသို့ ထုတ် ပယ်လိုက်ရကြောင်းကို ပွဲစီစဉ် ကျင်းပ သူ အန်နာလင်းက ဆက်လက်ပြောကြားခဲ့သည်။

အင်ဒိုနီးရှားကဲ့သို့ အစ္စလာမ်နိုင်ငံ မျိုးတွင်ပင် မယ်ကမ္ဘာပြိုင်ပွဲ ကျင်းပနိုင် လျှင် မလေးရှားနိုင်ငံတွင် မကျင်းပ နိုင်ရသည့်အကြောင်းအရင်းကိုသိချင်၍ ဘာသာရေး ဆရာဝမ်ဇဟီဒီကို တွေ့ဆုံ ဆွေးနွေးရန် ကြိုးစားခဲ့သည်
ကိုလည်း သူမက ဖြည့်စွက်ပြောကြားသည်။

၂ဝ၁ဝ ပြည့်နှစ်က အမေရိကတွင် မယ်ကမ္ဘာဘွဲ့ရခဲ့သူ ရီမာဖကီးသည် ပထမဆုံးမူဆလင်မယ်ကမ္ဘာ တစ်ဦး ဖြစ်ပြီး ၂ဝဝ၆ ခုနှစ် အင်္ဂလန်မယ် ဟမ်မာသာ ကိုဟီစတန်နီသည်လည်း အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ် သည်။အလှမယ်ပြိုင်ပွဲဝင်ခြင်းသည် Sexy အဝတ်အစားများဝတ်ပြရန် ဝင်ရောက်ခြင်းမဟုတ်ဘဲ ပညာတတ် အမျိုးသမီးတစ်ဦး၏ ပရဟိတ အလှူဒါနနှင့် လူ့ အရည်အသွေးကို ပြသရန်အတွက်ဖြစ်သည်ဟု ထုတ်ပယ်ခံ ရသူ ဘားနဒ်က ပြောကြားခဲ့သည်။

မလေးရှားမယ်ကမ္ဘာပြိုင်ပွဲ တစ်ခု လုံးတွင် ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်ခွင့် မပြုဘဲ မလေးအမျိုးသမီးအားလုံး အားကစားဝတ်စုံသာ ဝတ်ရမည့် စည်းကမ်းသည်ရှိပြီးသားဖြစ်သည်။ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို အလွန် အကျွံ ဖော်ချွတ်ရမည့်အခြေအနေမျိုးမဖြစ်အောင် အဆင့်တိုင်းတွင် စီစဉ်ထားပြီးဖြစ်ကြောင်းကိုလည်း ပွဲမှ ထုတ်ပယ်ခံရသူ ဝါဖာက ပြောကြားသည်။

မူဆလင်အမျိုးသမီးများ မဖွယ် မရာဝတ်စားဆင်ယင်မှုကို တားမြစ် သည့် ဖာတဝါတားမြစ်ချက်၏ ဤပြိုင် ပွဲမျိုးအပေါ် သက်ရောက်မှုကို စိုးရိမ် သည်ဟု အစ္စလာမ်ညီအစ်မများ Sisters in Islam အဖွဲ့က ထုတ်ဖော် ပြောကြားခဲ့သည်။

၁၉၉၆ ခုနှစ်ကတည်းက ထုတ် ပြန်ထားသည့် ယင်းတားမြစ်ချက်ကို မလေးရှားအလှမယ်ပြိုင်ပွဲ စီစဉ်ကျင်းပ သူများ မသိရခြင်းအကြောင်း ရင်း မေးခွန်းထုတ်ပြီး ရာမဒန် ဥပုသ်လတွင် ပို၍ သတိထားသင့်ကြောင်းကို ပန်ဂျာရန်း ခရိုင် အမျိုးသမီး ပါလီမန် အမတ် အဇာလီနာအော့သ်မန် က ပြောခဲ့သည်။

Popular Myanmar News Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D