ကချင်ပြည်နယ် ၊ ၀ိုင်းမော်မြို့နယ် ၊ ၀ါရှောင်ကျေးရွာ ၊ ဘားကျွင့် တံတားအနီးတွင် ဆဒုံး မှ ၀ိုင်းမော် သို့ အမျိုးသား တစ်ဦးမောင်းနှင်၍ အမျိုးသမီး တစ်ဦး နောက်ထိုင် လိုက်ပါလာသည့် ဆိုင်ကယ်တစ်စီး အား တားဆီးရာ ရပ်တန့်ခြင်း မပြုဘဲ မောင်းနှင် ထွက်ပြေးသဖြင့် တာဝန်ရှိ သူများက နောက်မှ လိုက်လံ တားဆီးရာ ၀ါရှောင်ကျေးရွာ အ၀င်၌ တားဆီးနိုင်ခဲ့ပြီး မောင်နှင်သူမှာ ဘောမ်ယိန်း နှင့် နောက်မှ
ထိုင်သူမှာ ဇနီးဖြစ်သူ ဒေါ်ထန်လွေ တို့ဖြစ်ပြီး ၄င်းတို့အား ဆက်လက် စစ်ဆေး ရှာဖွေရာ ဒေါ်ထန်လွေ လွယ်ထားသည့် ကြိမ်ခြင်း ပလိုင်းအတွင်းမှ အဖြူ/ ပြာ ကွက်စိတ်ရှပ် အင်္ကျီဖြင့် ထုတ်လျှက် အ၀ါရောက် တိတ်ဖြင့် ပတ်ထားသော ဘိန်းမဲ အလေးချိန် ၃၅၆ ဒသမ ၃၅ ဂရမ်ပါ တစ်ထုတ် ၊ အလေးချိန် ၃၃၂ ဒသမ ၅၄ ဂရမ်ပါ တစ်ထုတ် ၊ အလေးချိန် ၆၅၉ ဒသမ ၆၂ ဂရမ်ပါ တစ်ထုတ် နှင့် ဆိုင်ကယ် တူးဘောက်အတွင်း အ၀ါရောက် တိတ်ဖြင့် ပတ်လျှက် ဘိန်းမဲ အလေးချိန် ၇၄၃ ဒသမ ၁ ဂရမ်ပါ တစ်ထုတ် ၊ အလေးချိန် ၄၈၆ ဒသမ ၄ ဂရမ်ပါ တစ်ထုတ် ၊ စုစုပေါင်း ဘိန်းမဲ အလေးချိန် ၂ ဒသမ ၅၇၈ ကီလိုဂရမ် ၊ ကာလတန်ဖိုး ငွေကျပ် ၃၈၆၇၀၀၀ အား ရှာဖွေ သိမ်းဆည်း ရမိခဲ့သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် မူးယစ်ဆေးဝါး များ သယ်ဆောင် လာသည့် ဘောမ်ယိန်း ၄၁ နှစ် (ဘ) ဦးချန်ဘောမ် နှင့် ဒေါ်ထန်လွေ ၄၅ နှစ် (ဘ) ဦးတန့်ထန် ( ဆဒုံးမြို့နယ်ခွဲ နေသူ ) ၂ ဦးအား ၀ိုင်းမော် ရဲစခန်း မှ မယ(ပ) ၁၉၆/၂၀၁၃ ၊ မူးစိတ် ပုဒ်မ ၁၄/၁၉ (က) /၂၁ အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။
MWD


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...