သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, July 24, 2013

နစက အား ဖျက်သိမ်း ပြီးနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် လုံခြုံရေး အတွက် ရဲတပ်ဖွဲ့၊ ရဲတပ်ရင်းနှင့် နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့များမှ ဆက်လက် တာဝန်ယူ


nks-july24

မောင်တောမြို့နယ်၏ လုံခြုံရေးအား ဆက်လက်တာဝန်ယူနေသည့် တပ်မတော်နှင့် ရဲတပ်ဖွဲ့အား လုံခြုံရေးစခန်း တစ်ခုတွင် တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမောင်)
နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် (နစက)ကို ဇူလိုင် ၁၂ ရက်က ဖျက်သိမ်းလိုက်ပြီးနောက် နစက၏ တာဝန် များကို ရဲတပ်ရင်းမှ အစားထိုးဝင်ရောက်နေပြီး နစကနယ်မြေများနှင့်
စစ်ဆေးရေးဂိတ်များတွင် ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်များ အစားထိုး တာဝန်ထမ်းဆောင် နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
"နစကကို ဖျက်သိမ်းလိုက်တဲ့အတွက် တချို့က အလွဲအယူတွေ မှားကောက်နေတာ ရှိပါတယ်။ နယ်မြေလုံခြုံရေး မကျိုးပေါက်အောင် ဌာနဆိုင်ရာတွေ၊ ရဲတပ်ဖွဲ့၊ ရဲတပ်ရင်းနဲ့ နယ်မြေခံလုံခြုံရေး တပ်ဖွဲ့တွေက ကြပ်မတ်ဆောင်ရွက် နေပါတယ်" ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်စန်းက ပြောကြားသည်။

"နစက ဖျက်သိမ်းပြီလို့ ရုတ်တရက် ကြေညာလိုက်တော့ စိတ်ထဲတစ်မျိုး စိုးရိမ်သွားသေးတယ်။ ဒါပေမဲ့ အခုကတော့ ရဲတပ်ဖွဲ့တွေ၊ လုံထိန်းတပ်ဖွဲ့တွေက နစက တာဝန်ယူခဲ့တဲ့ နယ်စပ်စခန်းတွေမှာ အားလုံး တာဝန်ယူလိုက်ပြီ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အပတ်က လည်း ကားကြီးတွေ နဲ့ ရဲတပ်ရင်း တပ်ဖွဲ့ဝင်တွေ ငါးစီး၊ ခြောက်စီး ၀င်လာတာ တွေ့ရပါတယ်။ သုံးမိုင်ဂိတ်တို့၊ ဆိပ်ကမ်းတို့မှာလည်း လ၀ကနဲ့ ရဲတွေက ဆက်လက်ပြီး လူဝင်လူထွက်တွေကို စစ်ဆေးနေတာ တွေ့နေရပါပြီ" ဟု မောင်တောမြို့ခံ တစ်ဦး က ပြောကြား သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် နယ်မြေ ၁၁ ခု၊ စခန်း ၃၂ ခုတို့ရှိပြီး အဆိုပါ ကင်းစခန်း များတွင် ရဲတပ်ရင်းမှ ၀င်ရောက် ကာ လုံခြုံရေးတာဝန်များအား နေ့ညမပြတ် ဆောင်ရွက်နေပြီဟုလည်း ရဲတပ်ရင်းမှ လုံခြုံရေး အရာရှိတစ်ဦး က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D