၆၆ နှစ်မြောက် အာဇာနည်နေ့တွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-၀င်းမြင့်ကျော်)
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ခေတ်မီလက်နက် ပစ္စည်းများ၊ စစ်ဆေးရေး ကိရိယာများနှင့် မိုင်းရှင်းလင်းရေးတွင် အသုံးပြုသည့် စက်ပစ္စည်းများကိုဝယ်ယူရန် နိုင်ငံတကာသို့တင်ဒါခေါ်ယူသွားရန် စီစဉ်နေကြောင်း မြန် မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ သိရသည်။
ယင်းကဲ့သို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို နိုင်ငံတကာနှင့်အညီ ခေတ်မီရန်အတွက် လိုအပ်နေသည့် စက်ပစ္စည်း များ ၀ယ်ယူရန် ဘတ်ဂျက်ရရှိနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
အဆိုပါပစ္စည်းများ ၀ယ်ယူရန်အတွက် မကြာမီတွင် နိုင်ငံတကာသို့ တင်ဒါစနစ်ဖြင့် ခေါ်ယူကာ ၀ယ်ယူသွား မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် လိုအပ်မှုများကို ဖြည့်ဆည်းရန်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က "မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ အသုံးပြုဖို့ အတွက် ခေတ်မီစက်ပစ္စည်းတွေဖြစ်တဲ့ မိုင်းရှင်းလင်းရေး နည်းပညာမြင့် စက်ပစ္စည်းတွေ၊ အနီအောက်ရောင်ခြည် (X-Ray)စတဲ့ ခေတ်မီစက်ပစ္စည်းတွေကို ၀ယ်ယူဖို့အတွက် ဘတ်ဂျက်ရရှိပါပြီ။ ဒါကြောင့် နိုင်ငံတကာကို တင်ဒါခေါ်ယူပြီးတော့ စည်းကမ်းချက်တွေနဲ့ ညီတဲ့ နိုင်ငံတွေက ခေတ်မီ ပစ္စည်းတွေကို မကြာမီမှာ ၀ယ်ယူသွားပါမယ်" ဟု ဇူလိုင် ၂၃ ရက်တွင် ပြောကြားသည်။
ပြီးခဲ့သည့် ဧပြီလအတွင်း နေပြည်တော် အပါအ၀င် တိုင်းဒေသကြီး/ပြည်နယ်များတွင် လူသတ်မှု ၁၂၈ မှုနှင့် မုဒိမ်းမှု ၇၁ မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Eleven Media Group


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...