သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Saturday, July 27, 2013

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ဘေလီတံတား ခုနစ်စင်း ပေးအပ်မည်

အိန္ဒိယနိုင်ငံ The headquarters of Red Shield Division, Leimakhong တွင် ကျင်းပသော နှစ်နိုင်ငံ နယ်စပ်ရေးရာ ကော်မတီ အစည်းအဝေးတွင် အိန္ဒိယနိုင်ငံမှ ဒုတိယဗိုလ်ချုပ်ကြီး Arun Kumar Sahni က အနောက်မြောက်တိုင်းစစ်ဌာနချုပ်စစ်တိုင်းမှူး ဗိုလ်ချုပ်စိုးလွင်အား ဘေလီတံတား ၇ စင်းပေးအပ်ခဲ့ ကြောင်း အိန္ဒိယနိုင်ငံမှ သတင်းဌာန တစ်ခု၏ ဖော်ပြချက်အရ သိရသည်။


''အိန္ဒိယနိုင်ငံက ဖောက်လုပ်ပေးတဲ့ လမ်းက တမူးမြို့ကနေ ကလေးမြို့အထိ တော့လမ်းတွေက ကောင်းပါ တယ်။ အဓိက မကောင်းတာက တံတားတွေပါ။ ကလေးမြို့နဲ့ ကလေးဝလမ်းမှာတော့ လမ်းပိုင်းအချို့ သိပ်မကောင်းသေးဘူး။ အရင်ကထက် တိုးတက်လာတယ် ဆိုပေမယ့်နိုင်ငံတကာ အာရှပတ်လမ်း အစိတ် အပိုင်းဝင်၊ အာဆီယံပတ်လမ်းအစိတ်အပိုင်းဝင်ဆိုပြီး နိုင်ငံတကာအဆင့်နဲ့တိုင်းတာမယ်ဆိုရင်တော့ လိုအပ် ချက်တွေ ရှိနေပါသေးတယ်။ အိန္ဒိယနိုင်ငံ အနေနဲ့ကလည်း တိုင်းပြည်ရဲ့ ကုန်းတွင်းပိတ် အရှေ့မြောက် ဒေသရဲ့ ထွက်ပေါက်က မြန်မာနိုင်ငံပါ။ မြန်မာနိုင်ငံရဲ့လမ်းတွေ ကောင်းမွန်မှ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက် ဒေသဟာ နိုင်ငံတကာနဲ့ ဆက်သွယ်ရတာ အဆင်ပြေမယ်။ ဒါကြောင့် အရှေ့မျှော်ဝါဒဆိုပြီး လုပ်နေတာပါ'' ဟု အိန္ဒိယ-မြန်မာ နယ်စပ်အရေးကို လေ့လာသူ တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး လမ်းမကြီးဟု လူသိများသော တမူး-ကလေး-ကလေးဝ လမ်းပေါ်တွင် တည် ရှိသော တံတား ၇၁ စင်းကို ကွန်ကရစ် တံတားများအဖြစ် အိန္ဒိယနိုင်ငံ BRTF အဖွဲ့မှ ပြုပြင်မှု လုပ်ငန်းများ အား တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်ပြီး မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းအား၂၀၁၆-ခုနှစ်မတိုင်မီ အဝေးပြေးလမ်းမကြီး အဆင့်သို့ တိုးမြှင့်ဆောင်ရွက်သွားမည်ဟု အိန္ဒိယသမ္မတနိုင်ငံ ၀န်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ထုတ်ပြန်သည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကြေညာချက် အရ သိရသည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D