ဒေါ်အောင်ဆန်းစုကြည်သည် လူထု သို့မဟုတ်၊ ဧည့်သည်များဖြင့် တွေ့ဆုံချိန်များတွင် စိတ်ကို လန်းစန်းစေသည့် ဆေးဝါးအချို့ကို သုံးလေ့ရှိသဖြင့် အဆိုပါအချိန်များတွင် အသက်အရွယ် နှင့်အလျှော်မကန်စွာ ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရွသွက်လက်နေလေ့ရှိသည်ကို လူအများက သတိထားမိသော်လည်း အနောက်မှလာသော ဆေးများ၏ လက္ခာမပြမှုကြောင့် လည်းကောင်း၊ ဒေါက်တာတင်မျိုးဝင်းမှလွဲ၍ မည်သူမျှ ဒေါ်အောင်ဆန်းစုကြည်ကို ကိုင်ခွင့်မရှိခြင်းကြောင်း လည်းကောင်း သက်သေပြရန်ခက်ခဲလျှက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာတင်မျိုးဝင်းမှာ အစ္စလမ်ဘာသာဝင်များကို အထူးအလေးပေး ကုသပေးလျှက်ရှိသူဖြစ်ပြီး မွတ်ဆလင်များ၏ ထောက်ပံ့မှုကြောင့် ကြွယ်ဝချမ်းသာလျှက်ရှိသူတစ်ဦးဖြစ်ကြောင်း အထက်ပါ အစ္စလမ်းဘာသာဝင်တစ်ဦးမှ ဆက်လက်ပြောကြားခဲ့သည်။
တန်ဖိုးကြီးဆေးဝါးများကို ဆက်တိုက်သုံးစွဲနေရသဖြင့် NLD ပါတီမှာ ဘက်ဂျက်ထိခိုက်လျှက်ရှိသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးမှာလည်း နေ့အချိန်တွင် ဆေးရှိန်ကြောင့် ကောင်းမွန်သော်လည်း ညအချိန်များတွင် ဆေးဒဏ်ကြောင့် ဒူးနာခြင်း၊ ဗိုက်နာခြင်း၊ သွေးပေါင်ကျခြင်း၊ စသည့် ဝေဒနာများကို ပြင်းထန်စွာ ခံစားနေရလေ့ရှိကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အလွန်ကောင်းမွန်ကြောင်း၊ စိုးရိမ်စရာမရှိကြောင်း၊ ၁၀ နှစ်အာမခံနိုင်ကြောင်း NLD ပါတီဝင်များ နှင့် မီဒီယာများ လက်ဝါးခြင်းရိုက်ကာ သတင်းလွှင့်ခဲ့သော်လည်း သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည် ၄ ကြိမ်တိုင်တိုင် လူရှေ့သူရှေ့ ကျန်းမာရေး ဆိုးရွားလာသဖြင့် အစီအစဉ်များ ဖျက်သိမ်းရခြင်း၊ ခရီးစဉ်များ ရွှေ့ဆိုင်းရခြင်းများ ရှိခဲ့သည်။ လူထုနှင့် မီဒီယာ များ၏ ကွယ်ရာတွင် အကြိမ်မည်မျှ ကျန်းမာရေးကြောင့် မူးလဲ၊ အော့အန်ခဲ့ရသည်ကိုတော့ NLD မှ ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။
ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် မန္တလေး စည်းရုံးရေးခရီးစဉ်၌ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ ရုတ်တရပ် ဖောက်ပြန် ဆိုးရွားလာခဲ့သဖြင့် ပရိတ်သက်များကို တောင်းပန်ကာ စင်ပေါ်မှ ဆင်းခဲ့ရဖူးသည်။
၂၄ ရက်နေ့က မြိတ်မြို့နယ် အတွင်း ရေကြောင်းခရီးဖြင့် သွားရောက် ချိန်တွင် မူးဝေ အော့အန်ခြင်းနှင့် ဝမ်းလျှော၊ ဝမ်းပျက် ဖြစ်ပွားခဲ့ပြီး နေအိမ်တွင် ဆေးကုသမှုခံယူကာ အနားယူနေရာမှ ယနေ့တွင် ပြန်လည် သက်သာလာခြင်းဖြစ်သည်ဟု NLDမှ ထိုစဉ်က ဝန်ခံပြောကြားခဲ့သည်။ ထို့အပြင် ၂၀၁၂ မတ်လ ၂၇၊ ၂၈ ရက်များတွင် သွားရောက်မည့် မကွေး၊ နတ်မောက် နှင့် တောင်တွင်းကြီး ခရီးစဉ် အားလုံးလည်း ဖြတ်သိမ်းကြောင်း NLD မှ ကြေညာချက် ထုတ်ပြန်ခဲ့ရပြီး ဒီဇင်ဘာမှ ပြန်သွားခဲ့ရဖူးသည်။ ဒေါက်တာတင်မျိုးဝင်း၏ ပြောကြားချက်အား http://www.burmavjmedia.net/?p=9453 တွင် ဖတ်ရှုနိုင်သည်။
လက်တလောအားဖြင့် ဒေါ်အောင်ဆန်းစုကြည်မှာ သွေးပေါင်ချိန်များ အဆမတန်ကျဆင်းနေကြောင်း သိရပြီး ယခင်ကလည်း ဖြစ်ခဲ့ဘူးကြောင်း သတင်းများကို http://arrka-smaile.blogspot.com/2009/09/blog-post_28.html တွင် ဖတ်ရှုနိုင်သည်။
ဒါ့အပြင် ကုလသမ္မဂ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ နှင့် ကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ထိလာရောက်ခဲ့စဉ်ကလည်း ကျန်းမာရေး မကောင်းဟု ဆိုကာ ထွက်မတွေ့ပဲနေခဲ့ဖူးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းသည့်အတွက် အိပ်ရာထဲ လဲနေကြောင်း ဂျပန် နစ်ခေး (Nikkei) သတင်းတွင် ဖော်ပြခဲ့ဖူးသည်။
ဒေါ်အောင်ဆန်းစုကြည်တွင်ည အိပ်နေစဉ် ကြွက်တက်သည့် ရောဂါ လည်းရှိပြီး ကြွက်တက်တိုင်း လမ်းထလျှောက်ရသဖြင့် အိပ်ရေးပျက်ရလေ့ရှိကြောင်းကိုလည်းhttp://www.mizzimaburmese.com/news/breaking-newsbrief/2932-2009-05-12-05-04-04.html နှင့် http://burmese.voanews.com/content/a-27-2009-05-29-voa3-93553664/1239165.htmlတွင် ဖတ်ရှုနိုင်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရေဓတ်ခမ်းခြောက်သည့် ရောဂါ နှင့် အစာအိမ်ရောဂါ ရှိပြီး နှလုံးအခြေ အနေစိုးရိမ် ရသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသခဲ့ရကြောင်း ကို http://bcjpvideonetwork6.blogspot.com/2010/04/blog-post_11.html တွင် ဖတ်ရှုနိုင်သည်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၈၈ မျိုးဆက်များသာမက အခြား ထောင်ထွက်အ များအပြား သည် ထောင်ကျစဉ်က ၉၆ ပါးရောဂါ အမျိုးမျိုးဖြစ်ကာ စိုးရိမ်ရကြောင်း နေ့သေမလို၊ ညသေမလို သတင်းအမျိုးမျိုး ထွက်ခဲ့ကြသော်လည်း ယခု ထောင်က လွတ်မြောက်ချိန် များတွင် အဆိုပါ ဝေဒနာသည်များမှာ ကျန်းမာရေးအထူးကောင်း သူများ၊ အာမခံနိုင်အောင် ဒေါင်ဒေါင်မည်သူများ ရုတ်တ ရပ်ပြောင်းလဲသွားသဖြင့် နိုင်ငံရေး အကျဉ်းသားဆိုသူများ နှင့် မီဒီယာများကို လူအများက စိတ်ပျက်လျှက်ရှိကြောင်း သိရသည်။
From:MEG
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...