ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်၊ ကတုတ်ဘုရားကြီး ကျေးရွာတွင် ဇူလိုင်လ ၂၂ရက် နံနက် ၁၀နာရီ မိနစ် ၃၀ခန့်က အသက် ၉ နှစ် အရွယ် မိန်းကလေးငယ် ဈေးဝယ်ပြီး အပြန်တွင် အမျိုးသား တစ်ဦးက အဓမ္မ ပြုကျင့် ခဲ့ရာ ညနေ့ ၃ နာရီခွဲတွင် ယင်းသို့ ပြုလုပ်သည်ဟု စွပ်စွဲခံရသူကို ဖမ်းမိ ခဲ့ကြောင်း အဆိုပါ ကျေးရွာတွင် နေထိုင်သူများထံမှ သိရှိရသည်။
ကတုတ်ဘုရားကြီး ကျေးရွာရှိ ဘကြီးဖြစ်သူထံ အလည်လာသည့် စတုတ္ထ တန်း ကျောင်းသူ တစ်ဦးသည် အဘွား ဖြစ်သူက ဈေးဝယ်ခိုင်းရာ သုံးဖာလုံ ခန့် ဝေးသည့် ငါးဧက ဘက်စုံ စိုက်ပျိုးမွေးမြူရေးခြံ အနီးရှိ ဈေးဆိုင်မှ မုန့်နှင့် ဆေးလိပ် ဝယ်ယူပြီး အပြန်တွင်
လက်ခုတ်ကွင်း ကျေးရွာနေသူ အသက် ၂၈ နှစ် အရွယ် မင်းသူ (ခ) ကိုသူက အဓမ္မ ပြုကျင့်ကာ ယင်းမိန်းကလေးငယ် ဝတ်ဆင်ထားသည့် နားကပ်ကိုပါ ဖြုတ်ယူ ထွက်ပြေး ခဲ့ကြောင်း ကျေးရွာ နေထိုင်သူ တစ်ဦးက ရှင်းပြသည်။
ယင်းကဲ့သို့ အဓမ္မပြုခံရသူ မိန်းကလေးငယ်က ဘကြီးထံ ပြန်လာပြီး ငိုယိုကာ တိုင်ကြားသဖြင့် ၎င်း၏ ဘကြီးက ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့ကြောင်း၊ ကျေးရွာမှ တာဝန် ရှိသူများနှင့် ရပ်မိရပ်ဖများက ကလေးအပေါ် ကျူးလွန်ခဲ့သူဟု သံသယရှိသူကို ရှာဖွေရာ
၎င်း၏နေအိမ် တွင် မတွေ့ဘဲ တောင်ဘုရားကြီးရွာတွင် ဖမ်းမိခဲ့ကြောင်း လိုက်လံ ရှာဖွေသူ များထဲတွင် ပါဝင်သူ၊ ကတုတ် ဘုရားကြီးရွာမှ ဦးတင့်နိုင်က ပြောကြားသည်။
“သူ့ (ဦးမင်းသူ (ခ) ကိုသူ) ကို အိမ်မှာ မတွေ့ဘူး၊ အမျိုးသမီး တစ်ယောက် က ကားပေါ်မှာတွေ့တယ်လို့ သတင်းပေးလို့ လိုက်ကြတာ၊ မော်လမြိုင် သွားဖို့ ကား လက်မှတ်တောင် ဝယ်ထားပြီးပြီ” ဟု ၎င်းက ဆိုသည်။
အဆိုပါ အဓမ္မမှုနှင့် ပတ်သက်၍ မင်းသူ (ခ) ကိုသူကို (ပ) ၁၇၄/၂၀၁၃၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထား ကြောင်း ဖောင်တော်သီ ရဲစခန်းထံမှ သိရသည်။
From: The Voice Weekly News


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...