ရုပ်ရှင်နှင့် ပြဇာတ်မေဂျာ၏ (၁၆) ကြိမ်မြောက် ကျောင်းဆင်းပွဲတွင် ကပြခဲ့သော ပြဇာတ်အခွေတစ်ထောင်ကို ရွှေတိဂုံဘုရား အနောက်ဘက်မုခ်တွင် ဇူလိုင် ၂၂ ရက်နေ့ နံနက် ၆ နာရီမှ ၉နာရီ အထိ တစ်ခွေလျှင် ကျပ် ၁၅၀၀ ဖြင့် ရောင်းချခဲ့ပြီး ရောင်းရငွေ၏ ၃၀ ရာခိုင်နှုန်းကို ရွှေတိဂုံဘုရား၏ဘက်စုံအသုံးစရိတ်အတွက် လှူဒါန်းခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ဆရာ၊ ဆရာမများက အမျိုးသားကဇာတ်ရုံတွင် ရိုက်ကူးကာ တည်းဖြတ်ထားသည့် ပြဇာတ်ကို ယခင်နှစ်က ကျင်းပသော ရွှေတိဂုံဘုရားနှစ် ၂၆၀၀ ပြည့်ပွဲတော်တွင် သွား ရောက်ပြီး ကပြခဲ့ဖူးကြောင်း ပြဇာတ်ရိုက်ကူးရာတွင် ပါဝင်ခဲ့သူ ကင်မရာဆရာ ဦးသိန်းကျော် က ပြောကြား
သည်။
“ဆရာတို့က အခွေကို မနက်နဲ့ညဆိုပြီး ခွဲရောင်းမယ်ပေါ့၊ ဒါပေမဲ့ မနက်ပိုင်းမှာပဲ အခွေတွေ အားလုံးကုန် သွားတယ်” ဟု ရုပ်ရှင်နှင့် ပြဇာတ်ဌာနမှ ဆရာဖြစ်သူ ၎င်းက ဆိုသည်။
အခွေရောင်းချပွဲတွင် အနုပညာရှင်များ ဖြစ်ကြသည့် ခင်လှိုင်၊ ပွင့်၊ အိချောပို၊ ဖိုးသောကြာ၊ ရိုတ၊ မိုးယံဇွန်တို့ ပါဝင် ရောင်းချပေးခဲ့ကြောင်း ဦးသိန်းကျော် က ပြောကြားသည်။
The Voice Weekly
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...