သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, July 25, 2013

အဆုတ်ကင်ဆာကို ကာကွယ်နိုင်သည့် အစားအစာများ

 အဆုတ်ကင်ဆာကို ကာကွယ်နိုင်သည့် အစားအစာများမကြာသေးမီ ကာလအတွင်း အဆုတ်ကင်ဆာ ဖြစ်နှုန်းဟာ မြင့်တက်လာပါတယ်။ အထူးသဖြင့် အမျိုးသားတွေနဲ့နှိုင်းယှဉ်ရင် အဆုတ် အရွယ်အစားသေးငယ်တဲ့ အမျိုးသမီးတွေမှာ အဖြစ်များလာပါတယ်။ ဒါပေမဲ့ အဆုတ်ကင်ဆာကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ဆေးလိပ်သောက်သူဖြစ်နေရင်တောင် ကာကွယ်
နိုင်ပါသတဲ့။ အောက်ပါ နည်းလမ်းတွေဟာ အဆုတ်ကျန်းမာရေးကို ကောင်းမွန်စေနိုင်ပြီး ကင်ဆာဖြစ်နိုင်ခြေကို ၆၇ ရာခိုင်နှုန်းကျော်အထိ လျှော့ချနိုင်ပါတယ်။

ခရင်မ်ဘယ်ရီဖျော်ရည်သောက်ပါ

ခရင်မ်ဘယ်ရီသီးမှာ ပါဝင်တဲ့ Proanthocyonidins ခေါ်ဓာတ်တိုးဆန့်ကျင် ပစ္စည်းဟာ ကင်ဆာလို့ သံသယဖြစ်စေတဲ့ အဆုတ်ဆဲလ်တွေ ပွားများမှုကို ပိတ်ပင်ပေးပါတယ်။ လက်တစ်ဆုပ်စာ ဘယ်ရီသီး အခြောက် ဒါမှမဟုတ် ခရင်မ် ဘယ် ရီဖျော်ရည်ကို နေ့စဉ်သောက်ပါ။

တစ်သျှူးအနာကျက်အောင် ဗီတာမင်အီး စားပါ

ကွေကာ၊ ဒိန်ချဉ်နဲ့ Pecans တွေမှာ အနာကျက်စေနိုင်တဲ့ Gamma- toco-pherol တွေ များစွာ ပါဝင် ပါတယ်။ ဒီ ဗီတာမင်အီး ဒြပ်ပေါင်းဟာ ပျက်စီးနေ တဲ့ အဆုတ်တစ်သျှူးတွေကို ပြန်လည် ပြုပြင်နိုင်ပြီး ကင်ဆာအကြိုဆဲလ်တွေ ကြီးထွားမှုကို ပိတ်ပင်နိုင်တဲ့ အတွက် အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို ၅၀ ရာခိုင် နှုန်းအထိ လျှော့ချနိုင်တယ်လို့ Texas တက္ကသိုလ်မှ သုတေသီတွေက ဆိုပါ တယ်။ နေ့စဉ် နှစ်အောင်စမှီ ဝဲပါ။

ကဖင်းမပါဝင်သော ကော်ဖီသောက်ပါ

သင်ဟာ ဆေးလိပ်သောက်သူဖြစ် နေရင် ဒါမှမဟုတ် တစ်ဆင့်ခံဆေးလိပ် တွေကို ပုံမှန်ရှူနေရသူ ဖြစ်နေရင် သင် သောက်နေကျကော်ဖီနှစ်ခွက်ကို ကဖင်းမပါဝင်တဲ့ ကော်ဖီနဲ့ အစားထိုးပြီး သောက်ပါ။ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၆ ရာခိုင်နှုန်းအထိ လျော့ကျနိုင်တယ်လို့ Buffalo ကင်ဆာဆေးတက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ ကော်ဖီမှာ များစွာပါဝင်တဲ့ ဖလေဗိုးနွိုက်တွေက ဆေး လိပ်ငွေ့မှာ ပါဝင်တဲ့ ကင်ဆာဖြစ်စေနိုင် တဲ့ပစ္စည်း (Carcinogen) တွေကို ခွဲနိုင် ပေမယ့် ကဖင်းက ဒီဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေရဲ့ လုပ်နိုင်စွမ်း စွမ်းရည်ကို လျှော့ချထားလို့ပါ။

အနီရောင်ဂရိတ်ဖရုသီး စားပါ

အနီရောင် ဂရိတ်ဖရုသီးကို နေ့စဉ်စားသုံးတာကြောင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ၂၈ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ပါတယ်။ ဆေးလိပ်အနည်းငယ်သောက်သူဖြစ်ရင်တောင် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ဂရိတ် ဖရုသီးမှာ များစွာပါဝင်တဲ့ ဗီတာမင် စီနဲ့ လိုင်ကိုပင်းတွေနှစ်မျိုးပေါင်းပြီး အဆုတ် တစ်သျှူးကို လေထု ညစ်ညမ်းမှု ဒဏ် ကြောင့် ပျက်စီးမှု မရှိအောင် ကာကွယ် ထားနိုင်တာကြောင့်ပါလို့ Haward တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ဖရဲသီးနဲ့ ချက်ပြီးသား ခရမ်းချဉ်သီးဟာလည်း တူညီတဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။

ဒေါက်တာခင်မိုးမိုး
GOOD HEALTH

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D