သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, July 26, 2013

ရေကာတာ ကျိုးကျမှုနှင့် မိုးရွာသွန်းမှု များပြားသောကြောင့် ဒေးဒရဲမြို့နယ်ရှိ လယ်ဧက တစ်သိန်းခွဲခန့် ရေနစ်မြုပ်

7.25.4

ဒေးဒရဲမြို့နယ်တွင်းရှိ ရေနစ်မြုပ်လျက်ရှိသော လယ်မြေများအား ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် 
ဧရာဝတီတိုင်း ဒေသကြီး ဒေးဒရဲမြို့နယ်တွင် ပင်လယ်အား ပိတ်ဆို့ထားသော ရေကာတာ ကျိုးကျမှုနှင့် မိုးရွာသွန်းမှု များသောကြောင့် လယ်ဧက တစ်သိန်းခွဲခန့် ဇူလိုင်၂၃ ရက်မှစတင်ကာ ရေနစ်မြုပ်နေကြောင်း ဒေသခံ တောင်သူများ၏ ပြောကြားချက်အရ သိရသည်။

ဒေးဒရဲမြို့မှာ ပင်လယ်ရေနှင့် ထိစပ်လျက် ရှိသောကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် ပင်လယ်ရေ ၀င်ရောက်မှု မရှိစေရန်အတွက် ရေကာတာ လေးခုဖြင့် ပိတ်ဆို့ကာရံထားကြောင်း မြို့နယ်တာဝန်ရှိသူများ၏
ပြောကြားချက်အရ သိရသည်။
သို့သော် ရေကာတာလေးခု အနက်မှ ဖျာပုံမြစ်ပေါက်နှင့် သိဒ္ခိမြစ်ပေါက်တို့အား ပိတ်ဆို့ထားသော ရေကာတာမှာ ယခုနှစ် မိုးဦးပိုင်းတွင် ကျိုးပေါက်ခဲ့ကြောင်း ယင်းရေကာတာ အနီးရှိ ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ပေ ၄၀ နီးပါး ကျိုးကျခဲ့သောကြောင့် တစ်ခါမျှ ရေနစ်မြုပ်မှု မရှိခဲ့ဖူးသော လယ်မြေများမှာ ယခုအခါတွင် နစ်မြုပ်နေပြီ ဖြစ်ကြောင်း ဒေသခံ လယ်သမားများက ဆိုသည်။ ကျိုးပေါက်ခဲ့သော ရေကာတာ အနီးရှိ ကျေးရွာအုပ်စုများ ဖြစ်သော ကန်ဆိပ်၊ ညီနောင်၊ ဂဒါနှင့် သောကြာတို့ရှိ လယ်မြေဧက ၂၀၀၀၀ နီးပါး၏ ရေနစ်မြုပ်မှုမှာ ပိုမိုဆိုးရွားလျက် ရှိကြောင်း သိရှိရသည်။
ဒေးဒရဲမြို့နယ် သောကြာကျေးရွာတွင် လယ် ၁၀ ဧက လုပ်ကိုင်လျက်ရှိသော ကိုမင်းနိုင်က'' ရေကာတာကို လုပ်ထားတာက မြေသားနဲ့ဆိုတော့ ရေကာတာ ပေါက်တာ ပိုဆိုးလာတယ်။ အခုဆို ချောင်ကြီးတစ်ခုလို ဖြစ်နေပါပြီ။ မိုးရွာသွန်းမှုက သည်းတော့ ရွာမှာရှိတဲ့ ဧက ၂၀၀၀ ကျော်လုံး ရေနစ်မြုပ် နေပါပြီ'' ဟု ဆိုသည်။
ဧရာဝတီတိုင်းဒေသကြီး ဘဏ္ဍာနှင့် အခွန်ဝန်ကြီးဌာန၀န်ကြီး ဦးဝင်းကိုကိုက ''ကျွန်တော်တို့ လယ်မြေဧက ရေနစ်မြုပ်တာတွေကို မြို့နယ်ဦးစီးတွေကို ကူညီပေးဖို့ ညွှန်ကြားထားပြီးပါပြီ'' ဟု ဆိုသည်။
လက်ရှိအချိန်ထိ မည်သည့် အကူအညီမျှ မရရှိသေးကြောင်း နောက်ငါးရက်ခန့် ဆက်လက် ရေနစ်မြုပ်နေမည် ဆိုပါက စိုက်ပျိုးထားသော စပါးစိုက်ခင်းများ ပျက်စီးတော့မည် ဖြစ်ကြောင်းလည်း ဒေးဒရဲမြို့နယ်ရှိ လယ်သမားများက ဆိုသည်။
ဒေးဒရဲမြို့နယ် စဥ့်ကူးကျေးရွာတွင် လယ် ၁၀ ဧကကျော် လုပ်ကိုင်လျက်ရှိသော ဦးအေးကြူက ''နဂိုကတည်းက ရေက တက်ချင်နေတာ အခု မိုးသည်းတာနဲ့ဆိုရင် နောက်ငါးရက်လောက်ကျရင် သေဖို့များသွားပါပြီ'' ဟု ဆိုသည်။
ကျိုးပေါက်သွားသော ရေကာတာ၏ အရှည်မှာ ၁၀ မိုင်ခန့်နှင့် အမြင့်ပေမှာ ၁၂ ပေ ရှိကြောင်း ဒေးဒရဲမြို့ နယ်တွင် လယ်မြေ ဧက ၂၀၀၀၀၀ ကျော်ရှိပြီး ဖျာပုံပေါ်ဆန်း(ခ) အချောဆန်အား အဓိက ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

Eleven

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D