သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...
မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""
MOUSE
ကြိုဆိုပါ၏
top up
Related Posts Plugin for WordPress, Blogger...
ရွှေ မြန်မာတို့
အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"
မင်းကျေနက်ဖို့
မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"
Thursday, July 25, 2013
အသက် (၂၁) နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အသတ်ခံရမှု တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွား
killed-july25
အလောင်းတွေ့ရှိသည့် ကွင်းပြင်အား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်၌ အသက် ၂၁ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ၎င်း သန္ဓေသားနှင့်အတူ ပုပ်ပွသေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၃ ရက်က တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်ရှိ ဒီဇင်ဘာအိမ်ရာ မုခ်ဦးအ၀င်လမ်း ၏ အနောက်ဘက်ကွင်းထဲတွင် ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးအလောင်းနှင့် သန္ဓေသား အလောင်းတို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းအလောင်းတို့အား ဒဂုံတောင်မြို့မ ရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေး ရာ သေဆုံး သူမှာ အမှတ် ၂ လမ်း၊ ရွာသာကြီးရပ်ကွက်၊ ဒဂုံအရှေ့မြို့နယ်နေသူ မအေးအေးအောင် ၂၁ နှစ် ဖြစ်ကြောင်း သိရပြီး ၎င်းနှင့်သန္ဓေသား အလောင်းတို့အား သင်္ကန်းကျွန်း စံပြဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးခဲ့ကြောင်း သိရသည်။
အလောင်းအား ရင်ခွဲစစ်ဆေးချက်အရ သေဆုံးသူ မအေးအေးအောင်မှာ လည်ပင်းယာဘက် အရိုက်ခံ ခဲ့ရပြီး လေပြွန်တွင် သွေးတွေ့ရှိကြောင်း၊ အစာပြွန်တွင် ရွှံ့ဝင်နေပြီး သားအိမ်မှာ ပေါက် ထွက်နေကြောင်း၊ အပြင်တွင် တွေ့ရှိခဲ့ရသည့် ၎င်း၏ငါးလအရွယ်ခန့်ရှိ သန္ဓေသားမှာလည်း ဗိုက်ပေါက်နေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ထို့အပြင် သေဆုံးသူသည် အရိုက်ခံရပြီး သတိလစ်နေချိန်တွင် လည်ပင်းအား လုံချည်ဖြင့်ညှစ်၍ သတ် ခဲ့ကြောင်း၊ ဗိုက်မှာအကန်ခံရ၍ သားအိမ်ပေါက်ကာ သန္ဓေသားမှာ အပြင်သို့ထွက်ကျခဲ့ပြီးနောက် ဗိုက်ပေါက်အူထွက်ကာ သေဆုံးရခြင်းဖြစ်ပြီး သေဆုံးသည့်အချိန်မှာ ၄/၅ ရက်ခန့် ရှိပြီဖြစ်နိုင်ဖွယ် ရှိကြောင်း ကျူးလွန် သူများမှာ ၃ ယောက် သို့မဟုတ် ၄ ယောက်ခန့် ရှိနိုင်ကြောင်း မှုခင်းဆရာဝန်ကြီး၏ စစ်ဆေးချက်အရ သိရသည်။
အဆိုပါ သေဆုံးသူ မအေးအေးအောင်မှာ ကိုယ်ဝန် ၅ လခန့် ရှိနေကြောင်းသိရပြီး ဇူလိုင် ၁၉ ရက်ညပိုင်းက ၎င်း၏ရည်းစားဖြစ်သူ ပြည့်ဝအောင်မှ ၎င်းအလုပ်လုပ်နေသည့် အအေးခန်းစက်ရုံသို့ လာရောက်ခေါ်ဆောင် သွားခဲ့ကြောင်း စက်ရုံရှိ သက်သေများ၏ ပြောပြချက်အရ သိရသည်။
တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်ရှိ ဒီဇင်ဘာအိမ်ရာ မုခ်ဦးအ၀င်လမ်း၏ အနောက်ဘက်ကွင်းထဲတွင် ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးအလောင်းနှင့် သန္ဓေသား အလောင်းတို့အား တွေ့ရှိခဲ့ကြောင်း . . . . .
သေဆုံးသူ၏ မိခင်ဖြစ်သူ ဒေါ်မိုးမိုးဝင်းက "ကျွန်မသမီးလေးက အဲ့ဒီနေ့က အလုပ်ဆင်းနေတာပါ။ အလုပ်ပြန်ချိန်မှာလည်း သူ့အဖေကို လာကြိုဖို့ကို ပြောထားတယ်။ သူ့အဖေ သွားကြိုတော့ သူနဲ့မတွေ့ ခဲ့ဘဲ သူ့ရည်းစားနဲ့ လိုက်သွားတယ်လို့ စက်ရုံက အလုပ်သမားတွေက ပြောပါတယ်။ မနက်ကျတော့ သူ့ရည်းစား အလုပ်လုပ်တဲ့ စက်ရုံကိုသွားပြီး မေးပါသေးတယ်။ သူကမသိဘူးလို့ ဖြေ တယ်" ဟု ဇူလိုင် ၂၃ ရက် မွန်းလွဲပိုင်းက ၎င်း၏နေအိမ်တွင် ဆိုသည်။
သေဆုံးသူ၏ မိခင်မှ ဇူလိုင် ၂၀ ရက် နံနက်အစောပိုင်းတွင် ပြည့်ဝအောင်ကို သေဆုံးသူ မအေးအေးအောင်အကြောင်း သွားရောက်မေးမြန်းပြီးနောက် ၎င်းမှာယင်းနေ့နံနက် ၁၀ နာရီခန့်ကပင် ရပ်ကွက်ထဲတွင် မတွေ့ရှိတော့ကြောင်း သိရသည်။
သေဆုံးသူ၏ ဖခင်ဖြစ်သူက ပြည့်ဝအောင်၏ နေအိမ်သို့ သွားရောက်မေးမြန်းခဲ့သည့် ဇူလိုင် ၂၁ ရက်တွင်ပင် ပြည့်ဝအောင်၏ မိသားစုအားလုံးမှာ နေအိမ်တွင် မရှိတော့ဘဲ ဇူလိုင် ၂၄ ရက် ညနေပိုင်း အထိ ပျောက်ဆုံးလျက်ရှိကြောင်းလည်း သိရသည်။
အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသည့် သေဆုံးသူ၏ ရည်းစားဖြစ်သူ ပြည့်ဝအောင် ကို တောင်ဒဂုံ မြို့မ ရဲစခန်းမှ (ပ) ၆၀၂/၁၃ ပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
EMG
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...
တင်ပြီးသား post များ
3D