သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, July 25, 2013

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ညွှန်း စက်တင်ဘာလ အပြီးသတ်မည်

 ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ညွှန်းကို စက်တင်ဘာလအတွင်း အပြီးသတ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ဦးလူမင်းက The Voice သို့ ပြောကြားသည်။

ဗိုလ်ချုပ်ရုပ်ရှင်၏ ဇာတ်ညွှန်းကို အပိုင်းသုံးပိုင်း ခွဲကာ ရေးသားနေပြီး ဒါရိုက်တာများ၊ ဇာတ်ညွှန်းရေး ဆရာများ စုပေါင်း၍
ဇာတ်ကားတစ်ကားစာ အချောသတ်ကို စက်တင်ဘာလ အတွင်း အပြီးသတ် ရေးကြ မည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။"ဇာတ်ညွှန်းက မပြီးသေးတော့ ကျန်တဲ့ အသေးစိတ်လုပ်ငန်းတွေ ဘာမှလုပ်လို့ မရသေးပါဘူး" ဟု ၄င်းက ပြောကြားသည်။

ဇာတ်ညွှန်းတည်းဖြတ်ခြင်း လုပ်ငန်း ပြီးဆုံးသွားပါက ဇာတ်ကား၏ ကုန်ကျငွေ၊ ရှုတင်စရိတ်တို့ကို တွက်ချက်မည်ဖြစ်ပြီး သရုပ်ဆောင် အရေအတွက်နှင့် ဒါရိုက်တာ ရွေးချယ်မှုတို့ကို ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

"ကျွန်တော့်အပိုင်း ကတော့ ပြီးသွားပြီ။ ဒါပေမဲ့ ဇာတ်ကားကို အင်္ဂလိပ် စာတန်းထိုးမှာ ဆိုတော့ ပြန်လည် တည်းဖြတ်ရဦးမှာပါ" ဟု ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ညွှန်း အဖွဲ့တွင် ပါဝင်သူ စာရေးဆရာ ချစ်ဦးညိုက ပြောကြား သည်။

ဗိုလ်ချုပ်ရုပ်ရှင်ကို ဒါရိုက်တာ ကြည်စိုးထွန်း၊ စာရေးဆရာချစ်ဦးညို၊ ဇာတ်ညွှန်းရေးဆရာနှင့် ကဗျာဆရာ   မြမြင့်မိုရ်တို့ က ဇာတ်ညွှန်းရေးသားပြီး သမိုင်းပညာရှင်များ ဖြစ်ကြသော ဦးသော်ကောင်း၊   ဒေါက်တာခင်လှဟန်၊   ဦးမြဝင်း၊ ဒေါ်ခင်နှင်းပွင့်နှင့် ဦးဇော်လင်းတို့က သမိုင်းအချက်အလက်များ မှန်ကန်မှုရှိ မရှိ စစ်ဆေးပေးမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့၌ အနုပညာရှင်များ နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်က ဖွဲ့စည်းခဲ့ပြီး နာယကအဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ဥက္ကဋ္ဌအဖြစ် စာရေးဆရာ ဒါရိုက်တာ မောင်မိုးသူ၊ အတွင်းရေးမှူး အဖြစ် လူရွှင်တော်ဇာဂနာတို့က တာဝန်ယူရန် သဘောတူခဲ့သည်။၊

From:The Voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D