သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, July 26, 2013

မန္တလေးမြို့ရှိ ရတနာပုံခေတ်နှောင်းပိုင်းလက်ရာ သီပေါမင်း၏ကောင်းမှုတော် ရွှေနန်းတော်ကျောင်းအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ် လာရောက်လေ့လာ

မန္တလေးမြို့ရှိ ရတနာပုံခေတ် နှောင်းပိုင်းလက်ရာ သီပေါမင်း၏ ကောင်းမှုတော် ရွှေနန်းတော်ကျောင်းအား မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဒဲရစ်မစ်ချယ်သည် ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းက လာရောက် လေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေကျောင်းတော်အား မူလလက်ရာမပျက် ပြန်လည် ပြုပြင်ရန်အတွက် အမေရိကန်နိုင်ငံမှ Ambassadors Fund for the Cultural Preservation က ယဉ်ကျေးမှု ၀န်ကြီးဌာနနှင့် ပူးပေါင်းပြီး ပြုပြင်ထိန်းသိမ်းမှုများကို နှစ်နှစ်ခန့် အချိန်ယူ လုပ်ဆောင်သွားမည် ဖြစ်သည်။


''အမေရိကန်အစိုးရက ယဉ်ကျေးမှု ၀န်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ရွှေကျောင်းတော်ကြီး ရေရှည်တည်တံ့နိုင် စေဖို့အတွက် နည်းပညာ အကူအညီပေးပြီးတော့ ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်'' ဟု ရှေးဟောင်းသုတေ
သန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန(မန္တလေး)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရွှေကျောင်းတော်ကြီးကို ပြန်လည်ထိန်းသိမ်းမှုများ ပြုလုပ်ရာတွင် အမေရိကန်နိုင်ငံမှ နည်းပညာ အကူအညီ များဖြင့် ရွှေကျောင်းတော်ကြီးမှ သစ်သားစ နမူနာများကို ယူဆောင်ကာ ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်သွား မည်ဖြစ်သည်။ အဆိုပါ ဓာတ်ခွဲစမ်းသပ်ရာတွင် သစ်သား၏ ကြာမြင့်သည့် သက်တမ်းနှင့် နောက်တွင် ရေရှည် တည်တံ့နိုင်သည့် သက်တမ်းကိုပါ ထည့်သွင်းလုပ်ဆောင် သွားမည်ဟုလည်း သိရပါသည်။

ရွှေကျောင်းတော်ကြီးအား ပြုပြင်ထိန်းသိမ်းရေး စီမံချက်တွင် အစားထိုး ပြုပြင်ထိန်းသိမ်းခြင်း၊ ကျန်ရှိနေ သည့် မူလလက်ရာများ ရေရှည်တည်တံ့ နိုင်စေရေး၊မူလလက်ရာမကျန်ရှိသည့် အဆောက်အအုံ၏ လစ်လပ် နေရာများတွင် မူလလက်ရာအတိုင်း ဖြည့်စွက်ထိန်းသိမ်းရန် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြင့် ထိန်းသိမ်းမှုများကို လုပ်ဆောင်သွားမည် ဖြစ်သည်။

eleven media group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D