သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, July 25, 2013

ကချင်အမျိုးသမီး ရေမွန်မက်ဆေးဆေးဆု ရရှိ


ဖိလစ်ပိုင်နိုင်ငံက ပေးအပ်တဲ့ အာရှတိုက်ရဲ့ နိုဘဲလ်ဆုလို့ တင်စားပြောဆိုကြတဲ့ ရေမွန် မက်ဆေးဆေး  ဆုကို ကချင် အမျိုးသမီးတဦးကို ချီးမြှင့်လိုက်ပါတယ်။၂၀၁၃ ခုနှစ်အတွက် ရေမွန်မက်ဆေးဆေးဆုကို ကချင်ဒုက္ခသည်တွေအရေး ဆောင်ရွက်နေသူ လဖိုင်ဆန်းရော်၊ အာဖဂန်က အမျိုးသမီးမြို့တော်ဝန်၊ ဖိလစ်ပိုင်ကတဦးနဲ့ အင်ဒိုနီးရှားနဲ့ နီပေါနိုင်ငံတွေက အဖွဲ့အစည်းနှစ်ခုတို့ကို ရွေးချယ်ခဲ့တာပါ၊

ကချင်အမျိုးသမီး လဖိုင်ဆန်းရော်ရဲ့ ဆောင်ရွက်ချက်တွေဟာ ထိခိုက်ပျက်ယွင်းနေတဲ့ အသိုက်အ၀န်းကို တက်ကြွတဲ့ ခေါင်းဆောင်မှုနဲ့ ပြန်လည် ထူထောင်ခဲ့သလို မြန်မာငြိမ်းချမ်းရေး အနာဂတ် အုတ်မြစ်အတွက် ဒေသခံ လူမှုအဖွဲ့အစည်းတွေကို အားကောင်းစေပြီး အကြမ်းမဖက်ပုံစံနဲ့ ပါဝင်လာအောင် ကြိုးပမ်းအားထုတ်တဲ့အပေါ် အသိအမှတ်ပြု ချီးမြှင်တာလို့ ရေမွန်မက်ဆေးဆေး ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ဆုအဖြစ် အသိအမှတ်ပြုလက်မှတ် ဆုတံဆိပ်ရယ် ဆုကြေးငွေ ပေးအပ်ချီးမြှင့်မှာဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံမှာ ဩဂုတ်လ ၃၁ ရက်နေ့မှာ ချီးမြှင့်မယ်လို့ ဆိုပါတယ်။ရေမွန်မက်ဆေးဆေးဆုရှင် လဖိုင်ဆန်းရော်ကို “မယုံကြည်စရာနိုင်ပေါ့နော်၊ ရင်ထဲမှာလည်းလေ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အားလုံး အတူတကွ အားထုတ်မှုကို အသိအမှတ်ပြုပေးတယ်ဆိုတော့ ၀မ်းသာပါတယ်” လို့  ပြောပါတယ်။

လဖိုင်ဆန်းရော်ဟာ အစိုးရနဲ့ ကချင်အမျိုးသားလွတ် လပ်ရေးတပ်မတော်တို့ ၁၉၉၄ ခုနှစ် အပစ်ခတ်ရပ်စဲကတည်းက ကချင်ပြည်နယ်မှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာပါ။ ဒီလုပ်ငန်းတွေလုပ်ဆောင်ရာမှာ အခက်အခဲတွေ အများအပြားကျော်ဖြတ်ခဲ့ရတယ်လို့ သူက ပြောပါတယ်။ဒီဆုကို ဖိလစ်ပိုင်သမ္မတဟောင်း ရေမွန်မက်ဆေးဆေးကို ဂုဏ်ပြုတဲ့အနေနဲ့ ၁၉၅၇ ခုနှစ်က စတင် ပေးအပ်ခဲ့တာ ဖြစ်ပြီး မြန်မာ့ သတင်းစာဆရာ ဦးလောရုံ၊ ထိုင်း-မြန်မာ နယ်စပ်က ဆရာမ ဒေါက်တာ စင်သီယာမောင်၊ ကရင်အမျိုးသား ကဆောဝါးလည်း ရရှိခဲ့ဖူးပါတယ်။

From:DVB

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D