သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, July 25, 2013

ကျောက်မီးသွေး ထုတ်သည့် ပုဂ္ဂလိက ကုမ္ပဏီများ ဒေသဖွံ့ဖြိုးရေး အတွက်ထောက်ပံ့ မှု အားနည်း


Photo: ကျောက်မီးသွေးထုတ်သည့် ပုဂ္ဂလိကကုမ္ပဏီများ ဒေသဖွံ့ဖြိုးရေး
 အတွက်ထောက်ပံ့မှု အားနည်း
Thursday, July 25, 2013

ကလေးဝမြို့တွင်း ကျောက်မီးသွေး ထုတ်နေသော ပုဂ္ဂလိက ကုမ္ပဏီများ အနေဖြင့် 
ကလေးဝမြို့နယ် ဒေသတွင်း ဖွံ့ဖြိုးရေးအတွက် မြင်သာ ထင်သာသော ထောက်ပံ့မှုများ 
မရှိကြောင်း ကလေး ၀မြို့ မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် 
ဦးကျော်စိုးဝင်းက ပြောသည်။

“ကလေးဝ မြို့နယ်တွင်းမှာ ကျောက်မီးသွေး ထုတ်ယူနေတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ 
၁၅-ခုနှင့် ၂၀-ကြားမှာ ရှိပါတယ်။ဒါပေမယ့် ဒေသဖွံ့ဖြိုးရေး အတွက် 
ထင်သာမြင်သာတဲ့ ကူညီထောက်ပံ့မှု မရှိကြပါဘူး။ တကယ်ဆိုဒေသဖွံ့ဖြိုးရေးမှာ 
လိုအပ်တဲ့ ကားလမ်းတွေကို ပြုပြင်ဖို့ စက်ယန္တယား အကူအညီတွေ၊ ကျန်းမာရေးနှင့်
 ပညာရေး ကဏ္ဍတွေ အတွက် ရံပုံငွေ ထောက်ပံ့မှုတွေကို လုပ်ပေး သင့်ပါတယ်။ 

ကလေးဝဒေသကထွက်တဲ့ ကျောက်မီးသွေး တွေကိုသာ ထုတ်ယူသွားကြပေမယ့် ကလေးဝမြို့ခံ 
ပြည်သူတွေအတွက် အကျိုးခံစားခွင့် ရာခိုင်နှုန်းသတ်မှတ်ပြီး ပေးတာမျိုးလဲ 
မရှိပါဘူး”ဟု တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးဝင်းက 
ပြောသည်။
ကလေးဝနှင့်မော်လိုက်မြို့နယ်အတွင်း ကျောက်မီးသွေး သတ္တုတွင်းများ အခြေအနေကို
 လေ့လာသည့် စာရင်းအရစာချုပ်ချုပ်ပြီးသည့် ကုမ္ပဏီ(၁၅)ခုရှိပြီး 
ကျောက်မီးသွေး ထုတ်ယူမည့် မြေနေရာ ဧကပေါင်း(၆၀၃၂၀.၆၆၂)ဧက 
ရှိပြီးခန့်မှန်းတန်ချိန် သန်းပေါင်း (၁၈၈.၇၅၈၄) ရှိကြောင်း၊ 
စမ်းသတ်တိုင်းတာခွင့်ပြုမိန့်ရပြီး
ကုမ္ပဏီ (၂)ခုရှိပြီး ဧကပေါင်း(၃၃၀၅.၆၇)ရှိကြောင်း၊ လျှောက်ထားဆဲ 
ကုမ္ပဏီ(၁၀)ခုရှိပြီး ဧကပေါင်း(၂၂၈၆၀)ရှိကြောင်းစစ်ကိုင်းတိုင်း ဒေသကြီး
အစိုးရအဖွဲ့မှ ထုတ်ပြန်သည့် စာအမှတ်(၂/၃ – ၁၆၁ (၄၉၁)/ဦး 
၆)ပါညွှန်ကြားစာဖြင့်ပူးတွဲဖော်ပြသော စာရင်းများအရ သိရသည်။

ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

ကလေးဝမြို့တွင်း ကျောက်မီးသွေးထုတ်နေသောပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ကလေးဝမြို့နယ် ဒေသ တွင်း ဖွံ့ဖြိုးရေးအတွက် မြင်သာ ထင်သာသော ထောက်ပံ့မှုများမရှိကြောင်း ကလေးဝမြို့ မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးဝင်းက ပြောသည်။

“ကလေးဝ မြို့နယ်တွင်းမှာ ကျောက်မီးသွေး ထုတ်ယူနေတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ ၁၅-ခုနှင့် ၂၀-ကြားမှာ ရှိပါတယ်။ဒါပေမယ့် ဒေသဖွံ့ဖြိုးရေးအတွက် ထင်သာမြင်သာတဲ့ ကူညီထောက်ပံ့မှု မရှိကြပါဘူး။ တကယ် ဆိုဒေသ ဖွံ့ဖြိုးရေးမှာ လိုအပ်တဲ့ ကားလမ်းတွေကို ပြုပြင်ဖို့ စက်ယန္တယား အကူအညီတွေ၊ ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍတွေ အတွက် ရံပုံငွေ ထောက်ပံ့မှုတွေကို လုပ်ပေး သင့်ပါတယ်။

ကလေးဝဒေသကထွက်တဲ့ ကျောက်မီးသွေး တွေကိုသာ ထုတ်ယူသွားကြပေမယ့် ကလေးဝမြို့ခံ ပြည် သူတွေ အတွက် အကျိုးခံစားခွင့် ရာခိုင်နှုန်းသတ်မှတ်ပြီး ပေးတာမျိုးလဲ မရှိပါဘူး”ဟု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးဝင်းက ပြောသည်။

ကလေးဝနှင့်မော်လိုက်မြို့နယ်အတွင်း ကျောက်မီးသွေး သတ္တုတွင်းများ အခြေအနေကို လေ့လာသည့် စာရင်းအရစာချုပ်ချုပ်ပြီးသည့် ကုမ္ပဏီ(၁၅)ခုရှိပြီး ကျောက်မီးသွေး ထုတ်ယူမည့် မြေနေရာ ဧကပေါင်း (၆၀၃၂၀.၆၆၂)ဧက ရှိပြီးခန့်မှန်းတန်ချိန် သန်းပေါင်း (၁၈၈.၇၅၈၄) ရှိကြောင်း၊ စမ်းသတ်တိုင်းတာ ခွင့်ပြုမိန့်ရပြီး ကုမ္ပဏီ (၂)ခုရှိပြီး ဧကပေါင်း(၃၃၀၅.၆၇)ရှိကြောင်း၊ လျှောက်ထားဆဲ ကုမ္ပဏီ(၁၀)ခုရှိပြီး ဧကပေါင်း(၂၂၈၆၀)ရှိကြောင်းစစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ထုတ်ပြန်သည့် စာအမှတ်(၂/၃ – ၁၆၁ (၄၉၁)/ဦး ၆)ပါညွှန်ကြားစာဖြင့်ပူးတွဲဖော်ပြသော စာရင်းများအရ သိရသည်။

ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D