သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, July 25, 2013

ငွေကျပ် သိန်း ၁၇၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၇ သောင်းကျော် ပိုင်ရှင်မဲ့သိမ်းဆည်းရမိ


ကျိုင်းတုံ ၊ ၂၅-၇-၂၀၁၃
ရှမ်းပြည်နယ် ( အရှေ့ပိုင်း ) ကျိုင်းတုံမြို့ အ၀င် နောင်ဖာ စစ်ဆေးဂိတ် ၌ ယမန်နေ့ နံနက် ၂ နာရီ အချိန်က WY စာတမ်းပါ စိတ်ကြွဆေးပြား ၇ သောင်းကျော် သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၂ နာရီ အချိန်ခန့်တွင် ကျိုင်းတုံဘက်သို့ ယမ်းလော - ကျိုင်းတုံလမ်း အတိုင်း မောင်းနှင် လာသော Hrojue အမျိုးအစား ( အနီရောင် ၊ နံပါတ်မပါ ) ဆိုင်ကယ် တစ်စီးအား ကျိုင်းတုံခရိုင် အထူးမှုခင်း နှိမ်နင်းရေး အဖွဲ့ မှ ရပ်တန့် စစ်ဆေးရန် ပြင်ဆင်စဉ် အဆိုပါ ဆိုင်ကယ် မောင်းနှင် ထွက်ပြေးရာ နောင်ဖာ တံတားအနီး အရောက်တွင် ဆိုင်ကယ် တိမ်းမှောက်ပြီး စီးနင်း လိုက်ပါလာသူ ၂ ဦးမှာ ထွက်ပြေး လွတ်မြောက် သွားခဲ့သည်။

ကျန်ရစ် ဆိုင်ကယ်အား သက်သေများဖြင့် ရှာဖွေ စစ်ဆေးရာ ခရီးဆောင် အိတ်အတွင်းမှ " ၀ " အထူးဒေသ(၂) မှတ်ပုံတင် ကတ်ပြား (၁)ခု ၊ WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၆၀၀၀ ပြားပါ ပလပ်စတစ်အိတ် ၁၁ ထုတ် နှင့် စိတ်ကြွဆေးပါး ၁၆၅ ပြားပါ ပလပ်စတစ်အိတ် ၁၅ ထုတ် ၊ စုစုပေါင်း စိတ်ကြွဆေးပြား ၇၀၉၅၀ ပြား ၊ ကာလတန်ဖိုး ဆေးပြား တစ်ပြားလျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း ၁၇၀၀ ကျော်အား ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိခဲ့သည်။


အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တရားခံများအား ကွင်းဆက် ဖော်ထုတ် ဖမ်းဆီးရမိရေး အတွက် ကျိုင်းတုံ ရဲစခန်းမှ ဆက်လက် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

MWD

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D