သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, October 23, 2014

ကာတာဘက်သို့ မြန်မာဒုတိယဂိုးသွင်းယူအပြီး ပခုက္ကူမှပရိသတ်တစ်ဦး အောင်ပွဲခံစဉ် ကွမ်းသီး၍သေဆုံး

အာရှ ယူ−၁၉ ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် မြန်မာက ကာတာအသင်းသို့ ဒုတိယဂိုး သွင်းယူလိုက်စဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))
ကာတာအသင်းဘက်သို့ မြန်မာအသင်း ဒုတိယဂိုးသွင်းပြီးချိန်တွင် ပခုက္ကူမြို့မှ မြန်မာပရိ သတ်တစ်ဦး အောင်ပွဲခံစဉ် ကွမ်းသီးပြီး ရုတ်တရက်ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။
အာရှ ယူ-၁၉ ဘောလုံးပြိုင်ပွဲအကြို ဗိုလ်လုပွဲအဖြစ် မြန်မာ နှင့် ကာတာလူငယ်အသင်းတို့သည် အောက်တိုဘာ ၂၀ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစား ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည်။
အာရှအင်အားကြီး ကာတာ လူငယ်အသင်းသည် ပထမပိုင်း ဦးဆောင်ဂိုးဖြင့် မြန်မာအသင်း ကို အနိုင်ရနေသော်လည်း တိုက်စစ်မှူးအောင်သူက ပွဲချိန် ၆၂ မိနစ်တွင် ချေပဂိုး သွင်းယူခဲ့ သည်။
အောင်သူ၏ ချေပဂိုးအပြီး နောက်ထပ်နှစ်မိနစ်အကြာ ပွဲချိန် ၆၄ မိနစ်တွင် ကွင်းလယ် ကစားသမား ငြိမ်းချမ်းအောင် ခေါင်းတိုက် ဂိုးသွင်းယူပြီးချိန် တွင် ယင်းပွဲကို ရုပ်သံမှကြည့်ရှုနေသူ ပခုက္ကူမြို့ရှိ ဘောလုံးပရိ သတ်တစ်ဦးသည် အောင်ပွဲခံရင်း ရုတ်တရက် ကွမ်းယာသီးကာ ကွယ်လွန်သွားကြောင်း သတင်း ရရှိသည်။
မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့နယ် အမှတ်(၁၂)နေ အသက်(၅၃)နှစ်အရွယ် အဆိုပါ အမျိုးသားအားအရေးပေါ် ကျန်းမာရေးအကူအညီပေးရန် ကျန်းမာရေးဝန်ထမ်းများ ချက်ချင်း သွားရောက်ခဲ့သော်လည်း အသက်မမီတော့ကြောင်း ပခုက္ကူ မြို့မှ သုဂတိစေတနာလူမှုကူ ညီ ရေးအသင်း အသင်းသားများက ပြောသည်။
‘‘ကျွန်တော်တို့ ရောက်တော့ အသက်မမီတော့ဘူး။ ၀မ်းသာလွန်းလို့ အော်ရင်းနဲ့ ကွမ်းဖတ်က လည်ပင်းမှာ ကပ်သွားတာလို့တော့ သိရတယ်’’ ဟု သုဂတိစေ တ နာလူမှုကူညီရေး အသင်းမှ ဦးသိန်းအေးက ပြောသည်။
အာရှ ယူ-၁၉ သမိုင်းတွင် ဒုတိယအောင်မြင်ဆုံးဖြစ်သည့် မြန်မာ ယူ-၁၉ အသင်းသည် ကာတာအသင်းကို နောက်ကျ ဂိုးများကြောင့် ၂-၃ ဂိုးဖြင့် ရှုံး နိမ့်ခဲ့ပြီး ၄၄ နှစ်အတွင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲကစားရမည့်အခွင့်အရေးနှင့် လွဲချော်ခဲ့သည်။
မြန်မာ ယူ-၁၉ အသင်းသည် အကြိုဗိုလ်လုပွဲတက်ရောက်ခဲ့ သည့် ကာတာ၊ ဥဇဘက်ကစ္စ တန်နှင့် မြောက်ကိုရီးယားအသင်း နှင့်အတူ ၂၀၁၅ မေလတွင် နယူးဇီလန်နိုင်ငံတွင် ကျင်းပမည့် အသက်(၂၀)နှစ်အောက် ကမ္ဘာ့ ဖလားပြိုင်ပွဲဝင်ခွင့်ရခဲ့သည်။

From:7day

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D