သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, October 23, 2014

နည်းစနစ်ကျကျအတွေးအခေါ်


ကံကောင်းခြင်းတွေကို ထွက်ပြေးသွားစေမယ့် ၆ ချက်
====================================
ဘယ်သူမဆို ဘဝမှာ အောင်မြင်ချင်တာချည်းပါပဲ။ ဘဝမှာ အောင်မြင်ဖို့အတွက် ဘယ်လိုလုပ်...ရမှလဲ။
အောင်မြင်ဖို့အတွက် လုပ်ရမယ့်အရာတွေ အများကြီးရှိသလို မလုပ်သင့်သောအရာတွေလည်း အများကြီးရှိပါတယ်။
ဘဝမှာ အောင်မြင်စပြုလာရင် မလုပ်သင့်သောအချက်တွေကို တင်ပြလိုက်ပါတယ်။
၀၁. သူတပါးရဲ့အောင်မြင်ခြင်းကို အားကျခြင်း
သူငယ်ချင်းပဲဖြစ်ဖြစ် အသိမိတ်ဆွေပဲဖြစ်ဖြစ် သူတို့ကအောင်မြင်ပြီးတော့ နေတဲ့အိမ်၊ သုံးတဲ့ပစ္စည်း၊ စီးတဲ့ကား စသည်ဖြင့် သူလိုနေထိုင်ချင်တယ်လို့ အားကျမိမှာပါ။

သူချည်းပဲ နေရာရနေတယ်လို့ မနာလိုပဲဖြစ်မိမှာပါ။ ကိုယ့်မှာတော့ ဘာမှမရှိသလို ကိုယ့်အလုပ်နဲ့တောင် အနိုင်နိုင်ဖြစ်နေတဲ့ဘဝကို စိတ်ပျက်မိတဲ့အခါမျိုးလေးတွေ ကြုံတွေ့ရမှာပါ။
အားမကျပဲနဲ့။ ကိုယ်လုပ်စရာရှိတာကို အာရုံစိုက်ပြီး သေသေချာချာ ဂရုတစိုက်လုပ်ပါ။ ကိုယ်ရဲ့ကြိုးစားမူအပေါ်မူတည်ပြီး ကိုယ်လည်းအောင်မြင်မှာပါ။
၀၂. သူတပါးရဲ့ ချီးကျုး အားပေးမူကို လိုလားခြင်း
လူဟာ သူတပါးရဲ့ အားပေးမူ ချီးကျူးမူကို လိုအပ်သူချည်းပါပဲ။ ဒါကိုပဲ တောင့်တနေရင်တော့ ဘယ်သူမှ ကိုယ့်ကို အားပေးမဲ့သူမရှိတော့ဘူးလို့ တွေးခဲ့ဘူးတဲ့အချိန်လည်းရှိမှာပါ။
လူစိမ်းက ကိုယ့်ရဲ့ဘဝအကြောင်းကို ကောင်းကောင်းမသိပါ။ သိတယ်ဆိုတာကလည်း ကိုယ့်ဘဝရဲ့ အပိုင်းတစ်ပိုင်းဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ်သာ အားပေးပါ။
ယုံကြည်မူတွေနဲ့ပြည့်ဝနေတဲ့ လူတစ်ယောက်ကို ဘယ်သူမဆို အားပေးချီးမြှောက်ပါလိမ့်မယ်။
၀၃. ဘဝကို စိတ်ပျက်နေခြင်း
လက်ရှိဘဝကို အားမရဖြစ်နေပါသလား။ တစ်ခုအကြံပေးပါရစေ။ ကိုယ့်ရဲ့အမြင်ကို နည်းနည်းပြောင်းကြည့်လိုက်ပါ။
ဥပမာ စကားများသောအထက်အရာရှိ၊ သူကကိုယ့်ကို တိုးတတ်စေချင်လို့ပြောနေတာလို့ အမြင်လေးကိုပြောင်းကြည့်ပါလား။
ကိုယ့်ရဲ့နေ့စဉ်ဘဝလေးက ဘာရယ်လို့မဟုတ်ပဲ ပြည့်စုံလာပါလိမ့်မယ်။
၀၄. အမြဲတမ်း စိတ်ဆိုးနေခြင်း
အတိတ်မှာ ဖြစ်ခဲ့တဲ့ကိစ္စတွေကို ပြန်တွေးပြီး ဒေါသတွေ ထွက်မနေပါနဲ့။ အတိတ်မှာဖြစ်ခဲ့သောကိစ္စတွေဟာ ကိုယ့်ဘဝ ဇာတ်လမ်းရဲ့ အပိုင်းတစ်ပိုင်းသာ ဖြစ်မှာပါ။
လာမည့်အပတ်မှာလည်း ဇာတ်လမ်းသစ်ကလာဦးမှာ မဟုတ်လား။ အဲဒါကြောင့် ကိုယ့်ရဲ့ဘဝစာအုပ်ကို မပိတ်ပဲ နောက်တစ်မျက်နှာလှန်လိုက်ရအောင်နော်။
၀၅. မကောင်းသောသူများနဲ့ အဆက်မဖြတ်နိုင်ခြင်း
ဘဝက သာယာရန်အတွက် ပျော်ရွှင်ဖို့လိုအပ်ပါတယ်။ အဲဒီအတွက် သူငယ်ချင်း အပေါင်းအသင်းဆိုတာလည်း အရေးကြီးပါတယ်။
တွေ့လိုက်ရင် သူတပါးမကောင်းကြောင်းတွေကိုပဲ ပြောနေသောသူဆိုတာ ဘယ်လိုလူဖြစ်မလဲဆိုတာ ပြောစရာတောင်မလိုဘူးလို့ထင်ပါတယ်။
၀၆. မလိမ် မညာပါနဲ့
အမြဲတမ်း လိမ်ညာနေရင်တော့ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားဆိုတာ ဘယ်လိုဖြစ်လာမှာလဲ။ သူများတွေလည်း လိမ်ပြောနေတာပဲလို့မတွေးပါနဲ့။
ကိုယ်ကျင့်တရားကောင်းမှသာလျှင် သူတပါးကလည်း ကိုယ့်ကို ယုံကြည်မှာပါ။
အပေါ်က ၆ ချက်ကို ပြန်ပြီး သုံးသပ်ကြည့်ရင် ကိုယ်မှာ ယုံကြည်မူရှိဖို့နဲ့ သူတပါးရဲ့ အကြည့်တွေကို တွေးပြီးကြောက်မနေပဲ လုပ်စရာရှိတာကို လုပ်ဖို့ပါပဲ။

Credit to: Chelmo

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D