သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, October 23, 2014

ဒီမှာ ဒီမှာ မောင် မဲပြာနဲ့ မ ကလျာ

ခါးသီး ကြမ်းတမ်း နိမ့်ကျ လွန်းလှတဲ့
ဘဝတွေကိုတောင် ဘာကြောင့် ...
လှံစိုက်ချင် ကြတာလဲ
မတရားမှုတွေနဲ့ ဘေး ဒုက္ခ
အန္တရာယ်ကို တရား မျှတမှု လို့
ခံယူပြီး နှုတ်ပိတ်ခြင်းနှင့်
လက်ခံ ယူရမှာ လား
တခါ လာလည်း မဲပြာ ပုဆိုး ဒီ အချိုးနဲ့
နောက်တိုးတဲ့ မ ကလျာ လျှို့ဝှက်စွာ
ဆွေးနွေး တိုင်းရင်းသား ပြည်သူ့အရေးကို
သူလေ မေ့နေပြီ သလား
တိုင်းပြည် ကောင်းစားရေး ဆိုတာ

လက်ဝါးကြီး အုပ် အရာရာကို
ခင်ဗျာတို့ လုပ်တာမှ မှန်တာ ထင်လား
ရှေ့ကပဲ လျှောက် မလိုလို
ကောင်းကောင်း လုပ်တော့ မလိုလို လုပ်
လုပ်လိုက်ရင် လိုက် ပိတ်ဆို့ နေပြီ
နောက်ကပဲ လိုက် မလိုလို လုပ်
လိုက်ပြီး ဆွဲချုပ် ထားသလို လုပ်နေကြတယ်
ပြန် စဉ်းစားကြည့် ခင်ဗျာတို့
ပြောစကားနဲ့ လုပ်ရပ်တွေ ကြားက
တိုင်းသူ ပြည်သား အတွက်
ဘာများဖြစ် တိုးတက်မှု အစစ်
ဖြစ်ခဲ့ပြီ သလားလို့ ပြန်ဆန်းစစ်ကြည့်
အာများ ညာစား ကြာသွားပါ ပေါ့လား
သက်သေများလို့ နေလို့လား
လယ်သမား လယ်ပျောက်
အလုပ်သမား အလုပ်ပျောက်
အိမ်ပိုင် မြေပျောက်
အများစု နိုင်ငံခြားရောက်
ဖာလောက် သာသာ အလုပ်တွေနဲ့
ဘဝက ဖြစ်နေတယ်
လုပ်ရပ်ကို ပြန်စစ်တော့
အာဏာရှင်ကို ပေါင်း
ရေလောင်း ပေးနေတာ ဖြစ်နေပြီ
တရားဥပဒေ မစိုးမိုးဘဲ
မတရားမှုတွေ တိုးအောင်
လုပ်ကြ ဖြန့်ကြ တိုင်းပြည် ဖြစ်ကြပြီ
ငြိမ်းချမ်း သာယာအောင် လုပ်တာ မဟုတ်
ဂုတ်ပါဆွဲ နှိပ်စက် ခံနေရ ဘဝများ
အမျိုးသား ရင်ကြား မစိ
ဖင်ကြားစိ ပြောနေ ရတဲ့
ဒီ တိုင်းပြည်က ဒုက္ခ ဒုက္ခ အပေါင်းတို့
လူ့ အခွင့်အရေး ဆိုတာ
တရုတ်ဘာသာ စကားကို
အသံပြန် လိုက်ရင်
သူ့ အခွင့်အရေး ဖြစ်နေပြီ
ဒီမိုကရေစီ ဆိုတာ
KTVမှာ လူလို တင့်တယ်
ဒီ လောကဝယ် ဆိုတာ ဖြစ်နေပြီ
နောက်က လိုက်သူ အတွေးသစ်တွေက
အသစ်တွေးတာ တကယ် မဟုတ်
ကုတ်ကုတ် နောက်ဆွဲ အာဏာရှင် လူရောင် ပြပွဲမှာ
လိုက်ပွဲပြင် အပြင်စောင့် ခြံစောင့် ခွေးလိုလို
လုပ်နေတဲ့ နိုင်ငံရေးကြောင့် မြန်မာပြည် ဒီမိုကရေစီက
ဖာလို နေသည် ဒါဟာ မိနိုင်ငံ ဒီမိုကရေစီ ဖြစ်နေပြီ
အတိတ်ဆိုတာ ပြန်လည်း စဉ်းစား အမှားပြင်ဖို့ ပါ
ပစ္စုပန် ဆိုတာ လုပ်ရန်မှန် လျှောက်ဖို့
အနာဂတ် ဆိုတာ စာတတ် အသိမှန်ဖို့
ပန်းတိုင်း ရောက်အောင် လုပ်ဖို့ ပါ
ခုတော့ အာဏာ အတွက် အားဆေး တစ်ခွက်
ထောက်တိုင် တစ်ခု ကြီးထွားအောင် ပြုနေတာ
ခင်ဗျာတို့ လုပ်ရပ်ကို
ကိုယ် ဘာလုပ်နေတာ သိကြရဲ့ လား
တိုင်းရင်းသား ပြည်သူ့ အတွက်
ရပ်တည်တဲ့ နိုင်ငံရေးသမား မဟုတ်ရင်
လက်ခံစရာ ဘယ်သူမှ မရှိဘူး
တိုင်းပြည်ဆိုတာ ဘာလဲ သိလား
တိုင်းရင်းသား ပြည်သူ ဆိုတာ
တိုင်းပြည်ရဲ့ အသက်ဘဲ
အတည့်ဘဲ ခပ်ရိုင်းရိုင်း ပြောလိုက်မယ်
စောက်ရှက် မရှိ နိုင်ငံရေး ဆိုတာ သေချာ မသိဘဲ
တိုင်းပြည် ဆိုတဲ့ အဓိပ္ပါယ်နဲ့ ဒီမိုကရေစီကို ယောင်ဝါးဝါး
လူ့ အခွင့်အရေး ဆိုတာ ပေါင်ကြားထား ပျော်ပါးတာလောက်
စာအုပ်ဖတ် လက်မှတ်ယူ အင်္ဂလိပ်လို ပြောတတ်ရုံကို
အဟုတ်မှ လုပ်ဇာတ်တွေ အထင်ကြီး
လက်တွေ့တွင် ဖင်ကြီး ဟောင်းလောင်း ဖြစ်နေတယ်
ဘယ်က စရမှန်း မသိတဲ့ အတွက်ကြောင့်
ပြသနာ မပြီးဘဲ လူတတ်ကြီး လေသံတွေနဲ့
ကလေးတွေကို တိုင်းပြည် အတွက်
ဟန်ပန်တွေ ထုတ် ၊ လူ အထင်ကြီးအောင်
လုပ်ကြ ပြောကြ စင်ပေါ်တက် မီဒီယာကို ပြော
ရှက်တတ်ရင်လဲ လှဲသေဖို့တာ ကောင်း၏
ကိုယ် မွေးတဲ့ အာဏာရှင် ကြက်ဖကို
ဒီမိုကရေစီ မဥရ မလား ဆိုပြီး
အစားကျွေး ဝပ်ကျင်း လုပ်ပေး နေကြတာ
အထီးမှန်း မသိ အမမှန်း မသိတဲ့
ပညာရှင်နဲ့ နိုင်ငံရေး သမားများ
အာပေးလို့ ပေးမှန် မသိ
မအောင်မြင်တာ ဒီ တိုင်းပြည်
ဘဝပေါင်းကို များစွာရင်း
လူ့ အသက်ကို များစွာရင်း
စစ်မှန်တဲ့ ဒီမိုကရေစီကို
ဒီလို နေရင် ၊ ဒီလို လုပ်ရင်
ဘယ်တော့မှ မရဘူး
ထင်သာထင် မဝင်ဘူး
ကိုယ့် လူတွေ ရေ
လုပ်ပေါက်က လွဲနေလို့ မပြီး

ဇိုင်ဝါးလေး

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D