သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, May 26, 2013

ဗမာတွေ မတရားခံနေရချိန်ကျ ခင်ဗျားတို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ ဘာလုပ်ပေးခဲ့သလဲ ~ ဦးဝီရသူ


စကုတိုက်၊ မြသိန်းတန်ကျောင်းမှ ဦးသောပါက အသက် (၆၆)နှစ်၊ သိက္ခာ (၁၁)ဝါကို ဦးထိန်ဝင်းက ၂၅-၅-၂၀၁၃ မနက် ၄း၃၀ အချိန်တွင် ဆိုင်ကယ်ဖြင့် ဝင်တိုက်မိသည်။

ဦးထိန်ဝင်းကို ရပ်ကွက်မှဖမ်းပြီး ရဲစခန်းပို့လိုက်သည်။ ဦးသောပါကကို နိဗ္ဗာန်သုခအသင်းမှ ဆေးရုံတင်ပို့သည်။
ဦးသောပါက ဆေးရုံတက်စဉ် သစ္စာရွှေစည်တိုက်၊ သာယာရွှေပြည်ကျောင်းမှ ဦးဝိသုတက ကျေးအေးလက်မှတ်ထိုးခိုင်းသည်။

အသက် (၆၆)နှစ်အရွယ် ဦးခေါင်းထိခိုက်သောကြောင့် ဦးသောပါက ဘာမျှ သတိမရ၊ သည်အခါ ဦးဝိသုတ က ဦးသောပါကကိုယ်စား လက်မှတ်ထိုးကာ ဦးသောပါကကို လူမသိသူမသိ ဆေးရုံမှခေါ်ထုတ်ပြီး စကုတိုက်၊ တိုက်ပေါက်ဝတွင် ချထားပေးခဲ့သည်။

၎င်းဦးဝိသုတသည် အစ္စလာမ်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာပြီး ရဟန်းဝတ်နေသည်မှာ (၈)ဝါပင် ရပြီး ဖြစ်သည်။ ဆိုင်ကယ်ပိုင်ရှင် ဦးထိန်ဝင်း၏ ဝမ်းကွဲအစ်ကို ဖြစ်ကြောင်း သိရသည်။

ဦးသောပါက ကျောင်းပြန်ရောက်သည့်အခါ ကျောင်းထိုင်ဆရာတော်က မကျေနပ်၍ ဦးဝီရသူထံ အကူအညီတောင်းသည်။ ဦးဝီရသူက ချမ်းအေးသာစံနှင့် အောင်မြေသာစံ ရဲဌာနကို ဆက်သွယ်ပေးကာ ဦးသောပါကကို ဆေးရုံပြန်တက်ကုသမှု ရသည့်အထိ စီမံပေးခဲ့သည်။

ဦးနှောက်နှင့် အာရုံကြော အရေးပေါ်ဌာနတွင် ဦးသောပါက ကုသမှုခံယူနေသည်။

ယနေ့ ၂၆-၅-၂၀၁၃ တွင် စကုတိုက်၊ မြသိန်းတန်ကျောင်းသို့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့မှ ဒေါ်ခင်စောဦး (Oriental House)နှင့် ဦးကျော်ဝင်း (သစ္စာစေတနာ အိမ်ဆောက်ပစ္စည်း)တို့ လာရောက်ကာ ကျေနပ်သည်အထိ တောင်းပန်ဖို့ ကမ်းလှမ်းသည်။ မြသိန်းတန်ဆရာတော်ကြီးနှင့် တပည့်များက စာနယ်ဇင်းမှာ ကြေငြာပေးလျှင် ကြေအေးမည်။ သို့သော် ဦးဝီရသူ သဘောတူမှ အတည်ပြုမည်ဟု ဆိုသည်။ ဦးဝီရသူက “လူနာနဲ့လည်း မတွေ့ရသေးကြောင်း၊ လူနာရှင်နဲ့လည်း စကားမပြောရသေးကြောင်း၊ တိုက်သူ ဆိုင်ကယ်ရှင် ဦးထိန်ဝင်းအကြောင်းကိုလည်း မသိရသေးကြောင်း၊ အခင်းဖြစ်သည့်နေရာကိုလည်း မလေ့လာရသေးကြောင်း ဒါကြောင့် ချက်ချင်း အဖြေးမပေးနိုင်သေးကြောင်း” ပြန်ကြားခဲ့ပါသည်။

၂၆-၅-၂၀၁၃ မနက် ၉း၀၀ နာရီကျော်တွင် ကရဝိက်ဦးမောင်မောင်ရောက်လာပြီး ညှိနှိုင်းပါသည်။ ဦးဝီရသူက “ကုလားအဖမ်းခံရတဲ့အခါကျ ခင်ဗျားတို့ တောင်းပန်တာနဲ့ ကျေးနပ်ပေးခဲ့တယ်။ ထက်ဝေယံဆိုတဲ့ကောင်လေး အဖမ်းခံရတုန်းက အာမခံရဖို့လေးအတွက်တောင် မူဆလင်တွေက တောင်းပန်မခံဘူး။ နောက်တော့ ထက်ဝေယံနှင့် အဖော်ပါသွားတဲ့ကောင်လေးကို ထပ်ပြီးထောင်ချလိုက်ပြန်တယ်။ တောင်းပန်တာမကျေနပ်တဲ့အပြင် ရုံးမတက်ဘဲအချိန်ဆွဲထားလို့ GTC စာမေးပွဲ မဖြေလိုက်ရဘူး။ သမီးနှင့်လည်း အဆက်အသွယ်ဖြတ်ပါ့မယ်။ နောက်နောင် လုံးဝမပတ်သက်စေရပါဘူး လို့ အကြိမ်ကြိမ်ကတိပေး ဝန်ချတောင်းပန်တာတောင် ခင်ဗျားသား ထောင်ထဲမှာ မသေနိုင်ပါဘူး ဆိုတဲ့ဖြေဘဲ ပေးခဲ့တယ်။ ဒီလို ဗမာတွေ မတရားခံနေရချိန်ကျ ခင်ဗျားတို့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့ ဘာလုပ်ပေးခဲ့သလဲ” ဟု မိန့်ကြားခဲ့ပါသည်။

ကရဝိက်ဦးမောင်မောင်က ဒီကိစ္စလည်း ညှိကြည့်ပါဦးမည်းဟု ပြောသွားပါသည်။

ထက်ဝေယံသည် ဗမာ ဗုဒ္ဓဘာသာ GTI ကျောင်းသားဖြစ်ပြီး ၎င်း၏ချစ်သူသည် Three Tri မျက်မှန်ဆိုင်မှ GTI ကျောင်းသူ မူဆလင်မလေးဖြစ်ပါသည်။ ချစ်သူခေါ်၍ အိမ်သွားမိရာ အိမ်ကျော်နင်းမှုနဲ့ ယခုအချိန်အထိ ထောင်ကျနေပါသည်။ ရုံချိန်းအကြိမ်ကြိမ်ချိန်းသော်လည်း တရားလို မိဘများ ရုံးမတက်ကြလို့ ထက်ဝေယံ အာမခံလည်း မရ၊ စာမေးပွဲလည်း မဖြေခဲ့ရခြင်း ဖြစ်ပါသည်။

ထက်ဝေယံကို အာမခံမပေးရဲခြင်းမှာ ကုလားတွေက အတိုင်အတောထူသောကြောင့်ဟု ဥပဒေအရာရှိနှင့် တရားသူကြီးတို့က အကြောင်းပြခဲ့ပါသည်။

ဦးသောပါကကို ကျေအေးဖို့ တောင်းပန်ညှိနှိုင်းပေးသော ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့သည် Three Tri မျက်မှန်ဆိုင်ကို ကျေးအေးပေးဖို့ ညှိနှိုင်းပေးနိုင်မှု ရှိ/မရှိ စောင့်မျှော် ရှုစားကြပါကုန်။


.. www.MyanmarExpress.net

From : .. https://www.facebook.com/photo.php?fbid=365203540245990&set=a.364945003605177.1073741828.364941560272188&type=1&relevant_count=1

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D