Pages

Tuesday, June 11, 2013

၉၆၉ အသုံးပြုမှု ညောင်ရွှေအာဏာပိုင်တို့ မနှစ်သက်

Photo: ၉၆၉ အသုံးပြုမှု ညောင်ရွှေအာဏာပိုင်တို့ မနှစ်သက်

ဂျွန်ချစ်ငြိမ်း | အင်္ဂါနေ့၊ ဇွန်လ ၁၁ ရက် ၂၀၁၃ ခုနှစ် ၀၆ နာရီ ၅၂ မိနစ်

ရှမ်းပြည်နယ် ရွှေညောင်မြို့ တာယောကျောင်းတိုက်တွင် ကျင်းပရန် 
စီစဉ်ထားသည့်တရားပွဲတစ်ခုကို ၉၆၉ အထူးတရားပွဲဟု အမည်ပေးကာ 
ကြော်ငြာဆိုင်းဘုတ်များ တင်ထားရာ ဆိုင်းဘုတ်များတွင်ပါရှိသည့် ၉၆၉ 
ဂဏန်းများကို အဖြူရောင်စတစ်ကာဖြင့်ကပ်ကာ ဖုံးအုပ်စေခဲ့သည်ဟု 
တရားပွဲဖြစ်မြောက်ရေး နာယက ဦးဇော်ဇော်က မဇ္ဈိမကို ပြောသည်။


၉၆၉ ဂဏန်းများ ပါရှိနေခြင်းသည် ရွှေညောင်စခန်းမှူး၊ တောင်ကြီးမြို့နယ် 
အုပ်ချုပ်ရေးမှူးတို့က ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်မည်ကိုစိုးရိမ်ပြီး 
အဆိုပါဂဏန်းပါရှိနေခြင်းမှာ မသင့်လျော်ဟုဆိုကာ တားမြစ်ခြင်းဟု
ညောင်ရွှေမြို့ မင်္ဂလာအောင်မြေ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ 
ဦးဇော်ဇော်က ဆိုသည်။

''ဒီ ၉၆၉ စာတန်းကြီးပါနေတာ မသင့်တော်ပါဘူးဆိုပြီးတော့၊ ပြဿနာ တစ်စုံတစ် 
ရာပေါ်ပေါက်မှာစိုးလို့ ကျွန်တော် ကနေတစ်ဆင့် အများအထင်အမြင်လွဲမှားမှု 
မရှိအောင် တားမြစ်ရခြင်းဖြစ်ပါတယ်။ တရားပွဲကို တားမြစ်တာမဟုတ်ပါ ဘူး။ ၉၆၉ 
တံဆိပ်ကို ဖယ်ခိုင်းတာပါ။ ကျွန်တော်တို့ ဘာပဲဖြစ်ဖြစ် အထက်ကခိုင်းရင် 
အမိန့်ကို နာခံရပါတယ်'' ဟု ဦးဇော်ဇော် က ပြောသည်။

တရားပွဲကို ဇွန်လ ၁၃ ရက်တွင် ပြုလုပ်ရန်ရှိပြီး ဆိုင်းဘုတ်များကို ဇွန်လ ၈ 
ရက်က စတင်ထောင်ရာ နောက်နေ့နံနက် ၉ နာရီ အချိန်တွင် ၉၆၉ ဂဏန်းများပေါ်တွင် 
အဖြူ ရောင်စတစ်ကာဖြင့် ဖုံးအုပ်စေခြင်းဖြစ်သည်။

အဆိုပါအခြေအနေများ ဖြစ်ပေါ်လာပြီးနောက် တရားပွဲဖြစ်မြောက်ရေး ကော်မတီနှင့် 
ညောင်ရွှေအုပ်ချုပ်ရေးမှူး၊ မင်္ဂလာအောင်မြေရပ်ကွက် အုပ်ချုပ်ရေးမှူး 
ဦးဇော်ဇော်တို့ ပါဝင်သော အစည်းအဝေးကို ဇွန်လ ၁ဝ ရက်၊ မွန်းလွဲ ၁ နာရီတွင် 
ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးအပြီး ကော်မတီဝင်များ၏ ဆုံးဖြတ်ချက်အရ ဖုံးအုပ်ထားသည့် ၉၆၉
 ဂဏန်းများကို ညနေ ၅ နာရီတွင် ပြန်လည်ခွာပစ်ခဲ့ကြသည်။ ''အားလုံး 
ပြေလည်သွားပါပြီ၊ ကျွန်တော်တို့နဲ့ တရားပွဲဖြစ်မြောက်ရေး 
ကော်မတီဝင်တွေနဲ့လည်း တွေ့ပြီးပြီ ၉၆၉ ကို ပြန်ခွာတာကတော့ သူတို့သဘောပါပဲ။ 
ကျွန်တော်တို့ မကန့်ကွက် ပါဘူး'' ဟု ဦးဇော်ဇော်က မဇ္ဈိမကို ပြောသည်။

တရားပွဲကို မြစေတီ ပရိယတ္တိစာသင်တိုက်မှ အရှင်ဝိဇာနန္ဒ၊ မြနန်းစေတီ 
နန်းဦးပရယတ္တိစာသင်တိုက်မှ အရှင်သဒ္ဓမ္မ၊ မြစေတီရဲကျောင်းပရိယတ္တိစာသင်တိုက်မှ 
အရှင်ဂန္ဓသာရတို့က ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်များတွင် ဟောကြားမည်ဖြစ်သည်။ 
တရားပွဲကို ဖြစ်မြောက်အောင် ကြိုးပမ်းသွားမည်ဖြစ်ပြီး 
အေးအေးချမ်းချမ်းဖြစ်အောင်လည်း ဆောင်ရွက်သွားမည်ဟု 
တရားပွဲဖြစ်မြောက်ရေးကော်မတီဝင် ကိုဇော်မင်းထူးက မဇ္ဈိမကို ပြောသည်။
++++++++++++++++++++++++++++++++++++++++++++++++
ပုံစာအညွှန်း။ ။ ၉၆၉ အထူးတရားပွဲဟု အမည်ပေးထားသည့် တရားပွဲပိုစတာများတွင် 
၉၆၉ ဂဏန်းကို ဒေသခံအာဏာပိုင်တို့က အဖြူရောင်စတစ်ကာဖြင့် ဖုံးအုပ်ခဲ့ရာ 
တရားပွဲဖြစ်မြောက်ရေးကော်မတီက ပြန်လည်ခွာပစ်ခဲ့သည် (ဓာတ်ပုံ - 
ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ)

Mizzima - News in Burmese
ရှမ်းပြည်နယ် ရွှေညောင်မြို့ တာယောကျောင်းတိုက်တွင် ကျင်းပရန် စီစဉ်ထားသည့်တရားပွဲတစ်ခုကို ၉၆၉ အထူးတရားပွဲဟု အမည်ပေးကာ ကြော်ငြာဆိုင်းဘုတ်များ တင်ထားရာ ဆိုင်းဘုတ်များတွင်ပါရှိသည့် ၉၆၉ ဂဏန်းများကို အဖြူရောင်စတစ်ကာဖြင့်ကပ်ကာ ဖုံးအုပ်စေခဲ့သည်ဟု တရားပွဲဖြစ်မြောက်ရေး နာယက ဦးဇော်ဇော်က မဇ္ဈိမကို ပြောသည်။

၉၆၉ ဂဏန်းများ ပါရှိနေခြင်းသည် ရွှေညောင်စခန်းမှူး၊ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးတို့က ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်မည်ကိုစိုးရိမ်ပြီး အဆိုပါဂဏန်းပါရှိနေခြင်းမှာ မသင့်လျော်ဟုဆိုကာ တားမြစ်ခြင်းဟု
ညောင်ရွှေမြို့ မင်္ဂလာအောင်မြေ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ဦးဇော်ဇော်က ဆိုသည်။

''ဒီ ၉၆၉ စာတန်းကြီးပါနေတာ မသင့်တော်ပါဘူးဆိုပြီးတော့၊ ပြဿနာ တစ်စုံတစ် ရာပေါ်ပေါက်မှာစိုးလို့ ကျွန်တော် ကနေတစ်ဆင့် အများအထင်အမြင်လွဲမှားမှု မရှိအောင် တားမြစ်ရခြင်းဖြစ်ပါတယ်။ တရားပွဲကို တားမြစ်တာမဟုတ်ပါ ဘူး။ ၉၆၉ တံဆိပ်ကို ဖယ်ခိုင်းတာပါ။ ကျွန်တော်တို့ ဘာပဲဖြစ်ဖြစ် အထက်ကခိုင်းရင် အမိန့်ကို နာခံရပါတယ်'' ဟု ဦးဇော်ဇော် က ပြောသည်။

တရားပွဲကို ဇွန်လ ၁၃ ရက်တွင် ပြုလုပ်ရန်ရှိပြီး ဆိုင်းဘုတ်များကို ဇွန်လ ၈ ရက်က စတင်ထောင်ရာ နောက်နေ့နံနက် ၉ နာရီ အချိန်တွင် ၉၆၉ ဂဏန်းများပေါ်တွင် အဖြူ ရောင်စတစ်ကာဖြင့် ဖုံးအုပ်စေခြင်းဖြစ်သည်။

အဆိုပါအခြေအနေများ ဖြစ်ပေါ်လာပြီးနောက် တရားပွဲဖြစ်မြောက်ရေး ကော်မတီနှင့် ညောင်ရွှေအုပ်ချုပ်ရေးမှူး၊ မင်္ဂလာအောင်မြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်တို့ ပါဝင်သော အစည်းအဝေးကို ဇွန်လ ၁ဝ ရက်၊ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးအပြီး ကော်မတီဝင်များ၏ ဆုံးဖြတ်ချက်အရ ဖုံးအုပ်ထားသည့် ၉၆၉ ဂဏန်းများကို ညနေ ၅ နာရီတွင် ပြန်လည်ခွာပစ်ခဲ့ကြသည်။ ''အားလုံး ပြေလည်သွားပါပြီ၊ ကျွန်တော်တို့နဲ့ တရားပွဲဖြစ်မြောက်ရေး ကော်မတီဝင်တွေနဲ့လည်း တွေ့ပြီးပြီ ၉၆၉ ကို ပြန်ခွာတာကတော့ သူတို့သဘောပါပဲ။ ကျွန်တော်တို့ မကန့်ကွက် ပါဘူး'' ဟု ဦးဇော်ဇော်က မဇ္ဈိမကို ပြောသည်။

တရားပွဲကို မြစေတီ ပရိယတ္တိစာသင်တိုက်မှ အရှင်ဝိဇာနန္ဒ၊ မြနန်းစေတီ နန်းဦးပရယတ္တိစာသင်တိုက်မှ အရှင်သဒ္ဓမ္မ၊ မြစေတီရဲကျောင်းပရိယတ္တိစာသင်တိုက်မှ အရှင်ဂန္ဓသာရတို့က ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်များတွင် ဟောကြားမည်ဖြစ်သည်။ တရားပွဲကို ဖြစ်မြောက်အောင် ကြိုးပမ်းသွားမည်ဖြစ်ပြီး အေးအေးချမ်းချမ်းဖြစ်အောင်လည်း ဆောင်ရွက်သွားမည်ဟု တရားပွဲဖြစ်မြောက်ရေးကော်မတီဝင် ကိုဇော်မင်းထူးက မဇ္ဈိမကို ပြောသည်။
++++++++++++++++++++++++++++++++++++++++++++++++
ပုံစာအညွှန်း။ ။ ၉၆၉ အထူးတရားပွဲဟု အမည်ပေးထားသည့် တရားပွဲပိုစတာများတွင် ၉၆၉ ဂဏန်းကို ဒေသခံအာဏာပိုင်တို့က အဖြူရောင်စတစ်ကာဖြင့် ဖုံးအုပ်ခဲ့ရာ တရားပွဲဖြစ်မြောက်ရေးကော်မတီက ပြန်လည်ခွာပစ်ခဲ့သည် (ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ)

Mizzima - News in Burmese

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...