Pages

Tuesday, June 11, 2013

မိုဘိုင်းတာဝါတိုင်များ တပ်ဆင်ရန်အထပ်မြင့် အဆောက်အအုံများ ငှားရမ်းနေ

Photo: မိုဘိုင်းတာဝါတိုင်များ တပ်ဆင်ရန်အထပ်မြင့် အဆောက်အအုံများ 
ငှားရမ်းနေ
Tuesday, June 11, 2013

မန္တလေးမြို့တွင် အဆောက်အအုံမြင့်များပေါ်၌ မိုဘိုင်းတာဝါတိုင်များ တပ်ဆင်ရန်
 လိုက်လံငှားရမ်းမှုများ ရှိလာနေကြောင်း မိုဘိုင်းကုမ္ပဏီများထံမှ သိရှိရသည်။

ငှားရမ်းရာတွင် မြို့တွင်းအထပ်မြင့် အဆောက်အအုံများဖြင့်ပြီး 
ကွန်ရက်ချိတ်မည့် ပင်မတာဝါတိုင်နှင့် လိုင်းမိ သည့် အဆောက်အအုံများကို 
ရွေးချယ် ငှားရမ်းကြကြောင်း၊ မငှားရမ်းမီ လိုင်းမိခြင်းရှိမရှိ 
ကိုစမ်းသပ်ကြသည် ဟုလည်း အထပ်မြင့်အခန်းပိုင်ရှင်များက ပြောသည်။

အထပ်မြင့်ပိုင်ရှင်တစ်ဦးက ''ကျွန်မတို့ အဆောက်အအုံကို ကုမ္ပဏီတစ်ခုကလာ 
ကမ်းလှမ်းထားတာရှိတယ်။ သူတို့ စမ်းသပ်မှုတော့ လုပ်သွားပြီ။ စကားတော့ 
မပြန်သေးဘူး။ တိုင်လာထောင်ဖြစ်ရင်တော့
 ကောင်းပါတယ်။ ကလေးမုန့်ဖိုးရတာပေါ့။ ဒီလိုတိုင်ထောင်တာ မန္တလေးမှာတော့ 
တော်တော်များနေပြီ'' ဟု မဇ္ဈိမကို ပြောသည်။

ငှားရမ်းခအနေဖြင့် တစ်လကျပ် နှစ်သိန်းနှင့် အချို့မှာ ယင်းပမာဏထက် 
ပိုရကြကြောင်း၊ ငှားရမ်းမည့်ကာလမှ ၁၅ နှစ် စာချုပ်ဖြစ်ကာ 
ငှားရမ်းသည့်စာချုပ်မချုပ်ဆိုမီ အဆောက်အအုံပိုင်ရှင်အား စာချုပ်ကို 
လေ့လာခွင့်ပြုမည်ဖြစ်ကြောင်းလည်း ငှားရမ်းသူက ရှင်းပြသည်။

မန္တလေးမြို့တွင် တာဝါတိုင်များ တပ်ဆင်ရန် ငှားရမ်းနေသည့် နိုင်ငံခြား 
ဆက်ယ်ရေး ကုမ္ပဏီများမှာ Huawei,ZTE နှင့် ASP တို့ ဖြစ်သည်ဟုလည်း 
သိရှိရသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းတယ်လီဖုန်းလိုင်း ဝန်ဆောင်မှုလုပ်ဆောင်ရန် 
အဆိုပြုလွှာ တင်သွင်းထားသည့် ကုမ္ပဏီများ အနေဖြင့် လွန်ခဲ့သည့် 
ဒီဇင်ဘာလကတည်းက ကြိုတင်လေ့လာမှုများ ပြုလုပ်ခဲ့ကြကာ ယခုနှစ်မေလနှင့် 
ဇွန်လတွင် တာဝါတိုင်တပ်ဆင်ရန် ငှားရမ်းမှုစတင်နေကြောင်း မိုဘိုင်းဆက်သွယ်ရေး
 ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးက ပြောပြသည်။

မြန်မာနိုင်ငံတွင် တယ်လီကွန်းအော်ပရေတာ လုပ်ကိုင်ခွင့်ရမည့်
 နိုင်ငံခြားကုမ္ပဏီ နှစ်ခု၏ အမည်ကို တင်ဒါ အကဲဖြတ်ရေးကော်မတီမှ ယခုလအတွင်း 
ထုတ်ပြန်ကြေညာသွားရန် ရှိသည်။

Mizzima
 မန္တလေးမြို့တွင် အဆောက်အအုံမြင့်များပေါ်၌ မိုဘိုင်းတာဝါတိုင်များ တပ်ဆင်ရန် လိုက်လံငှားရမ်းမှုများ ရှိလာနေကြောင်း မိုဘိုင်းကုမ္ပဏီများထံမှ သိရှိရသည်။ 


ငှားရမ်းရာတွင် မြို့တွင်းအထပ်မြင့် အဆောက်အအုံများဖြင့်ပြီး ကွန်ရက်ချိတ်မည့် ပင်မတာဝါတိုင်နှင့် လိုင်းမိ သည့် အဆောက်အအုံများကို ရွေးချယ် ငှားရမ်းကြကြောင်း၊ မငှားရမ်းမီ လိုင်းမိခြင်းရှိမရှိ ကိုစမ်းသပ်ကြသည် ဟုလည်း အထပ်မြင့်အခန်းပိုင်ရှင်များက ပြောသည်။ အထပ်မြင့်ပိုင်ရှင်တစ်ဦးက ''ကျွန်မတို့ အဆောက်အအုံကို ကုမ္ပဏီတစ်ခုကလာ ကမ်းလှမ်းထားတာရှိတယ်။
 
 သူတို့ စမ်းသပ်မှုတော့ လုပ်သွားပြီ။ စကားတော့ မပြန်သေးဘူး။ တိုင်လာထောင်ဖြစ်ရင်တော့ ကောင်းပါတယ်။ ကလေးမုန့်ဖိုးရတာပေါ့။ ဒီလိုတိုင်ထောင်တာ မန္တလေးမှာတော့ တော်တော်များနေပြီ'' ဟု မဇ္ဈိမကို ပြောသည်။ ငှားရမ်းခအနေဖြင့် တစ်လကျပ် နှစ်သိန်းနှင့် အချို့မှာ ယင်းပမာဏထက် ပိုရကြကြောင်း၊ ငှားရမ်းမည့်ကာလမှ ၁၅ နှစ် စာချုပ်ဖြစ်ကာ ငှားရမ်းသည့်စာချုပ်မချုပ်ဆိုမီ အဆောက်အအုံပိုင်ရှင်အား စာချုပ်ကို လေ့လာခွင့်ပြုမည်ဖြစ်ကြောင်းလည်း ငှားရမ်းသူက ရှင်းပြသည်။ မန္တလေးမြို့တွင် တာဝါတိုင်များ တပ်ဆင်ရန် ငှားရမ်းနေသည့် နိုင်ငံခြား ဆက်ယ်ရေး ကုမ္ပဏီများမှာ Huawei,ZTE နှင့် ASP တို့ ဖြစ်သည်ဟုလည်း သိရှိရသည်။ မြန်မာနိုင်ငံတွင် မိုဘိုင်းတယ်လီဖုန်းလိုင်း ဝန်ဆောင်မှုလုပ်ဆောင်ရန် အဆိုပြုလွှာ တင်သွင်းထားသည့် ကုမ္ပဏီများ အနေဖြင့် လွန်ခဲ့သည့် ဒီဇင်ဘာလကတည်းက ကြိုတင်လေ့လာမှုများ ပြုလုပ်ခဲ့ကြကာ ယခုနှစ်မေလနှင့် ဇွန်လတွင် တာဝါတိုင်တပ်ဆင်ရန် ငှားရမ်းမှုစတင်နေကြောင်း မိုဘိုင်းဆက်သွယ်ရေး ကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးက ပြောပြသည်။ မြန်မာနိုင်ငံတွင် တယ်လီကွန်းအော်ပရေတာ လုပ်ကိုင်ခွင့်ရမည့် နိုင်ငံခြားကုမ္ပဏီ နှစ်ခု၏ အမည်ကို တင်ဒါ အကဲဖြတ်ရေးကော်မတီမှ ယခုလအတွင်း ထုတ်ပြန်ကြေညာသွားရန် ရှိသည်။

( Mizzima)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...