Pages

Sunday, June 9, 2013

ဝ တပ်ဖွဲ့နှင့် စစ်ရေးတင်းမာမှုကြောင့် အစိုးရတပ် သံချပ်ကာကား ၁၀ စီးကျော် အင်အားထက်ဖြည့်

Photo: ဝ တပ်ဖွဲ့နှင့် စစ်ရေးတင်းမာမှုကြောင့် အစိုးရတပ် သံချပ်ကာကား 
၁၀ စီးကျော် အင်အားဖြည့်
Saturday, June 08, 2013

သံလွင်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်အတွင်း အခြေချ 
လှုပ်ရှားနေသည့် အမှတ် ၁၇၁ စစ်ဒေသ တောင်ပိုင်း ဝ တပ်ဖွဲ့ နှင့် 
မြန်မာစစ်တပ်တို့ကြား စစ်ရေးတင်းမာလျှက်ရှိသောကြောင့် နှစ်ဘက်တပ်အပြိုင် 
အင်အားဖြည့်နေ ကြောင်းစုံစမ်းသိရှိရသည်။

“ဗမာစစ်တပ်က ပုံပါကျင်မှာ အခြေစိုက်တဲ့ နယ်ခြားစောင့်တပ် ၁၀၀၇ ကို ဘယ်မှ 
မပေးသွားတော့ ဘူး။ သူတို့တပ်မှာဘဲ နေခိုင်းတယ်။ စစ်ရေးလည်း 
အသင့်ပြင်ထားကြတယ်။ တောင်ပိုင်း ဝ တပ် ဖွဲ့တွေ လာပစ်မှာစိုးလို့တဲ့။ ဝ 
တပ်ဖွဲ့တွေ လှုပ်ရှားနေတာလည်း မတွေ့ရတော့ဘူး ” ဟု ပုံပါကျင် ဒေသခံတစ်ဦးက 
ပြောပါသည်။

ဂျွန် ၇ ရက် နောက်ဆုံးထား၍ တောင်ပိုင်း ဝ တပ်ဖွဲ့များ မြောက်ပိုင်းတို့ 
တပ်ရုပ်ပြန်ရန် အစိုးရတပ် က ရာဇသံပေးထားကြောင်း၊ သို့သော် ဂျွန်လ ၂ ရက်နေ့ 
တောင်ပိုင်းဝ အစည်းအဝေး ကျင်းပရာတွင် တပ်ရုပ် ပြန်ရေးကိစ္စ 
ဆွေးနွေးခြင်းလုံးဝမရှိခဲ့ကြောင်း၊ ထို့ကြောင့် အစိုးရတပ် ရာဇသံ အတိုင်း ဝ 
တပ်ဖွဲ့မှ တပ်ရုပ်ပြန်ခြင်း မရှိသော ကြောင့် အစိုးရတပ်က သံချပ်ကာကား ၁၄ စီး
 လူအင်အားအပြည့် တင်ဆောင်သည့် စစ် ကားကြီး ၁၀ စီးကို တာချီလိတ်မြို့မှ 
(မိုင်းတုံ၊ မိုင်းဆတ်) မိုင်းတုမ်း မိုင်းကန်း ထိုမှ တောင်ပိုင်း ဝ 
ဌာနချုပ်ဘက် အင်အားဖြည့်ကြောင်း ဒေသအတွင်း သတင်းရပ်ကွက်က ဆိုသည်။

ဤကဲ့သို့ စစ်ရေး တင်းမာလာရခြင်းမှာ မြန်မာစစ်တပ် တပ်ရင်း ၃ ရင်းက 
တောင်ပိုင်း ဝ တပ်ဖွဲ့၏ ရာဘာ စိုက်ခင်းများအား မေလနှောင်းပိုင်းက 
သိမ်းပိုက်လိုက်ခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်သူများက ဆိုသည်။

“မြန်မာစစ်တပ်က ဝ တပ်ရဲ့ ရာဘာစိုက်ခင်းကြီးဆီကို အင်အားအလုံးအရင်းနဲ့ 
တိုးဝင်တယ်။ ဝ ဘက်က နောက်ဆုတ်ပေးလိုက်တော့ သေနတ် တချက်လေးမှ မဖောက်လိုက်ရဘဲ
 ရာဘာစိုက် ခင်းကြီးကို ဗမာတပ်က သိမ်းပိုက်လိုက်တယ်၊ အဲသလိုနောက်ပိုင်း ဝ က
 ထိုင်းနယ်စပ်တကြောလုံး မှာ အင်အားအသင့်ပြင်ဆင်နေရာယူထားနေတယ်အခု” ဟု ၄င်းက
 ဆက်ပြောပါသည်။

ရာဘာစိုက်ခင်းအတွက် ပုံပါကျင်မြို့နယ်ခွဲအားကိုးရသည့် နမ့်ခဲမ်ချောင်းအား ဝ
 တပ်ဖွဲ့မှ ဖြတ်ယူသွယ်တန်းရာ လူထုက သောက်သုံးရေမရှိသည့်အတွက် အာဏာပိုင် 
များ ထံတိုင်ကြားခဲ့ဖူးသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည် တရုတ်နိုင်ငံမှ စစ်တိုက်ရဟတ်ယာဉ်များ 
တင့်ကား များ သံချပ်ကာကားများ ဝယ်ယူရရှိသည်ဟု သတင်းထွက်ပေါ်နေချိန် ၀ 
ခေါင်းဆောင်များက ဝ နယ်အား သျှမ်းပြည်နယ်မှ ခွဲထွက်ပြီး 
နေပြည်တော်လက်အောက်ခံ သီးသန့် ပြည်နယ်တည် ထောင်ခွင့်ပြုရန် 
ဆက်တိုက်တောင်းဆိုလာခဲ့သည်။

သျှမ်းသံတော်ဆင့်
သံလွင်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်အတွင်း အခြေချ လှုပ်ရှားနေသည့် အမှတ် ၁၇၁ စစ်ဒေသ တောင်ပိုင်း ဝ တပ်ဖွဲ့ နှင့် မြန်မာစစ်တပ်တို့ကြား စစ်ရေးတင်းမာလျှက်ရှိသောကြောင့် နှစ်ဘက်တပ်အပြိုင် အင်အားဖြည့်နေ ကြောင်းစုံစမ်းသိရှိရသည်။
“ဗမာစစ်တပ်က ပုံပါကျင်မှာ အခြေစိုက်တဲ့ နယ်ခြားစောင့်တပ် ၁၀၀၇ ကို ဘယ်မှ မပေးသွားတော့ ဘူး။ သူတို့တပ်မှာဘဲ နေခိုင်းတယ်။ စစ်ရေးလည်း အသင့်ပြင်ထားကြတယ်။ တောင်ပိုင်း ဝ တပ် ဖွဲ့တွေ လာပစ်မှာစိုးလို့တဲ့။ ဝ တပ်ဖွဲ့တွေ လှုပ်ရှားနေတာလည်း မတွေ့ရတော့ဘူး ” ဟု ပုံပါကျင် ဒေသခံတစ်ဦးက ပြောပါသည်။

ဂျွန် ၇ ရက် နောက်ဆုံးထား၍ တောင်ပိုင်း ဝ တပ်ဖွဲ့များ မြောက်ပိုင်းတို့ တပ်ရုပ်ပြန်ရန် အစိုးရတပ် က ရာဇသံပေးထားကြောင်း၊ သို့သော် ဂျွန်လ ၂ ရက်နေ့ တောင်ပိုင်းဝ အစည်းအဝေး ကျင်းပရာတွင် တပ်ရုပ် ပြန်ရေးကိစ္စ ဆွေးနွေးခြင်းလုံးဝမရှိခဲ့ကြောင်း၊ ထို့ကြောင့် အစိုးရတပ် ရာဇသံ အတိုင်း ဝ တပ်ဖွဲ့မှ တပ်ရုပ်ပြန်ခြင်း မရှိသော ကြောင့် အစိုးရတပ်က သံချပ်ကာကား ၁၄ စီး လူအင်အားအပြည့် တင်ဆောင်သည့် စစ် ကားကြီး ၁၀ စီးကို တာချီလိတ်မြို့မှ (မိုင်းတုံ၊ မိုင်းဆတ်) မိုင်းတုမ်း မိုင်းကန်း ထိုမှ တောင်ပိုင်း ဝ ဌာနချုပ်ဘက် အင်အားဖြည့်ကြောင်း ဒေသအတွင်း သတင်းရပ်ကွက်က ဆိုသည်။

ဤကဲ့သို့ စစ်ရေး တင်းမာလာရခြင်းမှာ မြန်မာစစ်တပ် တပ်ရင်း ၃ ရင်းက တောင်ပိုင်း ဝ တပ်ဖွဲ့၏ ရာဘာ စိုက်ခင်းများအား မေလနှောင်းပိုင်းက သိမ်းပိုက်လိုက်ခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်သူများက ဆိုသည်။

“မြန်မာစစ်တပ်က ဝ တပ်ရဲ့ ရာဘာစိုက်ခင်းကြီးဆီကို အင်အားအလုံးအရင်းနဲ့ တိုးဝင်တယ်။ ဝ ဘက်က နောက်ဆုတ်ပေးလိုက်တော့ သေနတ် တချက်လေးမှ မဖောက်လိုက်ရဘဲ ရာဘာစိုက် ခင်းကြီးကို ဗမာတပ်က သိမ်းပိုက်လိုက်တယ်၊ အဲသလိုနောက်ပိုင်း ဝ က ထိုင်းနယ်စပ်တကြောလုံး မှာ အင်အားအသင့်ပြင်ဆင်နေရာယူထားနေတယ်အခု” ဟု ၄င်းက ဆက်ပြောပါသည်။

ရာဘာစိုက်ခင်းအတွက် ပုံပါကျင်မြို့နယ်ခွဲအားကိုးရသည့် နမ့်ခဲမ်ချောင်းအား ဝ တပ်ဖွဲ့မှ ဖြတ်ယူသွယ်တန်းရာ လူထုက သောက်သုံးရေမရှိသည့်အတွက် အာဏာပိုင် များ ထံတိုင်ကြားခဲ့ဖူးသည်။

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည် တရုတ်နိုင်ငံမှ စစ်တိုက်ရဟတ်ယာဉ်များ တင့်ကား များ သံချပ်ကာကားများ ဝယ်ယူရရှိသည်ဟု သတင်းထွက်ပေါ်နေချိန် ၀ ခေါင်းဆောင်များက ဝ နယ်အား သျှမ်းပြည်နယ်မှ ခွဲထွက်ပြီး နေပြည်တော်လက်အောက်ခံ သီးသန့် ပြည်နယ်တည် ထောင်ခွင့်ပြုရန် ဆက်တိုက်တောင်းဆိုလာခဲ့သည်။

သျှမ်းသံတော်ဆင့်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...