Pages

Sunday, June 9, 2013

"ဦးဇင်းရဲ့ အင်တာဗျူးပိုစ့်လေးပါ- အားပေးဝေဖန်ပေးပါဦး"

အမေး။ ။ဒီကနေ. လူငယ်-လူရွယ်လေးများ အတုယူ အားကျသွားစေ ရန်အတွက်နဲ့ အရှင်ဘုရားတို့ဆီက အတုယူစရာ-လိုက်နာ ကျင့်ကြံအားထုတ် စရာများကိုမျှဝေပေးပါရန်သာ လျှောက်ထားပန်ကြားခြင်းဖြစ် ပါတယ်ဘုရား။ တကယ်တော့ ဘယ်အင်တာဗျူးမှာမှ သူတို့ ဘယ်လိုတော်ခဲ့တယ်၊ ဘယ်လိုပညာတွေတတ်တယ် ဆိုတာတွေ ကြွားလုံးထုတ်ကြတာတွေကိုတော့ မတွေ့ခဲ့ မရှိခဲ့ပါ။ အရှိကိုအရှိအတိုင်းသာ မေးကြဖြေကြတာကိုပဲ တွေ.ခဲ့မြင်ဖူးခဲ့ပါတယ်။ တကယ်တော့ အရှိကို အရှိအတိုင်းပဲ အရှင်ဘုရားတင်ပြကြတာတွေ.ဖူး ကြုံဖူးပါတယ်ဘုရား။ ဒါ့ကြောင့် အရှင်ဘုရားအနေနဲ့လည်း တကယ့်အတွေ့အကြုံလေးတွေကို လူငယ်လူရွယ်လေးများအတွက် မှတ်သားနာယူစရာများကို မိန့်ကြားပေးတော်မူပါဘုရား။

အဖြေ။ ။"ပညာ နာရာနံသေဋ္ဌံ၊ ပညာလောကသ္မိ့ပဇ္ဇောတော" ဆိုသလိုပေါ့ ပညာက လူတို့ရဲ့အမြတ်ဆုံးတရား၊ ပညာဆိုတာ အရပ်ဒေသအားလုံးကို ထွန်းလင်းတောက်ပစေတယ်။ ပညာရှိမှ အမှား အမှန် အကောင်းအဆိုးကို ခွဲခြားနိုင်မယ်။ ပညာပြည့်ဝမှသာလျှင် ကိစ္စကြီးငယ်ကို ဆောင်ရွတ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်ပညာကို ကြိုးစားပြီးသင်ကြားကြပါလို့ လူငယ်များကိုတိုက်တွန်းချင်ပါတယ်။ ဦးဇင်းဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲမှာ ဂျပန်နိုင်ငံက လေယာဉ်ဆိပ်မှာ တခြားနိုင်ငံကလာတဲ့ အထုပ်တွေကို ရဲတွေနဲ့ ခွေးတွေက စစ်ဆေးတယ်တဲ့။ ဘာကိုစစ်ဆေးသလဲဆိုရင် တခြားနိုင်ငံက မျိုးစေ့တွေကို ဂျပန်နိုင်ငံထဲ သယ်လာသလားဆိုတာကို စစ်ဆေးတာ။ ချဉ်ပေါင်းတစ်စေ့၊ နှမ်းတစ်စေ့၊ ဆန်စပါးတစ်စေ့ စသည်ဖြင့်ပေါ့လေ။ အဲဒီမျိုးစေ့တွေကို ဂျပန်က မစစ်ဆေးဘဲလွတ်လိုက်ရင် အဲဒီမျိုးစေ့တွေကိုစိုက်ပြီး အပင်တွေပေါက်၊ အသီးတွေဖြစ်ပြီး ဂျပန်နိုင်ငံကအပင်တွေ အသီးတွေကို အဲဒီမျိုးစေ့တွေ ဝါးမျိုလိုက်ပြီး ရောထွေးသွားရင် ဂျပန်နိုင်ငံက အစစ်အမှန်မျိုးစေ့တွေ ပျောက်ကွယ်သွားမှာစိုးလို့တဲ့။ ဆိုလိုတာက ဂျပန်နိုင်ငံရဲ့ အမျိုးဘာသာ သာသနာနဲ့ ပတ်သတ်တဲ့ အသိပညာကိုပြလိုက်တာပါ။ မျိုးစေ့တောင်မှအခြားနိုင်ငံက မျိုးစေ့တွေနဲ့ အရောမခံနိုင်ဘူးဆိုရင်၊ လူမျိုးတွေကိုလည်းအခြားလူမျိုးတွေနဲ့အရောမခံနိုင်တဲ့အကြောင်း၊ အရော အနှောခံလိုက်ပါက မျိုးစေ့အစစ်အမှန်တွေ ကွယ်ပျောက်သွားသလို ဂျပန်နိုင်ငံသား အစစ်အမှန်တွေ ပျောက်ကွယ်သွားမည်ဖြစ်ကြောင်း ပြသလိုက်တာ။ ဒါကြောင့်လူငယ် လူရွယ်များအနေနဲ့လည်း လူမျိုးခြားများနှင့် သွေးနှောတာမျိုး၊ ရောနှောတာမျိုး မလုပ်ကြပါနဲ့လို့ ပြောချင်ပါတယ်။ ဦးဇင်းတို့ဒီမှာ ပညာသင်ကြားရတာ မြန်မာနိုင်ငံနဲ့မတူဘူး။ ဆွမ်းခံလို့မရဘူး။ ကိုယ်တိုင်ဈေးသွားတယ်။ ကိုယ်တိုင်ချက်တယ်။ မင်း စာကျက်ပါလို့ တိုက်တွန်းမယ့် အုပ်ထိန်းသူဆရာသမားမရှိဘူး။

ကိုယ့်အသိနဲ့ကိုယ်ကြိုးစားကြရတာဆိုတော့ မြန်မာလူငယ်လေးများ အနေနဲ့ ကြိုက်ရာသင်တန်းတွေ ကျူရှင်တွေလည်းတက်ခွင့်ရတယ်။ အုပ်ထိန်းသူတွေရဲ့ အားပေးမှုကိုလည်းရနေတယ်။ အချိန်တန်ရင် ထမင်းဝိုင်းကို အဆင်သင့် ဝင်စားနိုင်ကြတယ်။ လုပ်ရမှာက ပညာတစ်ခုတည်းကိုပဲ ကြိုးစားကြရမှာဆိုတော့ ဦးဇင်းတို့တောင် ဒုက္ခများကြားကနေ ကြိုးစားနိုင်သေးရင် ငါ့တို့လည်းဘာလို့ မကြိုးစားနိုင်ရမှာလဲဆိုတဲ့ စိတ်ဓာတ်လေးမွေးပြီး ပညာသင်ကြားကြပါလို့ တိုက်တွန်းလိုပါတယ်။ နောက်တစ်ခုက ပညာတတ်ရုံလောက်မဟုတ်သေးဘဲ၊ အသိတရားလေးလည်း ရှိဖို့ လိုအပ်ပါသေးတယ်။ အဲဒီအသိတရားက တခြားမဟုတ်ဘူး။ အမျိုး ဘာသာ သာသနာကို တန်ဘိုးထား ချစ်မြတ်နိုးတတ်တဲ့ အသိတရားပင်ဖြစ်ပါတယ်။ ပညာတတ်ရုံနဲ့ အမျိုးဘာသာ သာသနာကို ချစ်လိမ့်မယ် တန်ဘိုးထားလိမ့်မယ်လို့ တစ်ထစ်ချ ပြောလို့မရသလို ပညာတတ်တာနဲ့ အမျိုး ဘာသာ သာသနာချစ်တာ တခြားစီပါ။ ပညာတတ်ပြီး အမျိုး ဘာသာ သာသနာမချစ်ဘဲ အမျိုးဖျက်တာတွေ ဘာသာဖျက်တာတွေ များစွာတွေ့ဖူးထားလို့ပါ။ အမျိုးချစ်ရုံ ဘာသာမြတ်နိုးရုံနဲ့လည်း မပြီးပြန်သေးဘူး။ ဆိုလိုတာက ပညာတော့မတတ်ဘူး။ အမျိုးဘာသာ သာသနာကိုချစ်တယ် မြတ်နိုးတယ်ဆိုရင် တစ်ဝက်လောက်တော့ကောင်းပါတယ်။ အပြည့်အဝ မကောင်းပါဘူး။ ဘာကြောင့်လည်းဆိုတော့ ပညာဆိုတာ အပေါ်က ပြောခဲ့သလို အကောင်း အဆိုး အကြောင်းအကျိုးကို ခွဲခြားဝေဖန်နိုင်တယ်။ အဲတော့ ပညာမတတ်ရင် အကောင်းအဆိုး(ဥပမာ) ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေကို သတ်ဖြတ်စော်ကားနေတဲ့ ဘာသာခြားတွေကို အမိမြန်မာနိုင်ငံမှာ ထားသင့် မထားသင့်၊ ရာထူး ဌာနန္တရတွေပေးသင့် မပေးသင့်၊ စီးပွားရေးကိစ္စတွေမှာလည်း နေရာပေးသင့် မပေးသင့်စသည်ဖြင့်ပေါ့ သို့လော သို့လောနဲ့ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်လို့မရဖြစ်တတ်တယ်။ ဒါကြောင့် ပညာလည်းတတ်ရမယ်။ အမျိုး ဘာသာ သာသနာကိုချစ်တတ်တဲ့ မြတ်နိုးတတ်တဲ့ ချစ်ရကောင်းမှန်း မြတ်နိုးရကောင်းမှန်း တန်ဘိုးထားရကောင်းမှန်းဆိုတဲ့ အသိတရားလေးလည်း ထားရပါမယ်။
ဒါမှသာလျှင် အနာဂတ်မြန်မာနိုင်ငံတော်ကြီးကို အမျိုးချစ်စိတ် ဘာသာမြတ်နိုးစိတ် သာသနာတန်ဘိုးထားတဲ့ အသိတရားရှိတဲ့ ပညာတတ် ပညာရှိလူငယ်များက နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ သာသနာတော်တို့ကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

အမေး။ ။အရှင်ဘုရားရဲ့ လက်ရှိဘဝမှာ ဘယ်လိုရည်ရွယ်ချက်များနဲ့ လှုပ်ရှား ကြိုးပမ်း အားထုတ်နေတယ်ဆိုတာလေးကိုလည်း သိခွင့်ပြု ပါဘုရား ။
အဖြေ။ ။ အမျိုးဘာသာ သာသနာအကျိုးကို တစ်ဖက်တစ်လမ်းကနေ၊ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ဦးဇင်းရဲ့ ဘဝတစ်ခုလုံးကို သာသနာအတွက် လူမျိုးအတွက် နှစ်ပြီး ဘွဲ့ဆိုတာထက် စာပေတွေကို သင်ကြားနေသလို တစ်ဖက်ကလည်း ဘာသာရေးပိုစ့်တွေ၊ အမျိုးသားရေးပိုစ့်တွေကို ရေးသားဖြန့်ဝေပေးနေပါတယ်။ စာရေးခါစကတော့ ဘာသာရေးသီးသန့်ကို ရေးသားဖြန့်ဝေခဲ့တာပါ။ ဒါန သီလ သမထ ဝိပဿနာ စတဲ့ ဆောင်းပါးများကို ရေးသားဖြန့်ဝေပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဘာသာရေးတစ်မျိုးတည်းကိုပဲ ဇောက်ချရေးနေလို့ ဖြန့်ဝေနေလို့ မရတော့တဲ့ အနေထားမျိုးကို ရောက်နေပါပြီ။ ဒါကြောင့် အမျိုးသားရေး ပိုစ့်များကို ရေးသားဖြန့်ဝေပြီး အမျိုးဘာသာသာသနာကို တန်ဘိုးထားတတ်ဖို့ရယ်၊ ဘာသာခြား လူမျိုးခြားများကို ဈေးဝယ်ခြင်း၊ ပေါင်းသင်းဆက်ဆံခြင်း၊ အိမ်ထောင်ပြုခြင်း စတဲ့ အချက်အလက်များကို လုံးဝ မလွန်ကျူးမိအောင် ဘာသာခြားတွေရဲ့ ဗုဒ္ဓဘာသာဝင်တွေအပေါ် နှိပ်ကွက်ဖျတ်ဆီးနေတာကိုသိမြင်စေဖို့နဲ့ ဗုဒ္ဓဘာသာဝင်များအနေနဲ့ မိမိဘာသာ လူမျိုး သာသနာကို မိမိအသက်ထက် တန်ဘိုးထားတတ်စေချင်တဲ့ ရည်ရွယ်ချက်မျိုးနဲ့ အမျိုးသားရေးပိုစ့်များကိုပါ ဖြန့်ဝေပေးနေပါတယ်။ ဒါန သီလ သမထ ဝိပဿနာဆိုတဲ့ တရားတွေကို ဆရာတော်ဘုရားကြီးတော်တော်များများဟောနေတာ ပြောနေတာ ရေးသားနေတာမို့ ဦးဇင်းအနေနဲ့(ဆရာတော်ဦးဝီရသူ-ပြောသလို နောက်တန်းဆင်းပြီး ဂိုးမပေးရအောင် ) အသေအကြေဖျတ်ထုတ်ကာကွယ်တဲ့အနေနဲ့ အမျိုးသားရေးပိုစ့်များကို ရေးသားဖြန့်ဝေခြင်းဖြစ်ပါတယ်။ နိဗ္ဗာန်ရောက်အောင် တရားအားထုတ်နိုင်တာ အလွန်ကိုကောင်းမွန်ပါတယ်။ ဒါပေမယ့် အခုအချိန်က နိဗ္ဗာန်ရောက်ဖို့ထက် နိဗ္ဗာန်ရောက်ကြောင်း တရားကောင်း တရားမြတ်တွေ၊ အဆုံးမကောင်း၊ အဆုံးအမမြတ်တွေရှိနေတဲ့သာသနာ၊ နိဗ္ဗာန်ကို ပို့ပေးတဲ့ နိဗ္ဗာန်ကိုညွှန်ပြပေးတဲ့ သာသနာမကွယ်ပျောက်ဖို့က အရေးကြီးတဲ့အချိန်ဆိုတော့ ဘာပဲဖြစ်ဖြစ် အမျိုးသားရေးပိုစ့်များကို ရေးသားပြီး အသိတရားတွေရအောင်၊ ရလာတဲ့ အသိတရားများနဲ့ အမျိုး ဘာသာ သာသနာကိုချစ်မြတ်နိုး တန်ဘိုးထားတတ်အောင်၊ ထိုအသိတရားဖြင့်ပင် တစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုသလို ဘာသာခြားများနှင့် စီးပွားရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ ကင်းရှင်းအောင်ရယ်၊ အပေါ်ကပြောခဲ့သလို အမျိုး ဘာသာ သာသနာကိုချစ်မြတ်နိုး တန်ဘိုးထားတတ်အောင်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ဘာသာရေး လူမျိုးရေး အမျိုးသားရေးပိုစ့်များကို ရေးသားဖြန့်ဝေပေးနေပါတယ်။ နောက်တစ်ချက်က အမြင်မကျယ်တဲ့ ကျေးရွာလေးများကို သွားရောက်ပြီး တတ်နိုင်သလောက် အဝတ်အထည်၊ စာရေးကိရိယာ၊ စားသောက်ဖွယ်ရာများကို မြန်မာပြည် ပြန်ရောက်တိုင်း ပရဟိတအနေနဲ့ လုပ်ဖြစ်ပါတယ်။ စာသင်ပြီးသွားရင်တော့ ဒီထက်ပိုပြီး ဇောက်ချလုပ်ကိုင်သွားပါမယ်။ အချုပ်အားဖြင့် အမျိုး ဘာသာ သာသနာ့အကျိုးကို အခုလည်းတတ်စွမ်းသလောက် ဆောင်ရွတ်နေသလို နောင်လည်း ဒီထက်ဆောင်ရွတ်နိုင်အောင် ကြိုးစားသွားမှာပါ။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...