Pages

Saturday, June 29, 2013

ကျောက်လာဝယ်သူ တရုတ်နိုင်ငံသားနှစ်ဦး သိန်း ၁၅၀ တန်ဖိုးရှိ ကျောက်များ ခိုးယူဟုဆို

မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေး သာစံမြို့နယ် ပတ်ကုန်း ဝန်းကျင် ရပ်ကွက်ရှိ အောင်သပြေ ကျောက် မျက်ရတနာ ရောင်းဝယ်ရေး ဆိုင်သို့ ကျောက်လာ ဝယ်သူ တရုတ်နိုင်ငံ သားနှစ်ဦး ကျပ်သိန်း ၁၅၀ တန်
ဖိုးရှိ ကျောက်မျက်ထည်များ ခိုးယူမှု ဇွန်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု အဆိုပါ ကျောက်မျက် ရတ
နာဆိုင်၏ ပြောကြား ချက်အရ သိရှိရသည်။
အဆိုပါနေ့ မွန်းလွဲ ၁နာရီ ၃၅မိနစ်ခန့်က တရုတ်နိုင်ငံသား နှစ်ဦးသည် ပတ္တမြား အပွင့်ထဲမှ အရည်ကောင်း
ကို ဝယ်ယူရန် ကျပ်သိန်းတစ်ရာခန့် တန်ဖိုးရှိ နီလာ စိန်ပတ်လည်လက်စွပ်တစ်ကွင်းနှင့် ကျပ်သိန်း ၅၀တန်
ဖိုးရှိ ကျောက်စိမ်း၊ စိန်၊ ရွှေပါဆွဲသီးတစ်ခု ကြည့်ရှုပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း မန္တလေး
တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။
အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးသည် ဆိုင်တာဝန်ခံကို ဗီဇာကတ်ဖြင့် ဝယ်ယူ၍ ရမည်လားဟု မေးပြီး ပြန်
လာမည်ဟု ပြောကာ ထွက်သွားပြီးနောက် ယင်းကဲ့သို့ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်
ဖွဲ့မှူးရုံးထံမှ ထပ်မံသိရှိရသည်။
"အခု ရဲက လိုက်နေတုန်းပဲ ရှိသေးတယ်။ အမှုဖွင့်ထား ပါတယ်" ဟု အောင်သပြေ ကျောက်မျက်ရောင်း
ဝယ်ရေး ဆိုင်လုပ်ငန်းရှင် ဦးကျော်ကျော်ခိုင်က The Voice သို့ ပြောကြားသည်။
အဆိုပါ တရုတ်နိုင်ငံသားနှစ်ဦးကို ဆိုင်အရောင်း တာဝန်ခံက ချမ်းအေးသာစံမြို့နယ် အမှတ်(၃)ရဲစခန်း
တွင် တရားလိုပြု၍ အမှုအမှတ် (ပ)၃၀၁/၂၀၁၃၊ ပုဒ်မ ၃၈၀ အရ အမှုဖွင့် တိုင်တန်းထားကြောင်း အဆို
ပါ ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
(ဖြိုးဖြိုးဇော်)
 
The Voice Weekly
 

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...