မန္တလေးတိုင်း ဒေသကြီး အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) က အမျိုးဘာသာ သာသနာ ထိန်း
သိမ်း စောင့်ရှောက်ရေး ဆရာတော်များ စီစဉ်နေသော မျိုးစောင့်ဥပဒေ ပေါ်ထွက်ရေး အဆိုကို ထောက်ခံ
သည့် လှုပ်ရှားမှုတစ်ခု မန္တလေး ခရိုင်လေးမြို့နယ်တွင် ဇွန်လ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ယင်းပါတီ
ထံမှ သိရှိရသည်။
"ကျွန်တော်တို့ မန္တလေး လေးမြို့နယ် မှာ မျိုးစောင့်ဥပဒေကို ထောက်ခံခြင်းနဲ့ တိုင်းမ်မဂ္ဂဇင်းကို ကန့်ကွက်
တဲ့ Campaign လုပ်ပါတယ်။ ထောက်ခံကြောင်းနဲ့ ဆန့်ကျင် ရှုတ်ချကြောင်း ပါတဲ့ စာရွက်တစ်သောင်းခန့်
ဝေပါတယ်" ဟု ယင်းပါတီ ဗဟိုကော်မတီဝင် မန္တလေးတိုင်းဒေသကြီး လူငယ်တာဝန်ခံ ဦးစည်သူအောင်က
The Voice သို့ ပြောကြားသည်။
ယင်းပါတီမှ အဖွဲ့ဝင်အင်အား ၅၀ ခန့်သည် ပုသိမ်ကြီး မဟာအောင်မြေ၊ အောင်မြေသာစံ၊ ချမ်းမြသာစည်
မြို့နယ်တို့ရှိ ဈေးနှင့် လူစည်ကားသည့်နေရာများတွင် ယင်းအစီအစဉ်ကို ပြုလုပ်ခဲ့ကြောင်း ၄င်းကဆိုသည်။
တိုင်းမ်မဂ္ဂဇင်း၏ ဖော်ပြချက်သည် နှစ်ပေါင်းထောင်ချီ၍ တည်တံ့ခိုင်မြဲလာသော မြန်မာနိုင်ငံသား အများစု
ကိုးကွယ်ရာ ဗုဒ္ဓဘာသာ အပေါ် အထင် အမြင် လွဲမှားစေပြီး လက်ရှိ ဆောင်ရွက်နေသည့် ဘာသာပေါင်းစုံ
ညီညွတ်ရေးအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေမှုကို ထိခိုက်စေခြင်း ဖြူစင်သန့်ရှင်း လွတ်
လပ်ပွင့်လင်းသည့် မြတ်ဗုဒ္ဓ၏ ငြိမ်းချမ်းသော ဘာသာတရားကို အကြမ်းဖက်ဝါဒီအဖြစ် အရုပ်ဆိုးအကျည်း
တန်အောင် ရေးသားချက်များ အားလုံးကို အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီက ရဲဝံ့ပြတ်သားစွာ ရှုတ်
ချကန့်ကွက်ကြောင်းနှင့် NDF ပါတီမှ လွှတ်တော်ကိုယ် စားလှယ်များ လွှတ်တော်အသီးသီးသို့ တင်ပြ၍ သ
ဘောထား ကြေညာချက် တစ်ရပ် အမြန်ထုတ်ပြန်ပေးရန် တင်ပြသွားမည့် အဆိုကို ကြိုဆိုပါကြောင်း ယင်း
ပါတီက ပြုလုပ်သည့် လှုပ်ရှားမှုတွင် ဖြန့်ဝေသောစာ၌ ဖော်ပြပါရှိသည်။
The Voice Weekly
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...