Pages

Wednesday, June 26, 2013

မလေးရှား တွင် မွတ်ဆလင်များ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် သေဆုံးသူ ဗုဒ္ဓဘာသာဝင် မြန်မာ သုံးဦး သဂြုင်္ိဟ်ရန် ကျန်ရှိ

မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများကြောင့် သေဆုံးခဲ့သူ ခုနစ်ဦးအနက် သုံးဦးမှာ သံရုံးမှ ခွင့်ပြုချက် စောင့်ဆိုင်းနေရသေးသဖြင့် သဂြုင်္ိဟ်ရန် ကျန်ရှိနေသေးကြောင်း ကပုန်း ခုနစ်ရက် သားသမီး နာရေးကူညီမှု အသင်းထံက စုံစမ်း သိရှိရသည်။

 အဆိုပါ အကြမ်းဖက်မှုများကြောင့် သေဆုံးသူ ခုနစ်ဦး၊ အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိသူ ခုနစ်ဦး နှင့် အနည်းငယ် ထိခိုက် ဒဏ်ရာရသူ ငါးဦးရှိကြောင်း သေဆုံးသူ တစ်ဦးကို မြန်မာနိုင်ငံသို့ ပြန်လည် သယ်ဆောင် သဂြုင်္ိဟ်ခဲ့ကြောင်း ကျန် သေဆုံးသူများအနက် သုံးဦးကို မလေးရှားတွင် သဂြုင်္ိဟ်ခဲ့ပြီး ကျန်ရှိသည့် သုံးဦးကို မလေးရှားနိုင်ငံတွင် သင်္ဂြိုဟ်ရန် စီစဉ်နေကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

 မလေးရှားနိုင်ငံတွင် မေလ ၂၉ ရက် နေ့မှ ဇွန်လ ၁ ရက်နေ့ထိ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများတွင် သေဆုံးသူ ခုနစ်ဦးကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ နှစ်ထောင့်ငါးရာနှုန်း၊ အပြင်းအထန် ဒဏ်ရာ ရရှိသူ ခုနှစ်ဦးကို တစ်ဦးလျှင် ကန်ဒေါ်လာ နှစ်ထောင်နှုန်း၊ အနည်းငယ် ထိခိုက်ဒဏ်ရာရသူ ငါးဦးကို တစ်ဦးလျှင် ကန်ဒေါ်လာ တစ်ထောင်နှုန်းဖြင့် စုစုပေါင်း ၁၉ ဦးကို ကပုန်း ခုနစ်ရက်သားသမီး နာရေးကူညီမှု အသင်းက ထောက်ပံ့ကြေးငွေ ပေးအပ်ခဲ့ကြောင်း ယင်းအသင်းထံမှ သိရသည်။

 မလေးရှားနိုင်ငံတွင် သေဆုံးသူများကို မလေးရှားနိုင်ငံ၏ ဥပဒေအရ ချက်ချင်း သဂြိုဟ်၍ မရကြောင်း အထူးသဖြင့် အလုပ်သမားများ၏ မိဘဆွေမျိုးများ၏ ခွင့်ပြုချက်ကို ရယူရကြောင်း၊ ယင်းတို့၏ ခွင့်ပြု ချက်မရဘဲ သဂြုင်္ိဟ်လိုက်ပါက တရားစွဲဆို၍ ရနိုင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က ရှင်းလင်း ပြောကြားခဲ့သည်။

 မလေးရှားနိုင်ငံတွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများကြောင့် ထိခိုက် ဒဏ်ရာရသူများထဲမှ ပြန်လည် ရောက်ရှိလာသော ထိခိုက် ဒဏ်ရာရသူ ခုနစ်ဦးခန့် ရန်ကုန်မြို့ ဝိတိုရိယ ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိပြီး ၎င်းတို့အနက် တစ်ဦးမှာ ဆေးရုံမှ ပြန်လည် ဆင်းသွားပြီဖြစ်ကြောင်း ၎င်းတို့ကို ဆေးရုံတင် ကုသနိုင်ရန် တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးသော ဧရာဝတီ ဖောင်ဒေးရှင်းမှ ပြန်ကြားရေး တာဝန်ခံ ဦးမိုးဝေက ပြောကြားသည်။

 မလေးရှားနိုင်ငံတွင် အကြမ်းဖက်မှုများ ဖြစ်ပွားအပြီး ဇွန်လ ၂၄ ရက်နေ့အထိ မြန်မာနိုင်ငံသို့ မြန်မာ လုပ်သား ၅၀၀ ကျော်ခန့် ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရသည်။


From : .. the voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...