၁။ ဗုဒ္ဓဘာသာသည် ကမ္ဘာ့အကောင်းဆုံး ဘာသာအဖြစ် နိုင်ငံတကာအသိအမှတ်ပြု ခံထားရသည့် အားလျော်စွာ ဗုဒ္ဓဘာသာခေါင်းဆောင်များနှင့် ဗုဒ္ဓဘာသာဝင်တို့သည်လည်း မည်သည့်ပဋိပက္ခမျိုးမှ မဖြစ်စေလိုဘဲ ငြိမ်းအေးစွာ နေထိုင်လိုသူများဖြစ်သည်။
၂။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာ နေထိုင်ရေးမူကို အားပေးထောက်ခံသည်။
၃။ ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာရဟန်းတော်များ၏ ဂုဏ်သိက္ခာကို မှေးမှိန်ငြှိုးနွမ်းအောင် မှားယွင်းစွာ စွပ်စွဲရေးသားသည့် လုပ်ရပ်မှန်သမျှကို ကန့်ကွက်သည်။
၎။ ယခုလက်ရှိ ဖြစ်ပေါ်နေသော ပြည်တွင်း ပြည်ပ ပဋိပက္ခအခြေအနေများနှင့် ပတ်သက်၍ -
(က) ဝမ်းနည်းကြောင်း မှတ်တမ်းတင်သည်။
(ခ) ပဋိပက္ခကြောင့် ဒုက္ခရောက်နေကြသည့် နိုင်ငံသားအားလုံးကို ကူညီထောက်ပံ့နေကြသော နိုင်ငံတော်အစိုးရနှင့် အဖွဲ့အစည်းအသီးသီး လူပုဂ္ဂိုလ်အသီးသီးတို့အား ကျေးဇူးတင် ဝမ်းမြောက်ကြောင်း မှတ်တမ်းတင်သည်။
(ဂ) ကူညီလိုသော ပုဂ္ဂိုလ်များ၏ ထောက်ပံ့ကူညီမှုကို လက်ခံဆောင်ရွက်ရန် မှော်ဘီဓမ္မဒူတ ဆရာတော်အား တာဝန်ပေးအပ်သည်။
၅။ ကြွရောက်လာကြသော သံဃာတော်အရှင်မြတ် (၂၂၇)ပါးတို့က သြဝါဒခံယူပွဲနှင့်ပတ်သက်၍ အသေးစိတ် ညှိနှိုင်းတိုင်ပင် ဆွေးနွေးနိုင်ဖို့အတွက် အစုအဖွဲ့ ကဏ္ဍ (၇)ခု ခွဲ၍ ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းကဏ္ဍ (၇)ခုမှာ
(က) ပဋိပက္ခကို ဗုဒ္ဓနည်းကျ ဖြေရှင်းရေးကဏ္ဍ၊
(ခ) ငြိမ်းချမ်းစွာ နေထိုင်ရေးအတွက် ဥပဒေဆိုင်ရာကဏ္ဍ၊
(ဂ) နိုင်ငံသားအားလုံး ငြိမ်းချမ်းစွာနေနိုင်ရေးကဏ္ဍ၊
(ဃ) ငြိမ်းချမ်းရေးကို ဦးတည်သော ပညာရပ် လေ့လာရေးကဏ္ဍ၊
(င) သတင်းနှင့် ပြန်ကြားရေးကဏ္ဍ၊
(စ) အဖွဲ့အစည်း အဆင့်ဆင့် စေ့စပ်ညှိနှိုင်းရေးကဏ္ဍ၊
(ဆ) ငြိမ်းချမ်းရေးကို ဦးတည်သော အသိပေး စည်းရုံးရေးကဏ္ဍ- တို့ဖြစ်ပါသည်။
ဘဒ္ဒန္တဒေါက်တာဓမ္မပိယ
တာဝန်ခံဆရာတော်
ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြဝါဒခံယူ အကြိုညှိနှိုင်းဆွေးနွေးပွဲကြီး
၁၃၇၅ ခု၊ နယုန်လဆန်း (၆)ရက်၊ (၁၄-၆-၂၀၁၃)
—
.. www.MyanmarExpress.net
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...