Pages

Sunday, June 16, 2013

၂၀၁၅ တွင် မဲအများစု အနိုင်ရပါက သူရဦးရွှေမန်းကို ကြံ့ခိုင်ရေးပါတီ သမ္မတ တင်သွင်းမည်

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ် အများစု အနိုင်ရပါက သူရဦးရွှေမန်းကို နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ရန် ရွေးချယ်တင်သွင်းမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။ အမေရိကန်နိုင်ငံသို့ 


ရောက်ရှိနေသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဝါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ အမေရိကရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံစဉ် ၂၀၁၅ ရွေးကောက်ပွဲ၌ သမ္မတတာဝန်ယူရန် ဆန္ဒရှိကြောင်း ပြောကြားခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌက အထက်ပါအတိုင်း အတည်ပြုခဲ့ခြင်း ဖြစ်သည်။ “ပါတီဥက္ကဋ္ဌကြီးကို ၂၀၁၅ မှာ သမ္မတအဖြစ် တင်မြှောက်ဖို့ သဘောတူပါတယ်။ မဲအများဆုံးရရင် သမ္မတဖြစ်မှာပဲ” ဟု ဦးဌေးဦးက ဆိုသည်။ ကြံ့ခိုင်ရေးပါတီ မဲအများဆုံးရှိရန် ပြည်သူလူထု အပေါ်သာ မူတည်ပြီး ၄င်းတို့ပါတီကို ပြည်သူလူထုက မဲပေးမည်ဟု ယုံကြည်ကြောင်း ၄င်းကဆက်လက် ပြောကြားသည်။ သူရဦးရွှေမန်းသည် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်တွင် နာယကအဖြစ် တာဝန်ယူရမည် ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို စတင်ကျင့်သုံးနိုင်ရန် ဇွန်လ ၂၅ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများသို့ တင်သွင်းသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်

the voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...