Pages

Thursday, June 27, 2013

ရန်ကုန်မှာ ကျင်းပမယ့် ရှစ်လေးလုံး ငွေရတုကို မိုးသီးဇွန် တက်မယ်

ဇွန်လ ၂၇ ရက် ၂၀၁၃

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာ ရှစ်လေးလုံး ငွေရတု အထိမ်း အမှတ်ပွဲ ကျင်းပမှာဖြစ်ပြီး အဲဒီအခမ်းအနားကို အမေရိကန် ပြည်ထောင်စုရောက် ရှစ်လေး လုံး ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးမိုးသီးဇွန် တက်ရောက်ဖို့ ရှိပါတယ်။

ရှစ်လေးလုံးကာလ ထင်ရှားတဲ့ ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမိုးသီးဇွန်ဟာ အဆိုပါ ရှစ်လေးလုံး ငွေရတု အထိမ်းအမှတ်ပွဲ တက်ရောက်ဖို့ မြန်မာသံရုံးက ဗီဇာ ရပြီးဖြစ်တယ်လို့လည်း ဦးမိုးသီးဇွန်က ဧရာဝတီကိုပြောပါတယ်။

"ကျနော် ဗီဇာ ၃ လ ရထားပြီးပါပြီ" လို့ သူက ပြောပါတယ်။

ရှစ်လေးလုံး ကာလ၁၉၈၈ခုနှစ်သြဂုတ်လ၂၈ရက်နေ့မှာတော့ဗကသလို့အမည်ရှိတဲ့  ကျောင်းသား သမဂ္ဂကို ရန်ကုန် တက္ကသိုလ် သမဂ္ဂ ရင်ပြင်မှာ ကြေညာခဲ့စဉ်က ဥက္ကဋ္ဌအဖြစ် ကိုမင်းကိုနိုင်၊ ဒု ဥက္ကဋ္ဌ အဖြစ် ကိုကိုကြီးနဲ့ အထွေထွေအတွင်းရေးမှူးအဖြစ်ကိုမိုးသီးဇွန်တို့ ဖြစ်ပြီးဒါဟာ နှစ်ပေါင်း  ၂၆ နှစ် အကြာ မှာ ကျောင်းသား သမဂ္ဂကို ပြန်လည် အသက်သွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဦးမိုးသီးဇွန်ရဲ့ မြန်မာပြည် ဒီတခေါက်သွားမယ့်ခရီးဟာ ဒုတိယ အကြိမ်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်ပိုင်း လွန်ခဲ့တဲ့ နှစ်ကလည်း မြန်မာနိုင်ငံကို ပထမဆုံး သွားရောက်ခဲ့ပါသေးတယ်။

အဲဒီခရီးစဉ်အတွင်းမှာ တချိန်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံ ပြောင်း လဲရေး လုပ်ငန်းတွေမှာ ဘယ်လို ပါဝင်ကူညီလုပ်ဆောင်ရမလဲ ဆိုတာတွေလည်း ဆွေးနွေးမှုတွေ လုပ်ခဲ့ တာပါ။

ဦးမိုးသီးဇွန် ၁၉၈၉ ခုနှစ်ကတည်းက မြန်မာနိုင်ငံက ထွက်ခွာလာခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ရဲ့ ဥက္ကဋ္ဌ တာဝန်လည်း ထမ်းဆောင် ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံကမထွက်ခွာခင်၁၉၈၈ခုနှစ်ရှစ်လေးလုံးကာလထင်ရှားတဲ့ ကျောင်းသား ခေါင်းဆောင် အဖြစ်ကနေ လူငယ် ကျောင်းသားများ အများစု စုဖွဲ့ထားတဲ့ ထိုစဉ်က ဒုတိယ အကြီးဆုံး အတိုက် အခံ ပါတီ ကြီးတခုဖြစ်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌတာဝန်လည်း ထမ်းဆောင် ခဲ့ဖူးပါတယ်။

IrrawaddyBLog

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...