Pages

Thursday, June 27, 2013

“ဘတ်စ်ကားခေါင်မိုးကိုကိုင်လျက် လေပေါ်ပျံသန်းပြသည့် ဒိုင်နမို၏ မျက်လှည့်စွမ်း”

လူအများကို ထူးထူးဆန်းဆန်းများဖြင့် အံ့ဩစေတတ်သူ ပဉ္စလက် ပညာရှင် ဒိုင်နမို (#Dynamo)တစ်ယောက် ကမ္ဘာလှည့် ခရီးသည်များကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့ပြန်သည်။ #Pepsi  ၏ ကြော်ငြာကဏ္ဍတွင် ပါဝင်ကူညီခဲ့သည့် ဒိုင်နမိုသည်


ဗြိတိန်တွင် ကမ္ဘာလှည့် ခရီးသည်များ လိုက်ပါလာသည့် နှစ်ထပ်ဘတ်စ်ကားကြီး၏ နံဘေးတွင် လက်တစ်ဖက်ထဲဖြင့် ထိထားကာ လေပေါ်ပျံသန်း လိုက်ပါလာပြီး မျက်လှည့် ပညာစွမ်း ပြသခဲ့သည်။ ဒိုင်နမိုက အဆိုပါ မျက်လှည့် ပညာခန်းသည် #Pepsi #MAX အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Daily Mailသို့ ရှင်းပြခဲ့သည်။

"ရူးလောက်တဲ့ ကိစ္စတစ်ခုပေါ့။ ကျွန်တော်က ဒီအကြံအစည်ကို Pepsiကို ပြောပြတယ်။ သူတို့က သဘောကျတယ်။ ရက်နည်းနည်းကြာတော့ လက်တွေ့ လုပ်ဖြစ်သွားတယ်"ဟု ဆိုသည်။ ဒိုင်နမိုသည် ၎င်း၏ မျက်လှည့်ပညာခန်း ပြသအပြီးတွင် Pepsi Maxဘူးကို ထုတ်၍ သောက်သုံးခဲ့သည်။ ဒိုင်နမိုသည် အဆောက်အအုံ တစ်ခုတွင် တပ်ဆင်ထားသည့် မှန်ကို ဖြတ်သန်းကာ တစ်ဖက်သို့ ကူးပြခြင်း၊ သိမ်းစ်မြစ်ထဲတွင် ရေပေါ်၌ လမ်းလျှောက်ပြခြင်း စသည်တို့ အပါအဝင် ထူးခြားဆန်းပြားသော ပဉ္စလက် အတတ်ပညာခန်းများကို လက်တွေ့ ပြသခဲ့ဖူးသူ ဖြစ်သည်။

ဒိုင်နမိုက "ကျွန်တော် ခုလို လုပ်ပြတော့ လမ်းပေါ်က လူတွေ အရမ်းအံ့ဩ နေကြတယ်။ ဘတ်စ်ကားပေါ်က လူတွေရောပဲ။ ပြီးတော့ ကျွန်တော့်ကို ဝိုင်းချိန်ထားတဲ့ ကင်မရာတွေ၊ ဖုန်းတွေ အများကြီးကို တွေ့ခဲ့ရတယ်"ဟုလည်း ဆိုသည်။ ဒိုင်နမိုသည် ၎င်း၏ ရုပ်မြင်သံကြား စီးရီးဖြစ်သော #Watch #TV #show #Dynamo: #Magician #Impossible ၏ တတိယမြောက် အစီအစဉ်အတွက်လည်း ပြင်ဆင်လျှက် ရှိသည်။

"နောက်ထပ် စီးရီးသစ်မှာတော့ ပိုကောင်းတဲ့ လှည့်ကွက်လေးတွေ ထည့်ဖို့ ပြင်ဆင်ထားပါတယ်။ ကျွန်တော့် ဆန္ဒကိုက မဖြစ်နိုင်တာတွေကို လက်တွေ့ဖြစ်အောင် ဖန်တီးပြနေဖို့ပဲလေ"ဟုလည်း ဒိုင်နမိုက ပြောကြားသွားသည်။

DYNAMO

Myawady News

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...