Pages

Thursday, June 27, 2013

တစ်လတာ ကာလအတွင်း မလေးရှားမှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသူ ၅၅၀၀ ကျော်ရှိ

27.6.2013
၂၀၁၃ ခုနှစ် မေ ၂၅ ရက်မှ ဇွန် ၂၅ ရက်အထိ တစ်လတာ ကာလအတွင်း မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူ စုစုပေါင်း ၅၅၉၅ ဦးရှိပြီး၊ ထိုသူများထဲတွင် CI မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားဖြင့် ရောက်ရှိလာသူ ၅၄၁ ဦး ပါဝင်ကြောင်း လူဝင်မှု ကြီးကြပ်ရေး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မြင့်၏ ပြောကြားချက်အရ သိရပါသည်။

"မေ ၂၅ ရက်ကနေ ဇွန် ၂၅ ရက်အထိ မလေးရှားကနေ မြန်မာနိုင်ငံကို ပြန်လာသူ စုစုပေါင်း ၅၅၉၅ ဦး ရှိခဲ့ပါတယ်။ ဒီထဲမှာ CI နဲ့ ရောက်လာတာက ၅၄၁ ဦးပါ" ဟု လူဝင်မှုကြီးကြပ်ရေး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်မြင့်က ပြောကြားသည်။

၂၀၁၃ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ပထမအပတ်အတွင်း မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံသားအချို့ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ကြခြင်း ဖြစ်သည်။
ယင်းသို့ မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရန် မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင် အချို့နှင့် အလှူရှင်များက အလှူငွေများ လှူဒါန်းခဲ့ကြသည်။

မြန်မာနိုင်ငံရှိ လေကြောင်းလိုင်း တစ်ခုဖြစ်သည့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း MAI မှလည်း ကွာလာလမ်ပူ-ရန်ကုန် ခရီးစဉ်၏ လေယာဉ်လက်မှတ် ဈေးနှုန်းအား ထက်ဝက်လျှော့ချ ပေးခဲ့သည်။
Air Bagan, Asian Wings နှင့် ရွှေမြန်မာ လေကြောင်းလိုင်းများက မလေးရှားနိုင်ငံမှ ပြန်ရောက်လာသည့် မြန်မာနိုင်ငံသားများ နေရပ်သို့ ပြန်လိုပါက လေယာဉ်လက်မှတ်များအား အခမဲ့ ပို့ဆောင်ပေးခဲ့ကြောင်း မလေးရှားသို့ ရောက်နေသည့် မြန်မာအလုပ်သမား ၇ သိန်းကျော်ရှိပြီး၊ တရားဝင် မှတ်ပုံတင်ဖြင့် သွားရောက်လုပ်ကိုင်နေသူ သုံးသိန်းသုံးသောင်းကျော်ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...