ပါလီမံတွင် ဘင်္ဂလီများကို ရိုဟင်ဂျာဟု သုံးနှုံးထားပြီး ထိုင်းနိုင်ငံကို ဒုက္ခသည်အဖြစ်ခိုးဝင်ဖို့ ကြိုးစားသူ ရိုဟင်ဂျာ ၁၇ဝဝ ကို ဖမ်းဆီးပြီး ရက်ရက်စက်စက် ထိန်းသိမ်းထားတာကိုလည်း ဥရောပပါလီမန်က ပြစ်တင်ဝေဖန်လိုက်ပါတယ်။
အလားတူပဲ မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်များနဲ့ စပ်လျဉ်းပြီး မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို အကာအကွယ်ပေးဘို့ ပျက်ကွက်ခဲ့တယ်လို့ ဥရောပပါလီမန်က ကြာသာပတေးနေ့က ဝေဖန်ရှုတ်ချလိုက်ပါတယ်။
ဥရောပပါလီမန်မှာ တင်သွင်းအတည်ပြုခဲ့တဲ့ အဆိုအရ မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မွတ်စလင်တွေ လူ့အခွင့်အရေး ပြင်းပြင်းထန်ထန် ချိုးဖောက်ခံရတာတွေ အကြမ်းဖက်ခံရတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ်အတွင်း ပါလီမန်အမတ်အများအပြားနဲ့ တွေ့ဆုံခဲ့ပြီး ၎င်း ကိုယ်တိုင်ကလည်း ဘင်္ဂလီတွေ ကလေးအကန့်အသတ်မွေးနိုင်ဖို့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
RFA

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...