Pages

Thursday, June 27, 2013

ဂျပန်တွင် ဖျော်ဖြေမည့်မြန်မာအမျိုးသမီး ဆိုင်းဝိုင်း

မြန်မာနိုင်ငံယဉ်ကျေးမှု တက္ကသိုလ်မှ ကျောင်းသူများ၏ မြန်မာ့ဆိုင်းဝိုင်းတီးခတ် ဖျော်ဖြေမှုကို ဇွန်လ ၂၅ရက်နေ့တွင် ဂျပန်နိုင်ငံ၌ ပြုလုပ်မည်ဖြစ် ကြောင်းသိရသည်။ ၁ဝရက်တာ
ကြာမြင့်မည့် အဆိုပါ ခရီးစဉ် တွင် လေးပွဲဖျော်ဖြေမည်ဖြစ်ပြီး ဂျပန်လူမျိုးများအား မြန်မာဂီတ ဖြင့်
ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။" ကျောင်းက ကျောင်း သူတွေတီးတဲ့ ဆိုင်းဝိုင်းကို ဂျပန် နိုင်ငံက ရုံတွေမှာ ဖျော်ဖြေ မယ်။ အဲဒါမျိုးပွဲတွေ ဟိုဘက် နိုင်ငံတွေကတော့ ဖိတ်ဖြစ်ပါ တယ်။မြန်မာတစ်ဖွဲ့တည်း တီး မှာ။ဂျပန်ကတော့ မကြာမကြာ
ဖိတ်ပါတယ်။

အခုပွဲကတော့ ယဉ်ကျေးမှု တက္ကသိုလ်ကနေ နိုင်ငံတော်အဆင့်အနေနဲ့ လွှတ်တာပါ" ဟု ဆိုင်းဝိုင်းအဖွဲ့နှင့်အတူလိုက်ပါသွားမည့် ဂီတမှူး ဓိရာမိုရ်က ပြောသည်။အဆိုပါဖျော်ဖြေပွဲကို မြန် မာပြည်မှ အမျိုးသမီးဆိုင်းဝိုင်း အဖွဲ့ဝင်၈ဦးနှင့်အတူ အုပ်ချုပ်သူနှစ်ဦး စုစုပေါင်း၁ဝဦးပါရှိ မည်ဖြစ်ကြောင်း သိရသည်။

" ညီမတို့က ဒါပထမဆုံးပါ။ ကိုယ့်နိုင်ငံကိုယ်စားပြုအနေ နဲ့သွားရတာကို ဝမ်းသာပြီး ဂုဏ်ယူပါတယ်။ ဒီဆိုင်းပညာကို လည်း စိတ်ဝင်စားလို့ ဒီပညာကိုသင်ယူ ဖြစ်တာပါ။ ညီမတို့ ဒီပွဲအတွက် ၃လပိုင်းလောက်က တည်းက စပြီးလေ့ကျင့်ခဲ့ပါ တယ်။ဟိုမှာလည်း ဂျပန်က ဂီတတွေနဲ့ ပူးပေါင်းပြီးတီးဖို့ရှိတယ်။ ပတ္တလားတစ်ကိုယ်တော်၊ စောင်း တစ်ကိုယ်တော် ၊
စတာတွေ လည်း ဖျော်ဖြေသွားမှာပါ" ဟု အဆိုပါ အမျိုးသမီးဆိုင်းဝိုင်းမှဝိုင်း ခေါင်းဆောင် မဝင်းနန္ဒာလွင်က ပြောသည်။

ရဲရဲ - Popular Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...