Pages

Thursday, June 27, 2013

စပိန် ကစားသမား (၂)ဦးကို ဆက်တိုက် ခေါ်ယူလိုက်သည့် လီဗာပူးလ်

လီဗာပူးလ် အသင်းသည် ၎င်းတို့ ပစ်မှတ် ထားနေသည့် စပိန်သား နှစ်ဦးလုံးကို ရက်ပိုင်း အတွင်း ဆက်တိုက် ခေါ်ယူနိုင်ခဲ့ကြောင်း သိရှိရသည်။

အသက်(၂၀)အရွယ် ဆီဗီးလား တောင်ပံ တိုက်စစ် ကစားသမားလေး လူးဝစ်အယ်လ်ဘာတိုသည် တနင်္ဂနွေနေ့က အန်းဖီးလ်တွင် ကစားသမား ဘဝကို စတင်ရန် နှစ်ရှည် စာချုပ် တစ်ရပ်အား လက်မှတ် ရေးထိုး ခဲ့ပြီးနောက် ယခုအခါ ဆယ်လ်တာဗီဂို ရှေ့တန်းလူ အိုင်ဂို အက်စ်ပက်စ်နှင့်လည်း အပြောင်းအရွှေ့ ကိစ္စ သဘော တူညီမှု ရရှိခဲ့ကြောင်း သတင်းများက ဆိုသည်။ အယ်လ်ဘာတိုသည် ပြီးခဲ့သည့် ဘောလုံး ရာသီက ဘာစီလိုနာ အရန် အသင်းတွင် အငှားသွား ကစားပြီး (၃၈)ပွဲတွင် သွင်းဂိုး(၁၁)ဂိုး ရရှိကာ ဂိုးဖန်တီးမှု (၁၇)ကြိမ် ပြုလုပ်နိုင်ခဲ့သည်။

လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာက "အယ်လ်ဘာတိုက လီဗာပူးလ်ကို ရွေးခဲ့လို့ ကျွန်တော်တို့ အားလုံး ပျော်ရွှက်နေကြပါတယ်။ သူ့မှာ ဘောလုံးနဲ့ ပတ်သက်ပြီး ကောင်းမွန် မှန်ကန်တဲ့ မှတ်တမ်း တစ်ခု ရှိတယ်။ ပြီးတော့ စိတ်ဓာတ်ပိုင်း အရလည်း လီဗာပူးလ် ကစားသမား တစ်ယောက် ဖြစ်လာဖို့ လုံလောက်တဲ့ အခြေအနေ ရှိနေပါတယ်။ ကျွန်တော် သူ့ရဲ့ ပါရမီပိုင်းနဲ့ ပတ်သက်ပြီး အများကြီး မျှော်လင့်ထားပါတယ်။ ခုဆိုရင် သူဟာ စိတ်လှုပ်ရှားစရာ လူငယ် ကစားသမားလေးတွေ စုစည်းထားတဲ့ အသင်းထဲကို ပေါင်းစပ် လာပါပြီ" ဟု ပြောကြားခဲ့သည်။

အသက်(၂၀)အရွယ် ဆီဗီးလား တောင်ပံ တိုက်စစ် ကစားသမားလေး လူးဝစ်အယ်လ်ဘာတိုသည် တနင်္ဂနွေနေ့က အန်းဖီးလ်တွင် ကစားသမားဘဝကို စတင်ရန် နှစ်ရှည် စာချုပ်တစ်ရပ်အား လက်မှတ် ရေးထိုးခဲ့ပြီးနောက် ယခုအခါ ဆယ်လ်တာဗီဂို ရှေ့တန်းလူ အိုင်ဂို အက်စ်ပက်စ်နှင့်လည်း အပြောင်းအရွှေ့ကိစ္စ သဘောတူညီမှု ရရှိခဲ့...
လီဗာပူးလ်သည် ပြီးခဲ့သည့် ရာသီက စပိန် လာလီဂါတွင် (၁၂)ဂိုး သွင်းယူနိုင်ခဲ့သည့် အသက်(၂၅)နှစ်အရွယ် အက်စ်ပက်စ်ကိုလည်း စာချုပ်ရန် သဘောတူညီခဲ့သည်။ ၎င်းသည် တနင်္ဂနွေနေ့က ဆေးစစ်မှု ခံယူ ပြီးမြောက်ခဲ့ကြောင်း သိရသည်။ လီဗာပူးလ်သည် ယခုနွေရာသီ ဈေးကွက်အတွင်း စပိန်သား နှစ်ယောက်အပြင် အိုင်ဗရီကို့စ် နောက်ခံလူ ကိုလိုတိုရေးကိုလည်း မန်ချက်စတာ စီးတီးထံမှ ခေါ်ယူထားပြီး ဖြစ်သည်။

Ref: Mirror

Written by Admin Team  - Soccer Myanmar

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...