တစ်နှစ်အတွင်း ပြည်တွင်း၌ စိတ်ကြွမူးယစ်ဆေးပြား အရေအတွက် စုစုပေါင်း ၇၀၆၄၀၉၈ ကို ဖမ်းဆီးရမိ ခဲ့ကြောင်း တိုင်းဒေသကြီးများနှင့် ပြည်နယ်တို့ရှိ မူးယစ် (အထူး) ဌာနတို့မှ သိရှိရသည်။
အဆိုပါ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးပြား စုစုပေါင်း သိန်း ၇၀ ကျော်မှာ မြန်မာနိုင်ငံတစ်ဝန်း ၂၀၁၂ ခုနှစ် ဇွန် ၂၆ ရက်မှ ၂၀၁၃ ခုနှစ် ဇွန် ၂၆ ရက်ထိ ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးပြားများဖြစ်ကြောင်း မူးယစ်ဆေး ၀ါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးရေး ဗဟိုဌာနမှ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနသာင်္ရီတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ် အတွင်းတို့မှ စိတ်ကြွမူးယစ်ဆေးပြား ၈၄၂၈၇၇၊ ရှမ်းပြည်နယ် (တောင်၊
မြောက်၊ အရှေ့) နှင့် ကယားပြည်နယ်တို့မှ စိတ်ကြွမူးယစ်ဆေးပြား ၅၆ သိန်းကျော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်၊ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့်မန္တလေးတိုင်းဒေသကြီးအတွင်းတို့မှ စိတ်ကြွမူးယစ်ဆေးပြား ၆၂၁၂၂၁ ဒသမ ၅ တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးရေးဗဟိုဌာနမှ ဌာနမှူး ရဲမှူးကြီး မြင့်သိန်းက "ကျွန်တော်တို့ အနေနဲ့ မူးယစ်ဆေးဝါးနဲ့ ထိန်းချုပ်ဓာတု ပစ္စည်းတွေကို သုံးစွဲတဲ့သူတွေ၊ ရောင်း ၀ယ်ဖောက်ကား ဖြန့်ချိတဲ့သူတွေ၊ နောက်ကွယ်က ကျူးလွန်တဲ့ သူတွေကို ထိထိရောက်ရောက် ဖမ်းဆီးဖော် ထုတ်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ယခုလက်ရှိ ကာလမှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး
တွေ နဲ့ တခြားမြို့ကြီးတွေမှာ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို အလွယ်တကူ ၀ယ်ယူရရှိနေတယ်။ ဒါတွေကို ထိထိရောက်ရောက် နှိမ်နှင်းဖို့ဆိုရင် ပြည်သူတွေ သတင်းပေးတိုင်ကြားပြီးတော့ ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်" ဟု ပြောကြားခဲ့သည်။
ထို့အပြင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးဖြစ်သူရဲမှူးကြီးဝင်းထွန်းက"ဘိန်းနဲ့ဆက်စပ်မူးယစ်ဆေးဝါးရောင်းဝယ်မှု
တွေ ရဲ့ နောက်ကွယ်မှာ နယ်စပ်ဒေသတွေမှာရှိတဲ့ တရားမ၀င်ရောင်းဝယ်သူတွေနဲ့ တရားမ၀င်လက်နက် ကိုင် အဖွဲ့စည်းတွေ ပါဝင်နေပါတယ်။ လူငယ်နဲ့ လူလတ်ပိုင်း အချို့က စိတ်ကြွဆေးပြားတွေကို ရှူတယ်၊ ဘိန်းစိမ်းကို ချောင်းဆိုးပျောက်ဆေးရည် ရောစပ်ပြီးတော့ ဖေါ်မြူလာအဖြစ် အသုံးပြုနေကြပါတယ်" ဟု ပြောကြားခဲ့သည်။
eleven media group
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...