Pages

Sunday, June 30, 2013

HIV ဖြစ်ဖြစ်ချင်း ဆေးသောက်ရေး WHO ပြောကြား


ဆေး စောသောက်တဲ့နည်းနဲ့ အေအိုင်ဒီအက်စ် ကာကွယ်

WHOရဲ့ လမ်းညွှန်ချက်ထဲမှာတော့ HIV ပိုးရှိ သူတွေ အနေနဲ့ ရောဂါနုတုန်း ဆေး စသောက်တာက ပိုထိ
ရောက်နိုင်ပြီး လာမယ့် ၂၀၂၅ခုမှာ အေအိုင်ဒီအက်စ် ရောဂါသည် ပေါင်းသုံးသန်း အသက်ကယ် နိုင်မယ်
လို့ ပြောထားပါတယ်။


ဆေးသုံးမျိုးစပ်တလုံးထဲကို HIV ပိုးရှိသူတွေကို သူတို့ခုခံမှု အားကောင်းနေတဲ့အချိန်မှာ တိုက်ကြွေးမှာ ဖြစ်
ပါတယ်။ ဒီအစီအစဉ်ကို အယ်ဂျီးယား အင်ဂျင်တီးနားနဲ့ ဘရာဇီးတို့မှာ စသုံးနေပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ HIV ကူးစက်သူပေါင်း ၁၆သန်းကနေ ၂၆သန်းအထိ တိုးလာနေတဲ့အတွက် ဒီလိုဆေး
စောတိုက်တဲ့စနစ်ဟာ အဲဒီရောဂါသည်တွေအတွက် အကျိုးရှိနိုင်တဲ့ ပေါ်လစီသစ်လို့လည်း WHO ကပြော
ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အေအိုင်ဒီအက်စ် ရောဂါကုဖို့ အမေရိကန်ဒေါ်လာ သန်း၂၃၀၀လောက် ကုန်ကျနိုင်ပြီး အခု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့အစီအစဉ်အရ ၁၀ရာနှုန်းကုန်ကျ စရိတ်ပိုမြင့်လာဖို့ရှိပါတယ်။

နေ့စဉ်သောက်ရမယ့် တလုံးထဲပေါင်း ဆေးသုံးမျိုးထုတ်တဲ့ ကုမ္ပဏီကြီး ၅ ခုက တနှစ်ကို တယောက်ကိုဒေါ်
လာ ၁၂၇ ကျမယ့် အစီအစဉ် အတွက်ဈေးလျှော့ပေးဖို့လည်း ညှိနှိုင်းနေတုန်းဖြစ်ပါတယ်။

ဒီအစီအစဉ်အသစ်အရရောဂါပိုးရှိသူ အသက်၅နှစ်ကလေးများ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်တဲ့ မိခင်တွေကို
လည်း ဆေးတိုက်ကြွေးမှာဖြစ်ပါတယ်။

ဘီဘီစီမြန်မာ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...