Pages

Thursday, June 27, 2013

နယ်ပယ်စုံမှ သတင်းအချက်အလက်နှင့် နည်းပညာများအကြောင်း သိရှိနိုင်မည့် ဟောပြောပွဲ ကျင်းပမည်

နည်းပညာ၊ နိုင်ငံရေး၊ စီးပွားရေး၊ မီဒီယာ အစရှိသည့် နယ်ပယ်စုံမှ သတင်းအချက်အလက်နှင့် နည်းပညာအကြောင်း သိရှိနိုင်မည့် ဟောပြောပွဲ (One Click Impact To Myanmar) ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ပွဲစီစဉ်သူ ကိုဇော်ဇော်မျိုးလွင်က ပြောကြားသည်။ အဆိုပါ ဟောပြောပွဲကို
ဇွန်လ ၃၀ ရက် နံနက် ၉ နာရီမှ ညနေ ၅  နာရီအထိ MICT Park အတွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ “ပထမပိုင်း ဟောပြောပွဲအပြီး ညနေပိုင်းမှာ Final Discussing ကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီမှာ ထိုင်းနိုင်ငံကနေ Speaker တစ်ယောက် လာရောက် ဆွေးနွေးပြောကြားမှာ ဖြစ်ပါတယ်။ သူက Social Network Conflict နဲ့ ပတ်သက်ပြီး လေ့လာတဲ့သူပါ” ဟု ကိုဇော်ဇော်မျိုးလွင်က ပြောသည်။ အကြောင်းအရာပေါင်းစုံ မျှတအောင် ဟောပြော ဆွေးနွေးမည်ဖြစ်ပြီး အဆိုပါအစီအစဉ်ကို DVB ရုပ်သံလိုင်းမှ ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “ဒီအခမ်းအနား တက်ရောက်ခြင်းအားဖြင့် Social Media အသုံးပြုမှု၊ အွန်လိုင်း အသုံးပြုမှု၊ မီဒီယာကျင့်ဝတ်၊ နည်းပညာဆိုင်ရာ လုံခြုံရေးပိုင်း အစရှိတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အသိပညာတွေ တိုးပွားသိရှိနိုင်မှာ ဖြစ်ပါတယ်” ဟု ဆက်လက် ပြောကြားသည်။ အဆိုပါ အခမ်းအနားကို မည်သူမဆို တက်ရောက်နိုင်မည် ဖြစ်ကြောင်း သိရသည်။ ပြည်တွင်း မီဒီယာပိုင်းဆိုင်ရာမှ ပညာရှင်များ၊ Blogger များ၊ ရုပ်သံလိုင်းမှ ပညာရှင်များ၊ လူမှုရေးလုပ်ငန်း ဆောင်ရွက်နေသူများ အစရှိသည်တို့ အပါအဝင် ဟောပြော ဆွေးနွေးသူ (၈) ယောက် ဝန်းကျင်ခန့် ရှိမည်ဟု သိရကြောင်းသိရသည်။

 .. www.MyanmarExpress.net

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...