မူရင်းပုံမဟုတ်ပါ
၁၁.၆.၂၀၁၃ ရက်နေ့ ၁၅၀၅ အချိန် မင်္ဂလာတောင်ညွှန့် မြို့နယ်တရားရုံးမှ အချုပ်တရားခံ ကျား(၅)ဦး၊ မ(၅)ဦး၊ ပေါင်း (၁၀)ဦးအား တပ်ဖွဲ့ဝင်များဖြင့်အင်းစိန်အကျဉ်းထောင်သို့ပို့ရန် ယာဉ်မောင်း ရဲတပ်သား စည်သူဝင်းနိုင် မောင်းနှင်သည့် ယာဉ်အမှတ် ၁ခ/၇၇၈၇ အချုပ်ယာဉ်သည် မင်္ဂလာတောင်ညွှန့်မြို့ နယ်၊
အထက်မန္တလေးလမ်းအတိုင်း မြို့နယ်တရားရုံးဘက်မှ
အထက်မန္တလေးလမ်းအတိုင်း မြို့နယ်တရားရုံးဘက်မှ
ဒေါ်သိန်းတင်လမ်း ဘက်သို့ မောင်းနှင်လာစဉ် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်မြောက်ရပ်ကွက်၊ အထက်မန္တလေးလမ်း၊ လမ်းသွယ်(၂) အရောက်တွင် အချုပ်ယာဉ် ဘရိတ်ပေါက်ပြီး လမ်းထောင့်၌ဖုန်းရပ်ပြောနေသော မင်္ဂလာတောင်ညွှန့် မြို့နယ်နေ သူ အောင်နိုင်ဝင်း (၂၇)နှစ်၊ (ဘ)ဦးအောင်ဆန်းအား ယာဉ်၏ ယာဘက်ရှေ့ခေါင်းဘေးထောင့်နှင့် တိုက်မိပြီး ဆက်လက် ၍လမ်းဘေးတွင် ရပ်ထားသောအခြားယာဉ် (၄)စီးအား ထပ်မံတိုက်မိသဖြင့် ယာဉ်များ အနည်းငယ်ပျက်စီးပြီး ယာဉ်တိုက်ခံရသူ အောင်နိုင်ဝင်းတွင် ခါးနာကျင်ဒဏ်ရာရရှိသဖြင့် ရန်ကုန် ဆေးရုံကြီးသို့ပို့အပ်ကုသလျက်ရှိကြောင်းနှင့် အချုပ်ယာဉ်မောင်း တပ်သားစည်သူဝင်းနိုင် အား ရဲစည်းကမ်း ထန်းသိမ်းရေးဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေတို့ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိ ပါသည်။
Yangon Police
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...