Pages

Tuesday, June 11, 2013

အိအိဖြိုး နှင့် တောင်းဆိုနေသော စစ်ဗိုလ်များ သို့..



http://www.myanmarexpress.net/2013/02/nld_7633.html  တွင် အိအိဖြိုး ဓာတ်ပုံနှင့် ပိုစ့်တစ်ခု တင်ထားပါသည်။ ယင်း ပိုစ့်တွင် အိအိဖြိုးအကြောင်း တစ်ခုမှ ရေးသားထားခြင်းမရှိပါ။ အိအိဖြိုး၏ ဓာတ်ပုံ ၃ ပုံ တင်ထားပြီး နှစ်ပုံ မှာ လုံခြုံသော ပုံများ ဖြစ်၍ တစ်ပုံမှာ အပေါ်ပိုင်း မလုံခြုံသော်လည်း ဆင်ဆာ ဖြတ်ထားပါသည်။ မည်သို့မည်ပုံ စဉ်းစားတွေးတောကြသည် မသိ ယင်း ပို့စ်အား ဖျက်တ်ရန် နှင့် ဓာတ်ပုံ အားဖြုတ်ရန် တောင်းဆိုမှုများ (အထူးသဖြင့် စစ်ဗိုလ်များ) ကို တွေ့ရပြီး Comment အများအပြားကိုလည်း တွေ့ရှိရပါသည်။

ယင်းပုံများသည် ဒေါက်တာချက်ကြီး ဘလော့မှ ယူထားခြင်း ဖြစ်သော်လည်း Myanmar Express ကို သာ ထူးထူးခြားခြား လာရောက် ဖျက်ခိုင်း နေသည်ကို တွေ့ရသည့်အပြင် အိအိဖြိုးနှင့် မဆိုင်သော ပို့စ်ကို ပါ ဖျက်ခိုင်းလျှက် ရှိသောကြောင့် အိအိဖြိုးနှင့် ပတ်သက် ဆက်စပ် ကြကုန်သော စစ်ဗိုလ်များ ဖတ်ရှုနိုင်ရန် အိအိဖြိုး၏ ဒဿနများကို တင်ပေးလိုက်ပါသည်။ အိအိဖြိုးရေးသားထားသော စာပိုဒ်များမှ ရုရှားက ငနဲ တွေ မကောင်းကြောင်း၊ အစိုးရမကောင်း ကြောင်း၊ အုပ်ချုပ်မှုစနစ် မကောင်းကြောင်းများကိုလည်း ဖျက်ခိုင်းရန် မမေ့ကြပါနှင့်။ Myanmar Express သည် ၂၀၀၆ ခုနှစ်ကတည်းက Blog လုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ်ကတည်း Facebook သုံးကာ ပြည်ပရောက် အဆိုးမြင်သူများကို ဆုံးမလျှက်ရှိသဖြင့် Facebook သုံးတာ မကြာသေးခင် ကောင်မလေးများ အသံအရသာခံပြီး သမိုင်းကိုမစုံစမ်းပဲ ဆရာလုပ်ကြခြင်းကို ရှောင်ကြပါ။





အိအိဖြိုး ၏ ဓာတ်ပုံအားလုံး ကြည့်လိုပါက http://drchatgyi.blogspot.com/2013/02/blog-post_26.html တွင် ဆက်လက်ကြည့်ရှုနိုင်ပြီး ဖျက်ခိုင်းလိုက်ကြပါ။ အိအိဖြိုး၏ ရုရှားက ငနဲ များအကြောင်း နှင့် အုပ်ချုပ်သူမကောင်းကြောင်း ရေးထားမှုများကို http://www.facebook.com/ei.t.nay တွင် ဖတ်ရှုနိုင်ပါသည်။ သူမဖက်က မှန်ကန်ပါက ဖျက်ပစ်မည်မထင်ပါ။
 
FROM-MYANMAREXPRESS

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...