မြန်မာနိုင်ငံတွင် လေကြောင်းမတော်တဆ ဖြစ်ပွားမှု များပြားလာခြင်းကြောင့် လေကြောင်းဆိုင်ရာ မတော်တဆမှုများ လျော့နည်းစေရေးအတွက် လက်ရှိပျံသန်းနေသော လေယာဉ်များကို လေယာဉ်သစ်များဖြင့် အစားထိုး ပျံသန်းခြင်းနှင့် လေကြောင်းဥပဒေသစ်တစ်ရပ် ပြင်ဆင်ရေးဆွဲခြင်းကို
၂၀၁၃ ခုနှစ်မကုန်မီ အပြီး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ၁၈.၆.၂၀၁၃ ရက်က ပြောကြားသည်။ “လက်ရှိ ပြဋ္ဌာန်းထားတဲ့ ဥပဒေက ၁၉၃၄ ခုနှစ် ကိုလိုနီခေတ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတစ်ရပ်ပါ။ ဒီဥပဒေကို ပြင်ဆင်ဖို့အတွက် ဥပဒေသစ်မူကြမ်းကို လွှတ်တော်ကို တင်ထားပါတယ်။ ဒီဥပဒေသစ်ကို လွှတ်တော်က အတည်ပြုရင်တော့ ပြင်ဆင်ချက် ဥပဒေသစ်ကို ထုတ်ပြန်သွားမှာပါ။ ဥပဒေသစ်ကို ဒီနှစ်မကုန်ခင် အတွင်းမှာ အပြီးရေးဆွဲမှာပါ။ နောက်ပြီး လေယာဉ်တွေကို တင်သွင်းတဲ့နေရာမှာ ၂၀၁၂ ခုနှစ်ကတည်းက သတ်မှတ်ထားတဲ့ လေယာဉ်သက်တမ်း ၂၅ နှစ်ပြည့်ရင် ပြေးဆွဲခွင့် မပြုတော့ဘူးဆိုတာ အရင်တုန်းက တင်သွင်းထားတဲ့ လေယာဉ်တွေကိုတော့ ၂၅ နှစ်ပေါ့။ အခုနောက်ပိုင်းမှာတော့ နှစ် ၂၀ ထက် မပိုစေရလို့ သတ်မှတ်ထားတယ်။ တင်သွင်းတဲ့အခါမှာလည်း တခြားနိုင်ငံက ဝယ်တာရှိမယ်။ ငှားတာရှိရင် ရှိမှာပေါ့။ သူတို့နိုင်ငံမှာ ဘယ်နှနှစ်သုံးသုံး အားလုံးအသုံးပြုရမယ့် နှစ်က နှစ် ၂၀ လို့ သတ်မှတ်ထားတယ်” ဟု ဦးဝင်းဆွေထွန်းက ပြောကြားသည်။ ပြည်ပနိုင်ငံများမှ လေယာဉ်များ တင်သွင်းရာတွင် လေယာဉ်ကောင်းမွန်မှ မြန်မာနိုင်ငံ၏ လေယာဉ်ပျံသန်းခွင့် မှတ်ပုံတင် အမှတ်တံဆိပ် XY အမှတ်တံဆိပ် တပ်ဆင်ပေးခြင်း၊ မောင်းနှင်ရမည့်နာရီ၊ အင်ဂျင်နှင့် ပျံသန်းမှုများကို မပျံသန်းမီ စစ်ဆေးပြီး ပျံသန်း၍ ဆိုက်ရောက်ချိန်တွင် ပြန်လည်စစ်ဆေးလျက်ရှိကာ ပျံသန်းရမည့် နာရီများပါက စစ်ဆေးမှု ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...