Pages

Monday, June 24, 2013

မလေးရှားကို (၆-၀)ဂိုး အနိုင်ယူပြီး မြန်မာလူငယ် အမျိုးသမီး အသင်း တတိယ ဆုရရှိ

ဇွန်လ ၂၄ ရက် ၂၀၁၃

AFC U-14 Girls' Regional Championship 2013 အာဆီယံဇုန် နောက်ဆုံးနေ့ ပွဲစဉ်များကို ဇွန်(၂၃) ရက်နေ့ ညနေ(၄း၃၀) နာရီက ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့တွင် ကျင်းပခဲ့ရာ မြန်မာ အမျိုးသမီး ယူ-၁၄ အသင်းက မလေးရှား အမျိုးသမီး ယူ-၁၄ အသင်းကို (၆းဝ)ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိ သွားခဲ့သည်။
မြန် မာ အတွက် ပွဲချိန် ၁၄ မိနစ်နှင့် ၃၂ မိနစ်တွင် ဇူလိုင်ကျော် တစ်ဦးတည်း နှစ်ဂိုး၊ ၂၁ မိနစ်တွင် သဉ္စာချိုက တစ် ဂိုး၊ ၄၇၊ ၄၈၊ ၅၈ မိနစ် များတွင် ခိုင်သဇင်ဖူး တို့က ဟက်ထရစ် သွင်းယူပေးခဲ့ ကြခြင်းဖြစ်သည်။

မြန်မာ အမျိုးသမီး ယူ-၁၄ အသင်း အနေဖြင့် ပွဲစဉ်တစ်လျှောက် ယှဉ်ပြိုင် ကစားခဲ့ရာတွင် ပွဲဦးထွက်၌ ထိုင်းကို (၃-၂)ဂိုးဖြင့် ကပ်ရှုံးခဲ့ပြီး အိမ်ရှင် ဗီယက်နမ်ကို (၁-၀)ဂိုး၊ ကမ္ဘောဒီးယားကို (၆-၀)ဂိုး၊ မလေးရှားကို (၆-၀)ဂိုးဖြင့် အနိုင်ရရှိကာ ဖိလစ်ပိုင် နှင့် (၁-၁)ဂိုး သရေ ကျခဲ့သည်။ မြန်မာ အသင်းသည် စုစုပေါင်း ပွဲစဉ်(၅)ပွဲတွင် (၃)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံး ရမှတ်(၁၀)မှတ်ဖြင့် တတိယဆု ရရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲတွင် ထိုင်းနှင့်ဗီယက်နမ် အသင်းများမှာ ရမှတ်(၁၂)မှတ်စီ တူညီနေသော်လည်း ဂိုးကွာခြား ချက် အရ အိမ်ရှင် ဗီယက်နမ် အသင်းက အနိုင်ရ ဗိုလ်စွဲသွားခဲ့သည်။ ထို့အတူ ဗီယက်နမ် အမျိုးသမီး အသင်း၏ လူငယ်တိုက်စစ်မှူး ငုယင် သီကင်းန် က သွင်းဂိုး (၉)ဂိုးဖြင့် ဂိုးသွင်း အများဆုံးဆု အပြင် ပွဲစဉ် တစ်လျှောက် အကောင်းဆုံး ကစားသမား ဆုကိုပါ ဆွတ်ခူးရရှိ ခဲ့သည်။ ထိုင်း အသင်းမှာ ဒုတိယဆုကို လည်းကောင်း၊ မြန်မာ အသင်းမှာ တတိယ ဆုကိုလည်းကောင်း အသီးသီး ရရှိခဲ့ကြပြီး ဖိလစ်ပိုင် အသင်းက အသန့်ရှင်းဆုံး အသင်းဆု (Fair Play Award) ကို ဆွတ်ခူး နိုင်ခဲ့သည်။

Written by Okocha
Myanmar Football Federation

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...