ဇွန်လ ၂၄ ရက် ၂၀၁၃
ဖားကန့် ကျောက်စိမ်းမှော်မှ ထွက်သော ပိဿာ ၂၀/၃၀ ခန့်ရှိ တရားမ၀င် ကျောက်စိမ်းတုံး ၅၀ ခန့်အား ဆင် ၂ ကောင်ဖြင့် တင်ဆောင်၍ KIA အဖွဲ့တစ်ဖွဲ့က တောလမ်းကြောင်းအတိုင်း ဇွန် ၂၂ ရက် ညနေပိုင်း တွင် သယ်ဆောင် သွားခဲ့သည်ကို ဖားကန့်ကျောက်စိမ်းမှော်မှ လုပ်ငန်းရှင်တစ်ဦးမှ မျက်မြင်တွေ့မြင် ခဲ့ကြောင်း သိရ သည်။
အဆိုပါ ကျောက်စိမ်းတုံးများအား KIA အဖွဲ့က တောလမ်းကြောင်းအတိုင်း KIA တပ်မဟာ(၃)နေရာဟောင်း ၀ရာဘွမ်သို့ သယ်ဆောင်သွားခြင်း ဖြစ်နိုင်ကြောင်း ဖားကန့်ကျောက်စိမ်းမှော်မှ ကျင်းလုပ်သားများထံမှ သိရသည်။
“ အဲဒီ ၀ရာဘွမ် မှာ KIA ဌာနချုပ် လိုင်ဇာက စီးပွားရေးတာဝန်ခံတွေနဲ့ တရုတ်နိုင်ငံ၊ ရင်ကျန်း၊ ရွှေလီ၊ ကူမင်း မြို့တွေက ကျောက်ဝယ်မယ့် စီးပွားရေးလုပ်ငန်းရှင်တွေ အမြဲတမ်းအရောင်းအ၀ယ် လုပ်နေကြ တာပဲလေ၊ အခုလည်း အဲဒီ ၀ရာဘွမ် မှာ ကျောက်အရောင်းအ၀ယ်လုပ်ကြမှာပေါ့၊ ကျွန်တော်တို့က ဒီ ဖားကန့်မှော်မှာ အစိုးရဆီ တရားဝင် ကုမ္ပဏီလျှောက်ပြီး အခွန်ဆောင်ပြီးမှ တူးတာပါ၊ သူတို့ KIA အဖွဲ့ ကတော့ နိုင်ငံတော်ပိုင် ကျောက်စိမ်းတုံးတွေကိုတရားမ၀င်ရောင်းစား နေတာပဲလေ၊ နိုင်ငံတော်အနေနဲ ကြည့်ရင် နစ်နာတာပေါ့ဗျာ” ဟု ကျောက်လုပ်ငန်း ရှင်တစ်ဦး၏ ပြောပြချက်အရ သိရှိရ ပါသည်။
နော်တူးဇော်

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...