Pages

Saturday, June 1, 2013

ဦးနေမျိုးဝေက ဦးခင်ရွှေအား ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားမှုကို ဒဂုံမြို့နယ် တရားရုံးမှ လက်ခံစစ်ဆေး မည်

ဦးနေမျိုးဝေက ပုဒ်မ ၅၀၀ ဖြင့် တရားစွဲထားသော ဇေကမ္ဘာဦးခင်ရွှေအား ဒဂုံမြို့နယ် တရားရုံးမှ လက်ခံ စစ်ဆေး မည်ဖြစ်ကြောင်း ဒဂုံမြို့နယ်တရားရုံးမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ဇေကမ္ဘာ ကုမ္ပဏီမှဥက္ကဋ္ဌ ဒေါက်တာခင်ရွှေမှ လယ်ယာမြေ စုံစမ်း စစ်ဆေးရေး ကော်မရှင်နှင့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ဦးနေမျိုးဝေ၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် ပြောဆို ခဲ့မှုများကို ဂျာနယ်များတွင်ထည့်၍ ဖော်ပြခဲ့သဖြင့် တစ်နိုင်ငံလုံးသို့ ပျံ့နှံသွားခဲ့ကြောင်း ဦးနေ မျိုးဝေ ၏ အမှုဖွင့်ချက်အရ သိရသည်။

ထို့အတွက် ဒေါက်တာခင်ရွှေအား ဦးနေမျိုးဝေက မတ် ၂၅ ရက်က ဒဂုံမြို့နယ် တရားရုံးသို့ ဦး တိုက်ေ လျာက် ကာ တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ထိုသို့ ဦးတိုက်လျောက်ထားမှုအား ဒဂုံမြို့နယ် တရားသူကြီး ဒေါ်ခင်သန့်ဇင်မှ ဒဂုံမြို့နယ် ရဲတပ်ဖွဲ့ စခန်း မှူး ထံသို့ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၂/၁ အရ စုံစမ်းစစ်ဆေးရန် တင်ပြပေးခဲ့ပြီး စစ်ဆေးမှုအား မေ ၃၁ ရက် တွင် တရားရုံးသို့ တင်ပြခဲ့ရာ မြို့နယ်တရားသူကြီး ဒေါ်ခင်သန့်ဇင်မှ နိုင်ငံရေး လှုံ့ဆော်သည်ဟု စွပ်စွဲပြော ဆိုမှု၊ ဂုဏ်သိက္ခာ ထိပါးမှုကြောင့် ပြစ်မှုကြီးအမှတ် ၆၂/၂၀၁၃ ပြစ်မှုဆိုင်ရာ ပုဒ်မ ၅၀၀ ဖြင့် လက်ခံစစ်ဆေး သွား မည် ဖြစ်ကြောင်း သိရသည်။

''ကျွန်တော့်ကို ဦးခင်ရွှေက ပြော တယ်။ နေမျိုးဝေတို့ကို အစိုးရက အရေးယူသင့်တယ်။ အဲဒီလူတွေကို ဖမ်း ပစ် လိုက်ပြီးပြီ။ ဘာညာပြောတဲ့အတွက် တရားပြန်စွဲတာ ဖြစ်ပါတယ်။ Messenger ဂျာနယ်နဲ့ Hot News ဂျာနယ် တို့မှာ ပါတာဖြစ်ပါတယ်'' ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဥက္ကဋ္ဌနေမျိုးဝေက ဆိုသည်။

ဦးနေမျိုးဝေက ဒဂုံမြို့နယ်တရားရုံးမှ တရားစွဲဆိုထားသော ဇေကမ္ဘာဦးခင်ရွှေ အမှုအား ဇွန် ၁၀ ရက်တွင် စတင် စစ်ဆေးသွားမည် ဖြစ်သည်။

EMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...