(၁.၆.၂၀၁၃)နေ့ နံနက် (၇)နာရီမှစတင်ကာ မြစ်ကြီးနားခရိုင်၊ ၀ိုင်းမော်မြို့၌ အစိုးရနှင့် KIA တို့၏ သဘော တူ ညီ ချက် (၇)ချက်နှင့် စပ်လျဉ်း၍ ကျေနပ်ခြင်းမရှိသော ဒေသခံတိုင်းရင်းများမှ အပတ်အခတ် ရပ်စဲရေး အမြန် လက်မှတ်ထိုးပါ၊ စစ်သားစုဆောင်း ဖမ်းဆီးခံထားရသော ဒေသခံတိုင်းရင်းသားများကို ပြန်လွှတ်ပေး ပါ။ အကြောက်တရားကင်းစွာ လယ်ယာ လုပ်ကိုင်ခွင့်ပေးပါ။ စိုက်ပျိုးမြေများတွင် ထောင်ထားသော မိုင်း များ ကို ရှင်းပေး ပါ- စသော စာရွက်၊ဆိုင်းဘုတ်များကို ကောင် ဆောင်ထားပြီး ဆန္ဒထုတ်ဖေါ်သွားခဲ့ပါ တယ်။
နံနက်(၈)နာရီမှ (၁၀)နာရီအချိန်ထိ လိုင်ဇာမြို့သို့ ပြန်လည်ထွက်ခွာ သော KIA/KIO အဖွဲ့များ၏ ယဉ်တန်း များ ဆုံးသွားသည်အထိ စောင့်ဆိုင်း၍ လူအင်းအား (၁၀၀)ခန့် ဆန္ဒ ဖေါ်ထုတ် ခဲ့တယ် လို့လည်း သိရပါ တယ်။ ဆန္ဒထုတ်ဖေါ်ရခြင်းနှင့် စပ်လျဉ်း၍ ဦးဆောင်သူတစ်ဦးမှ - အပစ်အခတ်ရပ်စဲရေး လက်မှတ် မထိုးနို င်သေး လို့ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးရင် ကိုယ့်လုပ်ငန်းကို မလုပ်ကိုင်နိုင်ကြပါဘူး။ ထွက်ပြေး တိမ်းေ ရှာင်နေ ကြရဦးမယ်၊ ဒါကြောင့် တိုက်ပွဲ တွေကို အမြန်ဆုံး ရပ်ပေးစေလိုတာ။ မိမိဆန္ဒမပါပဲ စစ်သား စုဆော င်း ဖမ်းဆီးခံရပြီး နေနေရတဲ့ တိုင်းရင်းသားလူမျိုးစုတွေ ရှိတယ် - ဒါကြောင့် ဖမ်းဆီးထားသော ဒေ သခံ တိုင်းရင်းသားများကို ပြန်လွှတ်ပေးပါလို့ တောင်းဆိုတာပါ။ လက်နက်ကိုင်အဖွဲ့တွေလာရင် ဘယ်အ ဖွဲ့ပဲ လာလာ ကြောက်နေရတယ်၊ အတင်းအဓမ္မ စစ်သား စုဆောင်းခံရတယ်။ ဆက်ကြေးပေးရတယ်။
မထင်ရင်မထင်သလို အမျိုးသမီးတွေ မဖွယ်မရာ ပြုကျင့်ခံရတယ်။ ဒါကြောင့် အကြောက်တရား ကင်းစွာ လယ် ယာ လုပ်ကိုင်ခွင့်ပေးပါလို့ တောင်းဆိုတာ။ တချို့နေရာတွေမှာ မိုင်းတွေထောင်ထားတော့ ဘယ်နေ ရာ ကိုမှ ကောင်းကောင်း မသွားရဲဘူး၊ မလုပ်ကိုင်ရဲဘူး၊ ကိုယ့် လယ်ယာ ကိုင်းကျွန်းနားမှာ မိုင်းများ ရှိနေမ လား လို့ စိုးရိမ်နေရတယ်။ ဒါကြောင့် မိုင်းတွေကို ရှင်းလင်းပေးစေချင်တာပါလို့ ပြောပြပါသည်။
ukawlay
မြန်မာ့သားကောင်း
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...