Pages

Thursday, June 27, 2013

မန်စီမြို့နယ်တွင် KIA အဖွဲ့က ဒေသခံတိုင်းရင်းသားလူငယ်များကို လူသစ်အဖြစ် စုဆောင်း

ဇွန်လ ၂၇ ရက် ၂၀၁၃

ကချင်ပြည်နယ်၊ မန်စီမြို့နယ် ဘာဖန်ကျေးရွာသို့ ဇွန်လ ၂၅ ရက်နေ့ ညနေ ၄ နာရီခန့်တွင် KIA အဖွဲ့ တစ် ဖွဲ့ ရောက်ရှိ လာပြီး ၎င်းအဖွဲ့နှင့်အတူ လူသစ် အဖြစ် ဖမ်းဆီးခေါ်ဆောင်လာသော ဒေသခံလူငယ် ၇ ဦး လည်း ပါရှိကြောင်း အာဖန် ကျေးရွာသားတစ်ဦးက မျက်မြင်တွေ့ရှိခဲ့မှုအား ပြောပြသည်။

မန်စီမြို့ခံတစ်ဦးက “ ဒီ မန်စီမြို့နယ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်က လာပြီး လူသစ်စုတာ ရိုးနေပါပြီ၊ လူငယ် တွေကို အဓိကထားပြီး ခေါ်နေတာ၊ လူသစ်စုဆောင်းတယ်လို့ ပြောတာထက် အတင်းအဓမ္မခေါ်သွား တာက ပိုများပါတယ်၊ အချို့ လူငယ်တွေဆိုရင် ကျောင်းတက်နေကြတာ၊ တက္ကသိုလ် တက်နေတဲ့ လူ ငယ်တွေလည်း ရှိတယ်၊ အချို့က ချက်ကျောင်းမှာ သင်းအုပ် ဆရာလုပ်ဖို့ ကျမ်းစာတွေ သင်နေကြတာ၊ အဲဒီလို လူသစ်စုဆောင်း သွား တော့ လူငယ်တွေရဲ့ အနာဂတ်က မရေရာမသေချာတော့ဘူးလေ၊ ဒါ့ကြောင့် ဒီမြို့နယ်ထဲမှာ လူငယ်တွေကို မိဘတွေက မထားရဲတော့ဘဲ မြစ်ကြီးနားကို သွားပို့ထားရတော့တယ် ” ဟု ပြောပြသွားသည်။

မန်စီမြို့နယ်တွင် KIA ရင်း(၁၂) အနေဖြင့် နန့်လင်ပါ ကျေးရွာ၌ အခြေပြု လူသစ်စုဆောင်းလျက်ရှိပြီး ဘာဖန် ကျေးရွာသို့ ရောက်ရှိလာသော KIA အဖွဲ့သည် လူသစ်(၇)ဦးအား ၎င်းနေရာသို့ သွားရောက် ပို့ဆောင်ပေးရန် ဇွန် ၂၆ ရက် မနက်ပိုင်းတွင် ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း သိရှိရပါသည်။

နော်တူးဇော်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...