Pages

Thursday, June 27, 2013

လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရေးမှသည် ငြိမ်းချမ်းရေးသို့

ဇွန်လ ၂၇ ရက် ၂၀၁၃

တောင်ဥက္ကလာပမြို့နယ်မှာ ငြိမ်းချမ်းရေးကို လိုလားတဲ့ လူငယ်တွေ ဦးစီးကျင်းပမယ့် လူမျိုးပေါင်းစုံ အတူ ယှဉ်တွဲ နေထိုင်ရေးမှသည် ငြိမ်းချမ်းရေး ဆီသို့ ဆိုတဲ့ ဟောပြောပွဲ တခုကို လာမယ့် ဇွန်လ ၂၉ ရက်နေ့ စနေနေ့မှာ ပြုလုပ်ဖို့ ရှိပါတယ်။

အဲဒီ ဟောပြောပွဲကို ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ တက္ကသိုလ် က Ph.d ဘွဲ့ရ ဦးပဏ္ဏ၀ံသ၊ ရန်ကုန် သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်မှ M.A ( Srilanka) ဘွဲ့ရ သီတဂူ အရှင် တိက္ခသာရ၊ ရန်ကုန် ကက်သ လစ် ဂိုဏ်းချုပ်ကျောင်းမှာ သိက္ခာတော်ရ ဂျော့ခ်ျ ရွှေထွန်း၊ ကာဒရီယာ အလီယာ အစ္စလာမ် ဓမ္မ ဗိမ္မန်မှ အယ်ဟဂျပ်ခလီဖွာ ဦးအေးလွင်၊ မဟာပဏ္ဍိတ ဂုရု ( အိန္ဒိယ) ၊ မဟာ သိဒ္ဓိတင် စရီ ဦးအောင်မြင့်၊ Peace & Religion မှ မုဖ်သီနူးရ် မိုဟမ္မဒ် တို့က ဟောပြောကြမှာ ဖြစ်ပါတယ်။

အဆိုပါ ဟောပြောပွဲကို တောင်ဥက္ကလာပမြို့နယ်၇ရပ်ကွက်၊သီရိဇေယျာလမ်းရှိသီရိဇေယျာခန်းမမှာ   နေ့လယ် ၁ နာရီက ညနေ ၄ နာရီခွဲအထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး လိုလားသူများနဲ့ စိတ်ပါဝင်စားသူများ တက်ရောက်နိုင်တယ်လို့ သိရပါတယ်။

ဧရာဝတီBlog

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...