Pages

Thursday, June 27, 2013

အင်ဂျင်နီယာ ကျောင်းသားများ အစိုးရဌာန လုပ်ငန်းကြီးများ ကုမ္ပဏီများတွင် အလုပ်သင် အင်ဂျင်နီယာအဖြစ် မကြာမီ စတင်လုပ်ကိုင်ခွင့် ရမည်

ဇွန်လ ၂၇ ရက် ၂၀၁၃

နည်းပညာတက္ကသိုလ်များမှ နောက်ဆုံးနှစ်အင်ဂျင်နီယာသင်တန်းတက်ရောက်နေသည့်အင်ဂျင်နီယာ   ကျောင်းသားများကို နည်းပညာ တက္ကသိုလ်များမှ ရွေးချယ်ပေးစေပြီး မြန်မာနိုင်ငံ အင်ဂျင်နီယာ အ သင်းနှင့် ဆက်စပ်သော အစိုးရဌာနကြီးများ၊ အင်ဂျင်နီယာလုပ်ငန်း လုပ်ကိုင်နေသော ကုမ္ပဏီများတွင် အလုပ်သင် အင်ဂျင်နီယာအဖြစ် မကြာမီ လုပ်ကိုင်ခွင့် ရရှိတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ သိရှိရသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (MES) တွင် ကျင်းပခဲ့သည့် Youth Development Forum တွင် လူငယ် များမှ ဖော်ထုတ်တင်ပြခဲ့သည့် လိုလားချက် အချို့ကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အနေဖြင့် စတင် အကောင်အထည်ဖော်ရန် စီစဉ်နေပြီ ဖြစ်ကြောင်းလည်း သိရှိရသည်။

"MES မှာ ကျင်းပခဲ့တဲ့ Youth Development Forum မှာ လူငယ်တွေ တင်ပြခဲ့တာတွေထဲက တချို့အ ချက်တွေကို စတင်အကောင်အထည်ဖော်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ နည်းပညာ တက္ကသိုလ်တွေ မှာ နောက်ဆုံးနှစ် တက်ရောက်နေပြီး မကြာခင်မှာ အင်ဂျင်နီယာဘွဲ့ ရတော့မယ့် ကျောင်းသားကျောင်း သူတွေကို ကျောင်းကရွေးပြီး အင်ဂျင်နီယာ အသင်းနဲ့ ဆက်စပ်တဲ့ အစိုးရဌာနတွေ၊ ကုမ္ပဏီတွေမှာ အလုပ် သင် အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခွင့် ရရှိဖို့ စီစဉ်နေပါတယ်။ လတ်တလောမှာတော့ လူဦးရေ ကန့်သတ် ထားဦးမှာ ဖြစ်ပါတယ်" ဟုလည်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့ သည်။

လတ်တလောတွင် လူဦးရေ ကန့်သတ်ထားသော်လည်း မျိုးဆက်သစ် အင်ဂျင်နီယာများ အားလုံးအ တွက် ဆောင် ရွက်ပေးရန် ရည်ရွယ်ထားကြောင်းနှင့် ရန်ကုန်မြို့ရှိ နည်းပညာ တက္ကသိုလ် ကျောင်းများ မှ ကျောင်းသားကျောင်းသူများအတွက် စတင်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်းလည်း သိရ သည်။

ထို့ပြင် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး အင်ဂျင်နီယာ ကျောင်းများသို့ တက်ရောက်လိုသည့် ကျောင်း သားကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများကို မြန်မာအင်ဂျင်နီယာ အသင်း၌ ခေါ်ယူတွေ့ဆုံကာ အင်ဂျင် နီယာ ဘာသာရပ် ရွေးချယ်မှု အကြောင်းနှင့် အင်ဂျင်နီယာ ဖြစ်လိုသည့် လူငယ်များ သိသင့်သိထိုက် သည် များကို အင်ဂျင်နီယာကြီးများ၊ ပါမောက္ခကြီးများမှ ဟောပြောလမ်းညွှန်မှု အစီအစဉ်များကိုလည်း မြန်မာနိုင် ငံ အင်ဂျင်နီယာ အသင်း၌ ပြုလုပ်သွားမည် ဖြစ်သည်။

Eleven

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...