Pages

Thursday, June 27, 2013

တရားမ၀င်ရွှေမှော်များတွင် KIA အဖွဲ့ကြား မယုံကြည်မှုကြောင့် ဆက်ကြေး တိုးမြှင့်ကောက်ခံ

ဇွန်လ ၂၇ ရက် ၂၀၁၃

ကချင်ပြည်နယ်၊ မိုးကောင်းတလျှောက်တွင် တရားမ၀င်ရွှေတူးဖော် လုပ်ကိုင် လျက်ရှိသော ရွှေမှော်များမှ စက်ပိုင်ရှင်အချို့ အား ၀ါရာဇွတ်တိုက်နယ်ရုံးက ၂၀၁၃ ဇွန်လ ၂၅ ရက် နေ့လည် ၂ နာရီခန့်က ခေါ်ယူ တွေ့ ဆုံပြီး ဆက်ကြေး ငွေများ တိုးမြှင့်ကောက်ခံခဲ့ကြောင်း ရွှေမှော်လုပ်ငန်းရှင်များက ဆိုပါသည်။

အဆိုပါ ၀ါရာဇွတ်တိုက်နယ်ရုံးမှ KIA ခေါင်းဆောင်တစ်ဦးက ရွှေစက်ဆိုင်း လုပ်ငန်း လုပ်ကိုင်မှုပေါ်မူတည် ပြီး ဆက်ကြေး ငွေများ လစဉ်ပုံမှန် ပေးသွင်းရန်၊ အဆင်မပြေသော စက်ဆိုင်းပိုင်ရှင်များအား အခွန်အခ ဆက်ကြေး ငွေအား နားလည် လျှော့ပေါ့ကောက်ခံလိုသော်လည်း တပ်မဟာ(၂)၊ KIO အနောက်ပိုင်း တိုင်း စီးပွားရေးဌာနမှ လက်သင့်မခံဘဲ အထင်အမြင် လွဲမှားမှုများရှိနေကြောင်း၊ စီးပွားရေးတာဝန်ခံများကိုလည်း မကြာခဏ ချိန်းပြောင်း နေကြောင်း၊ ရွှေမှော်များသို့ ဒေသ ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများလာရောက်  ဖမ်းဆီးနိုင်မှု မရှိစေရေး အတွက် KIA အဖွဲ့ကအပြည့်အ၀ကာကွယ် ပေးသွားမှာ ဖြစ်ကြောင်း၊ဆက်ကြေးငွေ အား ယခင်ထက် ၂ ဆ တိုးမြှင့်ကောက်ခံရမည်ဟု KIO/KIA ဌာနချုပ်က ညွှန်ကြားထားကြောင်း ပြောဆိုခဲ့ သည်ဟု ရွှေစက်ဆိုင်း လုပ်ငန်းရှင်များထံမှ သိရသည်။

မိုးကောင်းချောင်းတလျှောက်တွင် တရားမ၀င်ရွှေတူးဖော်လုပ်ကိုင်နေသော ရွှေမှော်များမှာ (၇)ခုခန့်ရှိပြီး ဇွန်ပထမပတ်မှစ၍စက်ဆိုင်းများဖြင့်တူးဖော်နေခြင်းဖြစ်ကြောင်း၊ယခင်ကောက်ထားသောလစဉ်ဆက်ကြေး မှာ စက်ဆိုင်း ၁ ဆိုင်းလျှင် ၁ သိန်းပေးနေရာမှ ဇွန်လကုန်မှစ၍ ၁ ဆိုင်းလျှင် ၂ သိန်း ပေးရမည်ဖြစ်ကြောင်း သိရှိရပါသည်။

နော်တူးဇော်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...