မုံရွာမြို့ပေါ်ရှိ မီးပွိုင့်ကြီးများတွင် လမ်းဖြတ်ကူးရန် စောင့်ဆိုင်းလျက် ရှိကြသော ဆိုင်ကယ် စီးနင်းသူများကို လေ့လာမည် ဆိုပါက ဆိုင်ကယ် စီးနင်းသူ ဆယ်ဦးခန့်တွင် တစ်ဦးသာ
ဦးထုပ်ဆောင်း၍ မောင်းနှင် သွားလာနေသည်ကို တွေ့မြင်ရကြောင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လေ့လာ စောင့်ကြည့်ရေး အဖွဲ့ဝင် ဦးစိုးမိုးထွန်းက ပြောကြားခဲ့သည်။ ''
ကျောင်းဖွင့်ရာ သီ ရောက်ပြီဆိုတော့ ယာဉ်သွားယာဉ်လာက ခါတိုင်းထက် ပိုပြီးများလာတယ်။ ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းတဲ့ သူအရေအတွက်က အလွန်နည်းသေးတာကြောင့် ယာဉ်မတော် တဆမှု ဖြစ်ပွားမှာကို ပူပန်ရပါတယ်''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ မုံရွာမြို့ကြီးသည် ယခင်က စက်ဘီးမြို့တော်ဟု တင်စား ခေါ်ဝေါ်ခဲ့ကြသော်လည်း ယခုအခါ ခေတ်မီဖွံ့ဖြိုး လာသည်နှင့်အမျှ ဆိုင်ကယ် သုံးစွဲသူ အရေအတွက် များပြားလာပြီး စက်ဘီးစီးနင်းသူ အရေအတွက် လျော့နည်းလာသည်ကို တွေ့မြင်ကြရသည်။ နေ့စဉ် ဈေးရောင်းဈေးဝယ် လာသူများနှင့် ကျောင်း သွား ကျောင်းပြန်များကြောင့် ယာဉ်များ သွားလာ ရှုပ်ထွေးလျက်ရှိရာ ဆိုင်ကယ်စီးနင်းသူ ဆယ်ဦးခန့်တွင် တစ်ဦးသာ ဦးထုပ်ဆောင်း၍ မောင်းနှင် သွားလာနေသည် ကို တွေ့မြင်နိုင်သည်။ ''မြို့ပေါ်မှာ မီးပွိုင့်ကြီး ငါးခုရှိပါတယ်။ မီးပွိုင့်တိုင်းမှာ လမ်းဖြတ်ယာဉ်ရပ်နားစဉ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး ပညာပေး ဟောပြော မှုတွေ ဆောင်ရွက်နေပါတယ်။ အထူးသဖြင့် မြို့ပေါ် လူငယ်အများစုနဲ့ နယ်ကလာသူ အများစုမှာ စည်းကမ်း လိုက်နာမှု အားနည်းနေတာကို တွေ့မြင်နေရပါတယ်'' ဟု ကျောက္ကာ လမ်းမီးပွိုင့် တာဝန်ကျ ယာဉ်ထိန်းရဲအရာရှိ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
MWD
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...